ကော့တေးလ်တွေသောက်ရတာ ကယ်လိုရီတက်ပါတယ်။ ကော့တေးလ်အစား မော့ခ်တေးလ် သောက်ကြမယ်လေ။


TGIF ကိုရောက်လို့လာပြန်ပါပြီ။ TGIF မှာဘားသွားပြီး ကော့တေးလ်ခွက်လေးကိုင်၊ အပေါင်းအသင်းရောင်းရင်းတွေနဲ့ တစ်ပတ်လုံးစာ အဆင်မပြေမှုတွေ၊ အဆင်ပြေမှုတွေအကြောင်း လေထန်ရတာ ကောင်းပါတယ်။ ဒါပေမယ့် (၂) ခါပြန်စဉ်းစားကြည့်ပါဦး။ ပျမ်းမျှအားဖြင့် ကော့တေးလ်တစ်ခွက်မှာ (၂၀၀) ကယ်လိုရီလောက်ပါဝင်ပါတယ်။ နောက်ပြီး သေချာတာတစ်ခုကတော့ ဘားမှာထိုင်သောက်ဖြစ်ရင် ကော့တေးလ်တစ်ခွက်လောက်နဲ့ ရပ်ဖြစ်မှာမဟုတ်တာလည်းသေချာပါတယ်။ အဲဒီလောက်များတဲ့ ကယ်လိုရီပမာဏတွေကို ပြန်လည်လောင်ကျွမ်းစေဖို့ဆိုရင် အနည်းဆုံးတစ်နာရီလောက် ပိုပြေးရပါတော့မယ်။ တန်တယ်ထင်ရင်တော့ လုပ်ပေါ့နော။ ဒီလိုမဟုတ်ဘဲ ကယ်လိုရီလည်းလျှော့ချင်တယ်။ ကော့တေးလ်ဆန်ဆန်လေးလည်းဖြစ်ချင်တယ်ဆိုရင်တော့ mocktail လေးတွေကိုရွေးချယ်သောက်သုံးတာက အကောင်းဆုံးပါပဲ။ Mocktail (မော့ခ်တေးလ်) ထဲမှာမှ အမူးအမောလည်းပြေစေ၊ စိတ်ဖိစီးမှုလည်းပြေပျောက်စေတဲ့ Mojito Mocktail ဖျော်စပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Mojito က ပူစီနံရွက်နဲ့သံပရိုသီး အဓိကပါဝင်တဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပြီး သောက်ရတာလည်းအရသာရှိပါတယ်။ Mojito ကိုစတင်ဖျော်စပ်ဖို့အရင်ဆုံး ပူစီနံရွက် အရွက် (၂၀)လောက်ရယ်၊ သံပရိုသီး (၂) စိတ်လောက်ရယ်၊ သကြား (၂)ဇွန်းလောက်ရယ်၊ ဆားအနည်းငယ်ရယ်ကို ငရုပ်ဆုံထဲထည့်လိုက်ပါ။ ပြီးရင်ငရုပ်ကျည်ပွေ့နဲ့ကြိတ်လိုက်ပါ။ (ဒီနေရာမှာ မြန်လိုဇောနဲ့ငရုပ်ကျည်ပွေ့နဲ့ထောင်းလိုက်ရင် အပြင်ကို စင်ထွက်ပြီး အရသာပျက်စေတတ်လို့ သတိထားသင့်ပါတယ်။) ပြီးရင်ရလာတဲ့ပါဝင်ပစ္စည်းအရောတွေကို ခွက် (၂)ခွက်ထဲ ခွဲထည့်လိုက်ပါ။ သံပရာရည်တစ်ဇွန်းစီလောက် ခွက်တစ်ခွက်ချင်းစီကို ထည့်လိုက်ပါဦး။ ပြီးရင် ခွက်တွေထဲကိုရေခဲ (၂)တုံးစီလောက်ထည့်လိုက်ပါ။ ပြီးရင် ခွက်တွေထဲကို ဆိုဒါနည်းနည်းလောင်းထည့်ပြီး ပိုက်တစ်ချောင်းနဲ့မွှေပေးလိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ Mojito mocktail ကိုသုံးဆောင်နိုင်ပါပြီ။





Source: Wikihow

Share

Loading Next Article...
က္က