ဒီစာကိုဖတ်ရင် သဘောကျသွားလောက်မယ်ထင်ပါရဲ့...

ဘော်ဒါတွေနဲ့ဆုံတိုင်း နည်းနည်းပါးပါး သောက်တတ်သူတွေရှိလား? အထူးသဖြင့် သောကြာညနေလိုမျိုးမှာ TGIF ကြတဲ့အခါ တချို့က နည်းနည်းလောက် မော့ကြတယ်။ ဝိတ်ကျချင်တဲ့ အသောက်သမားတွေအတွက် သတင်းတစ်ခုကြားတာကတော့ တကီလာ (Tequila)အရက်ဟာ ဝိတ်ကျစေဖို့ ကူညီပေးနိုင်တယ်ဆိုပဲ။

 

American Chemical Society အဖွဲ့က ပြုလုပ်ခဲ့တဲ့ သုတေသနပြုလေ့လာမှုမှာတော့ တကီလာအရက်ဟာ သွေးထဲက သကြားပမာဏကို သက်ရောက်မှုဖြစ်စေကြောင်း တွေ့ခဲ့ရပါတယ်။ တကီလာကိုပြုလုပ်ရာမှာ အသုံးပြုတဲ့ agave အပင်မှာ agavins လို့ခေါ်တဲ့ သကြားဓာတ်တစ်မျိုးပါဝင်ပါတယ်။ ယင်းသကြားဓာတ်က ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်ကို လျော့ကျသွားစေတာပါ။

 

သုတေသီတွေဟာ ဒီစမ်းသပ်မှုကို ကြွက်တွေကိုအသုံးပြုပြီးနောက် ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ Agave ပါဝင်တဲ့ရေကို တိုက်ကျွေးပြီးကြည့်တဲ့အခါ ကြွက်တွေဟာ အစာအစားချင်စိတ်လျော့နည်းသွားတာ တွေ့ရပါတယ်။ Agave ကြောင့် ခန္ဓာကိုယ်ထဲမှာ GLP-1 လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိလာလို့ အစာစားချင်စိတ်လျော့သွားရတာပါ။ ဒီဟော်မုန်းက အစာအိမ်ထဲမှာပြည့်နေတယ် (ဗိုက်ပြည့်တယ်)လို့ အချိန်ကြာကြာခံစားမိစေတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။

 

တကီလာကို agave လို့ခေါ်တဲ့ ကန္တာရပိုင်းမှာပေါက်တဲ့ ဆူးခြုံပင်တစ်မျိုးကနေ အဓိကပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကီလာသောက်ခြင်းဟာ လူကိုဝိတ်ကျစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆရတာပါ။ အသောက်သမားတွေကတော့ ဒီစာကိုဖတ်ရင် သဘောကျလေမလားပဲ။

Source : Cosmo

Share

Loading Next Article...
က္က