ငယ်ဘဝတုံးက ချောကလက်ကွတ်ကီးပြားလေး (၂) ချပ်ကြားမှာ ခရင်မ်ညှပ်ထားတဲ့ Oreo ကွတ်ကီးလေးကို မနှစ်သက်ဖူးသူရှိမယ်မထင်ပါဘူး။


ငယ်ဘဝတုံးက ချောကလက်ကွတ်ကီးပြားလေး (၂) ချပ်ကြားမှာ ခရင်မ်ညှပ်ထားတဲ့ Oreo ကွတ်ကီးလေးကို မနှစ်သက်ဖူးသူရှိမယ်မထင်ပါဘူး။ အရသာလည်းကောင်းမွန်တဲ့ Oreo ကွတ်ကီးလေးတွေကို နွားနို့နဲ့ တို့စားကြသလို ကော်ဖီနဲ့တွဲဖက်ရင်လည်းလိုက်ဖက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ Oreo ကွတ်ကီးလေးတွေကို မစ်ရှိတ်ခ် (Milkshake) လုပ်သောက်ကြမယ်လေ။ Oreo မစ်ရှိတ်ခ်လေးတွေကို ဗနီလာ ရေခဲမုန့်နဲ့လုပ်လို့ရသလို ရေခဲမုန့်မရှိရင် ငှက်ပျောသီးနဲ့လည်းလုပ်လို့ရပါတယ်။

ဗနီလာရေခဲမုန့်နဲ့ မစ်ရှိတ်ခ်လုပ်နည်း

မစ်ရှိတ်ခ်တွေ အလွယ်တကူအရည်ပျော်မသွားအောင် မစ်ရှိတ်ခ်ထည့်မယ့်ခွက်ကိုအရင်ဆုံး ရေခဲသေတ္တာအအေးခန်းထဲမှာ (၁၅) မိနစ်လောက်ထားပေးလိုက်ပါ။ ပြီးရင်ချောကလက်အနှစ် (Chocolate syrup) ကို နှစ်လက်မစာလောက် ဖန်ခွက်ထဲထည့်လိုက်ပါ။ Oreo ကွတ်ကီး (၃) (၄) ချပ်လောက်ယူပြီး ဓားတစ်လက်နဲ့ အမှုန့်လေးတွေဖြစ်အောင် လှီးလိုက်ပါ။ (ရလာတဲ့ Oreo ကွတ်ကီးမှုန့်လေးတွေကို မစ်ရှိတ်ခ်ရဲ့အပေါ်ကဖြူးပေးမှာဖြစ်ပါတယ်။) ပြီးရင် မစ်ရှိတ်ခ်လုပ်ဖို့အတွက် ဗနီလာရေခဲမုန့်ကိုဘူးထဲကခပ်ပြီး သစ်သီးဖျော်စက်ထဲကိုထည့်လိုက်ပါ။ ပြီးရင် Oreo ကွတ်ကီးလေးတွေကိုလည်းထည့်လိုက်ပါဦး။ သစ်သီးဖျော်စက်ထဲကို နွားနို့တစ်ခွက်လောက်လောင်းထည့်လိုက်ပါ။ ပါဝင်ပစ္စည်း (၃) မျိုးလုံးစုံပြီဆိုရင်တော့ သစ်သီးဖျော်စက်ခလုတ်ကို နှိပ်လိုက်ပါ။ (၁) မိနစ်ကျော်လောက်ဆိုရင် ရပါပြီ။ ရလာတဲ့ ဖျော်ရည်ကို စောနက ချောကလက်အနှစ်ထည့်ထားတဲ့ခွက်ထဲကိုလောင်းထည့်လိုက်ပါ။ ပြီးရင်အပေါ်က Oreo ကွတ်ကီးမှုန့်လေးတွေကို ဖြူးပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Oreo မစ်ရှိတ်ခ်တစ်ခွက်ကို သုံးဆောင်နိုင်ပါပြီ။

 

ငှက်ပျောသီးနဲ့ မစ်ရှိတ်ခ်လုပ်နည်း

အပေါ်မှာပြထားတဲ့နည်းလမ်းအတိုင်း ထည့်မယ့်ခွက်ကိုအရင်ဆုံးအအေးခံလိုက်ပါ။ ပြီးရင်သီးမွှေးငှက်ပျောသီးမှည့် (၂)လုံးကို တစ်လက်မအရွယ်အတုံးလေးတွေဖြစ်အောင် စိတ်ပိုင်းလိုက်ပါ။ ပြီးရင် ရလာတဲ့အတုံးလေးတွေကို ရေခဲသေတ္တာအအေးခန်းထဲမှာ တစ်နာရီလောက်ကြာအောင်အအေးခံလိုက်ပါ။ ပြီးတာနဲ့အေးခဲသွားတဲ့ငှက်ပျောသီးတုံးလေးတွေကို နွားနို့နဲ့ရောပြီး သစ်သီးဖျော်စက်ထဲမှာ ထည့်မွှေလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် oreo ကွတ်ကီးလေးတွေနဲ့ ခရင်မ်အနည်းငယ်ကိုပါထည့်ပြီးမွှေလိုက်ပါဦး။ ပြီးရင်ခွက်ထဲကိုထည့်လိုက်ပါ။ အပေါ်ကနေ ခရင်မ်နည်းနည်းထပ်အုပ်လိုက်ပြီး oreo ကွတ်ကီးမှုန့်လေးတွေဖြူးပေးလိုက်မယ်ဆိုရင် အရသာရှိတဲ့ Oreo ငှက်ပျောသီးမစ်ရှိတ်ခ်လေးကိုရပါပြီ။





Source: Wikihow

Share

Loading Next Article...
က္က