ဒစ္စနေက ရဲတိုက်ကြီးမှာ ထွန်းထားတဲ့မီးရောင်တွေလို လှပနေတာ...
 

လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွေထဲမှာ အင်စတာဂရမ်ဆိုတာလည်း နာမည်အကြီးဆုံး၊ လူသုံးအများဆုံးတွေထဲက တစ်ခုအပါအဝင်ပေါ့။ ဓာတ်ပုံတွေ မျှဝေဖို့ အဓိကသုံးကြတဲ့အခါ ဆယ်လီတွေရော၊ ဆယ်လီမဟုတ်သူတွေပါ သဘောကျကြတယ်။

 

အင်စတာဂရမ်ပေါ်မှာ လတ်တလော အလွှမ်းမိုးထားဆုံး စားစရာပုံရိပ်တွေကတော့ ဒစ္စနေရဲ့ အာတာပူစီ (ငှက်သိုက်မုန့်)ပုံရိပ်တွေ ဖြစ်ပါတယ်။

 

Disneyland ရဲ့ World of Color ရှိုးပွဲမှာ ရောင်းချနေတာဖြစ်ပါတယ်။ ငှက်သိုက်မုန့်ဆိုတာ နဂိုတည်းက ချစ်ဖို့ကောင်းပြီးသား။ အနံ့လေးကမွှေး၊ အရသာချိုချိုလေးနဲ့ စားရမှာတောင် နှမျောမိတဲ့မုန့်မျိုးလေ။ ဒါကိုမှ မီးရောင်လေးတွေ တလက်လက်တောက်နေအောင် လုပ်ထားတော့ လူတွေစိတ်ကို ပျော်ရွှင်မြူးတူးသွားစေတယ်။

ဒစ္စနေငှက်သိုက်မုန့်လေးတွေဟာ ပန်းရောင်၊ အပြာရောင်၊ ခရမ်းရောင် စသဖြင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကြပါတယ်။ မှော်နှင်တံလေးပေါ်မှာ ငှက်သိုက်မုန့်ကို တင်ထားတာပြီး နီယွန်မီးရောင်လေးတွေက ညမှာ လင်းလက်နေတာပါ။ ဒီမှာလာရောင်းမယ်ဆိုလည်း ကြိတ်ကြိတ်တိုး ရောင်းရမှာ သေချာတယ်။

Source : Seventeen


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က