အရသာလည်းရှိ၊ လုပ်ရတာလည်းလွယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့သီးစုံသုပ် (Fruit Salad) လုပ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။


Fruit Salad (သီးစုံသုပ်) ကို အရသာလည်းရှိပြီး လုပ်ရလည်းလွယ်ကူတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ သားရေစာအဖြစ်စားသုံးနိုင်သလို ဝိတ်ချနေတဲ့သူတွေလည်း ညစာအဖြစ်စားသုံးနိုင်ပါတယ်။ သီးစုံသုပ်လုပ်နည်းတွေကတော့အများကြီးရှိပါတယ်။ အဲဒီထထဲကမှ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့သီးစုံသုပ်လုပ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။





၁။ ပျားသံပုုရာ သက်တန့်ရောင်သီးစုံသုပ် (Honey and Lime Rainbow Fruit Salad)


ဒီသီးစုံသုပ်လေးရဲ့ အဓိကလှည့်ကွက်ကတော့ ပျားရည်နဲ့သံပရိုသီးပါပဲ။ မိမိကြိုက်နှစ်သက်ရာ အသီး (၃) (၄) မျိုးကို မိမိကြိုက်နှစ်သက်ရာအရွယ်အစားဖြစ်အောင် စိတ်ပိုင်းလိုက်ပါ။ ပြီးရင် ပန်းကန်တစ်လုံးထဲ ထည့်ပြီး ပျားရည်နည်းနည်း၊ သံပရိုသီးတစ်ခြမ်းလောက်ကိုအရည်ညှစ်ထားတာနည်းနည်းရောလိုက်ပါ။ ပြီးရင်သမအောင်ရောမွှေလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့လတ်ဆတ်တဲ့ သီးစုံသုပ်တစ်ပွဲကို ရရှိပါပြီ။




၂။ အပူပိုင်းဒေသ သီးစုံသုပ် (Tropical Fruit Salad)

Tropical Fruit Salad ကတော့ လူသိများပြီးသား သီးစုံသုပ်တစ်မျိုးဖြစ်ပါတယ်။ အသင့်လှီးပြီးသား သစ်သီးအစုံကို အထူးပြုလုပ်ထားတဲ့ရောစပ်ပစ္စည်းအနည်းငယ်ရောလိုက်တာနဲ့ အရသာရှိတဲ့ အပူပိုင်းဒေသ သီးစုံသုပ် (Tropical Fruit Salad) လေးကိုရပါပြီ။ လုပ်နည်းအဆင့်ဆင့်ကိုတော့ Video မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်နော်။

 





၃။ ဘယ်ရီသီး ချိစ်ကိတ်အရောသုပ် (Very Berry Cheesecake Salad)



သီးစုံသုပ်တွေက စားလို့ကောင်းတယ်နော်။ ဟုတ်ပြီ... ဒါဆိုရင် ချိစ် နည်းနည်းရောကြည့်လိုက်မယ်ဆိုရင်ကော??? အရသာရှိတဲ့ ဒီသီးစုံသုပ်မှာ ဘယ်ရီသီးအစုံနဲ့ချိစ်ရဲ့ဆိမ့်တိမ့်တိမ့်အရသာကိုရောယှက်ထားပြီး စမ်းစားကြည့်လိုက်တာနဲ့စွဲမက်ဖွယ်အရသာကိုတွေ့ရှိရမှာပါ။ ချိစ်အနှစ်နည်းနည်းနဲ့သကြားကိုရောပြီး ခလောက်လိုက်ပါ။ ပြီးရင်မိမိတို့နှစ်သက်ရာ ဘယ်ရီသီးတွေနဲ့ရောလိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ဘယ်ရီသီး ချိစ် အရောသုပ်လေးကိုရပါပြီ။





၄။ ဘယ်ရီသီးနဲ့ဖရဲသီး သီးစုံသုပ် (Berry and Watermelon Fruit Salad)



ဘယ်ရီသီးနဲ့ဖရဲသီးလိုအရည်ရွှမ်းတဲ့သစ်သီးတွေဟာ သီးစုံသုပ်လုပ်လို့အကောင်းဆုံး အသီးတွေပါပဲ။ လုပ်နည်းကလည်း အရမ်းလွယ်ပါတယ်။ ဘယ်ရီသီးနည်းနည်းနဲ့ ဖရဲသီးတစ်ခြမ်းလောက်ကို အတုံးသေးသေးလေး တွေဖြစ်အောင်စိတ်ပြီး သံပရိုသီးတစ်ခြမ်းလောက်ညှစ်ထည့်ပေးလိုက်ရင် အရသာရှိတဲ့ ဘယ်ရီသီးနဲ့ဖရဲသီး သီးစုံသုပ်လေးကိုရပါပြီနော်။





၅။ ခရင်မ်များများနဲ့ သီးစုံသုပ် (Creamy Fruit Salad)



ဒီသီးစုံသုပ်လေးကတော့ အသားကင်ညစာစားပွဲမှာ အချိုပွဲအနေနဲ့တွဲဖက်စားသုံးဖို့အသင့်တော်ဆုံး သီးစုံသုပ်လေးပါပဲ။ သစ်သီးစုံရဲ့အရသာမှာ ခရင်မ်ရောထားတဲ့ပေါင်းစပ်မှုက အသားကင်စားလို့အီနေတဲ့ အစာအိမ်ကို အကောင်းဆုံးသက်သာရာရစေမှာပါ။







Source: Lifeasmama

Share

Loading Next Article...
က္က