ကော်ဖီကိုကိုယ်တိုင်ဖျော်သောက်ကြမယ်ဆိုရင် ဒါလေးတွေကိုသိထားဖို့တော့လိုတယ်နော်။


ကော်ဖီကောင်းကောင်းတစ်ခွက်ဟာ တစ်နေ့တာကိုစတင်ဖို့ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်ရုံးချိန်တွေကိုကျော်ဖြတ်ဖို့ပဲဖြစ်ဖြစ်၊ ရုံးအားရက်နေ့ခင်းနေ့လည် အိမ်မှာဇာတ်ကားလေးကြည့်ရင်း သောက်ဖို့ပဲဖြစ်ဖြစ် သင့်တော်စေတဲ့ အဖျော်ယမကာတစ်မျိုးပါ။ ကော်ဖီကိုဝယ်သောက်တာကောင်းသလို အိမ်မှာ Coffee Maker တစ်လုံးလောက်ဝယ်ပြီး မိမိနှစ်သက်ရာကော်ဖီဖျော်စပ်နည်းနဲ့ ဖျော်စပ်တာလည်းကောင်းပါတယ်။ ကော်ဖီကို ကိုယ်တိုင်ဖျော်သောက်မယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။

၁။ ဈေးကြီးပေးရလေ၊ အရည်အသွေးကောင်းလေပါပဲ

ခင်ဗျားစိုက်ပျိုးသလောက် ခင်ဗျားပြန်ရိတ်သိမ်းရမှာပါ။ ကော်ဖီကောင်းကောင်းတစ်ခွက်ဆိုတာ ရင်းနှီးမြှုပ်နှံသင့်တဲ့အရာတစ်ခုပါပဲ။ ကော်ဖီကောင်းကောင်းတစ်ခွက်ကြောင့် ပြန်ရလိုက်တဲ့ စိတ်ကြည်လင်လန်းဆန်းမှု၊ အာရုံစူးစိုက်မှုတွေက အလုပ်ကိုပိုမိုတွင်ကျယ်စေမှာပါ။ ဒါကြောင့်အပေါစားကော်ဖီမှုန့်တွေကိုဝယ်ပြီး မကောင်းတဲ့အရသာကိုတော့ သည်းခံပြီးသောက်မနေပါနဲ့။ ကော်ဖီမှုန့် ကောင်းကောင်းတစ်ဘူးလောက်ဝယ်ပြီး ကော်ဖီကောင်းကောင်းကိုပဲ အရသာခံပြီးသောက်သုံးလိုက်ပါ။



၂။ ကော်ဖီစေ့တွေကိုလေလုံအောင်ထားပါ

ကော်ဖီစေ့ဝယ်ပြီး ကိုယ်တိုင်ကြိတ်သောက်ခြင်းက ပိုမိုလတ်ဆတ်ကောင်းမွန်တဲ့ကော်ဖီအရသာကိုရရှိစေပါတယ်။ အဲဒီမှာသတိထားရမှာတစ်ခုက ကော်ဖီစေ့တွေကို လေလုံတဲ့ဖန်ပုလင်းတစ်လုံးထဲ ထည့်ပြီး ခြောက်သွေ့တဲ့နေရာမှာထားဖို့ပါပဲ။ လေဝင်သွားရင် အောက်ဆီဂျင်နဲ့ဓာတ်ပြုပြီး အရသာကိုပြောင်းလဲသွားစေတတ်ပါတယ်။

၃။ အသန့်စင်ဆုံးရေကိုသုံးပါ

အကောင်းဆုံးကော်ဖီတစ်ခွက်ကို ရဖို့အသန့်စင်ဆုံးရေကိုအသုံးပြုပါ။ ကော်ဖီဖျော်တယ်ဆိုတာ ကော်ဖီခွက်ထဲမှာထည့်လိုက်တဲ့ပါဝင်ပစ္စည်းအားလုံးက ကော်ဖီရဲ့အရသာကိုသက်ရောက်စေပါတယ်။ ပေါင်းခံရေကတော့ အကောင်းဆုံးပါပဲ။

 

၄။ မီးဖိုနဲ့နီးတဲ့နေရာမှာမထားပါနဲ့

သင့်ရဲ့ကော်ဖီမှုန့်ဘူး (သို့) ကော်ဖီစေ့ဘူးတွေကို မီးဖိုနဲ့နီးတဲ့နေရာမှာမထားပါနဲ့။ အပူက ကော်ဖီရဲ့အရသာကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်ကြောင်အိမ်လို ခြောက်သွေ့တဲ့နေရာမျိုးမှာပဲ ကော်ဖီမှုန့်ဘူး (သို့) ကော်ဖီစေ့ဘူးတွေကို သိမ်းဆည်းပါ။

၅။ ကြိုချက်ပြီးသားကော်ဖီအကျန်ကိုပြန်မနွှေးပါနဲ့

လိုတာထက်ပိုပြီး ကြိုချက်မိလို့ပိုနေတဲ့ကော်ဖီအကျန်ကို ပြန်နွှေးပြီးမသောက်သုံးပါနဲ့။ ကော်ဖီကိုပြန်နွှေးတာက အန္တရာယ်ဖြစ်စေတဲ့ဓာတုပစ္စည်းတွေထွက်လာစေတယ်ဆိုတာကတော့ တကယ်မဟုတ်ပါဘူး။ ကော်ဖီထဲမှာပါတဲ့ ကွန်ပေါင်းတွေက ကြိုချက်ပြီးမကြာခင်မှာပဲ ပြိုကွဲသွားတတ်လို့ ကော်ဖီကိုအချိန်ကြာကြာအပူပေးလေ၊ အရသာကပိုခါးလေပါပဲ။ ဒါ့ကြောင့်အကောင်းဆုံးအရသာကို လိုချင်တယ်ဆိုရင်တော့ ပြန်မနွှေးပါနဲ့။

Source: Espressoshots


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က