ကြုံရင် မြည်းသွားပါဦးလား....

ငရုတ်သီးစားပြီးစပ်လို့သေတယ်ဆိုတာ ပုံမှန်သေဆုံးနည်းတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ သေလောက်အောင်စပ်တဲ့ ငရုတ်သီးဆိုတာ တကယ်ပဲ ရှိနေပါတယ်။ Dragon's Breath လို့ခေါ်တဲ့ ငရုတ်သီးဟာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးဖြစ်ပါသတဲ့။

 

ယူကေရှိ Tom Smith's Plants စိုက်ပျိုးရေးခြံရဲ့ပိုင်ရှင် မိုက်ခ်စမစ်က ကမ္ဘာ့စံချိန်တင် အစပ်တကာ့အစပ်ဆုံးငရုတ်သီးကို နော့တင်ဟမ်တက္ကသိုလ်က သုတေသီတွေနဲ့အတူ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ငရုတ်သီးကို မြည်းစမ်းချင်သူတွေကို မိုက်ခ်က ထောက်ခံမပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘဝမှာနောက်ဆုံးသော အရသာမြည်းစမ်းမှု ဖြစ်သွားနိုင်တာကြောင့်လို့ ဆိုပါတယ်။

 

Dragon's Breath ရဲ့ စပ်မှုကို စံနှုန်းနဲ့ တိုင်းတာရာမှာ Scoville စကေးအရ အပူယူနစ်ပေါင်း ၂.၄၈ သန်း ရှိတယ်လို့ သိရပါတယ်။ Scoville စကေးဆိုတာက လူတွေဟာ ငရုပ်သီးကို ကိုက်မိလိုက်တဲ့အချိန်မှာ ပူစပ်မှုကြောင့် လူ့ခန္ဓာကိုယ်ထဲကထုတ်လွှတ်လိုက်တဲ့ capsaicin ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုး ဖြစ်တည်မှုကို တိုင်းတာတဲ့ယူနစ် ဖြစ်ပါတယ်။ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးအဖြစ် စံချိန်ရထားတဲ့ Carolina Reaper ငရုတ်သီးတောင် Scoville စကေးအရ ယူနစ်ပေါင်း ၁.၆ သန်းသာ ရှိပါတယ်။

 

Dragon's Breath ငရုတ်သီးရဲ့ အစပ်က အရမ်းကိုပြင်းထန်လွန်းတာကြောင့် တစ်ကိုက်ကိုက်လိုက်ရုံနဲ့ မခံမရပ်နိုင်အောင်စပ်ကာ လူကိုဒုက္ခရောက်သွားစေပါလိမ့်မယ်။

Soure : Seeker

Share

Loading Next Article...
က္က