ချွေတာလွန်းရင် ပျော်စရာမကောင်းတော့ဘူး။

ခရီးထွက်တယ်ဆိုတာ အပန်းဖြေဖို့အတွက်ပဲ ဖြစ်သင့်တယ်။ စိတ်ဖိစီးမှုတွေ ဖြစ်လာတာမျိုး မဖြစ်သင့်ဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်ဖို့အတွက် သုံးသင့်တဲ့နေရာမှာလည်း သုံးရမယ်။ ချွေတာလွန်းရင် ပျော်စရာမကောင်းတော့ဘူး။

 

၁။ ခရီးဆောင်အိတ်

ကိုယ့်ရဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို လုံလုံခြုံခြုံနဲ့ သယ်ဆောင်သွားနိုင်ဖို့ အိတ်ကောင်းကောင်းလိုတယ်။ ရာသီဥတုနဲ့ ခရီးဒဏ်ကို ခံနိုင်မယ့် အိတ်တစ်လုံးဖြစ်ဖို့တော့ အရေးကြီးတယ်။

၂။ သက်တောင့်သက်သာဖြစ်စေမယ့်ဖိနပ်

ခရီးစဉ်အလိုက် စီးရမယ့်ဖိနပ် အမျိုးမျိုးရှိတယ်။ လမ်းလျှောက်ရမယ့်ခရီးတွေ၊ တောင်တက်ခရီးတွေမှာ ဖိနပ်က အရမ်းစကားပြောတယ်။ ကွာလတီမကောင်းတဲ့ဖိနပ်၊ ရေမြေအနေအထားနဲ့ မလိုက်ဖက်တဲ့ဖိနပ်ကြောင့် ခရီးလည်းမတွင်ဘူး၊ ခြေထောက်လည်းနာတယ်။ နေရာအလိုက် စီးသင့်တဲ့ဖိနပ်ကိုသာ စီးသွားပါ။

 

၃။ လုံခြုံမှု

တစ်နေရာကနေ တစ်နေရာကို ကူးပြောင်းသွားလာတဲ့အခါ ကိုယ့်ရဲ့လုံခြုံရေးကလည်း အရေးကြီးတယ်။ ငွေကြေးအကုန်အကျ နည်းပါးပေမဲ့ ကိုယ့်အတွက် အန္တရာယ်များလွန်းနေရင် ခရီးစဉ်က ပျော်ဖို့မကောင်းတော့ဘူး။

၄။ မမေ့နိုင်တဲ့အတွေ့အကြုံတွေ

ဒီခရီးစဉ်မှာမှ ရနိုင်မယ့် အတွေ့အကြုံတွေ... တခြားမှာ မရနိုင်ဘူး။ ဥပမာ cable care စီးတာမျိုး၊ ဒေသအစားအစာ မြည်းစမ်းတာမျိုးတွေက မနှမျောသင့်တဲ့အရာတွေနော်။

 

၅။ ကျန်းမာရေးအသုံးအဆောင်

ခြင်ပေါတဲ့နေရာကိုသွားရမယ်ဆိုရင် ခြင်မကိုက်တဲ့လူးဆေး၊ စတစ်ကာနဲ့ အခြားသောဆေးဝါးတွေလည်း ဆောင်သွားဖို့လိုတာပေါ့။ ကာကွယ်ဆေးတွေထိုးသင့်ရင် ထိုးသွား။ လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်သွားဖို့လည်း မနှမျောနဲ့။ မပျင်းနဲ့။

Source : Time

Share

Loading Next Article...
က္က