စားသလောက်လှစေတယ်ဆိုတာ ဒါမျိုး...

မိတ်ကပ်အတွက်၊ ပေါင်းတင်ပစ္စည်းတွေ၊ အလှပြင်ပစ္စည်းတွေအတွက် ပိုက်ဆံအများကြီး သုံးကြတယ်။ အသားအရေကို ဂရုတစိုက်ထိန်းသိမ်းဖို့တော့ ပျင်းရိတယ်၊ နှမျောတယ်ဆိုရင် သိပ်မဟုတ်သေးဘူးနော်။ အသားအရေလေး စိုပြေလှပနေမယ်ဆို မိတ်ကပ်မလိမ်းရင်တောင် လှနေတာ။ မကောင်းတဲ့အသားအရေရှိနေရင် ဘယ်လောက်ဈေးကြီးတဲ့မိတ်ကပ်ဖြစ်ပါစေ ပြီးပြည့်စုံတဲ့အလှကို မရနိုင်ဘူး။ လှလည်းလှချင် အစားလည်းစားချင်တယ်ဆိုရင်တော့လတွေကိုသာ စိတ်ကြိုက်စားလိုက်ပါ။ အသားအရေကို အာဟာဖြည့်ပေးနိုင်ဆုံး အစားအစာတွေမို့လို့ပါပဲ။



 

၁။ သခွားသီး

အလှအပအတွက် ပေါင်းတင်လို့လည်းရသလို စားလို့လည်းရတဲ့ သခွားသီးက အသားအရေကို အထူးအားဖြည့်ပေးနိုင်တယ်။ ကယ်လိုရီလုံးဝမပါဘူး။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုလည်း ပြေစေတယ်။ အသားအရေကို ကြည်လင်စိုပြေစေပါတယ်။

 

၂။ Beetroot

အနီရောင်တွေစွန်းတာနဲ့ အနံ့ကိုသာ လက်ခံနိုင်မယ်ဆို သူလည်းပဲ တကယ်ကောင်းတဲ့အရာပါ။ အသားအရေကို ကြည်လင်တောက်ပစေတယ်လို့ နာမည်ကြီးတယ်။ ဗီတာမင် A နဲ့ E ပါဝင်သလို သတ္ထုဓာတ်တွေလည်း ပါဝင်လို့ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ပါကောင်းတယ်။

 

၃။ စပျစ်သီးနီ

သူကတော့ အဆိပ်အတောက်တွေကို ပြေစေပြီး ခန္ဓာကိုယ်မှာဓာတ်မတည့်မှုကိုဖြစ်စေတဲ့ histamie ဒြပ်ကို ဆန့်ကျင်ပေးနိုင်တယ်။ အသားအရေ နီရဲတာတွေကို မြန်မြန်ပျောက်စေတယ်။

 

၄။ ထောပတ်သီး

ဒီစာရင်းမှာ မပါမဖြစ် ပြောရရင်တော့ ထောပတ်သီးပေါ့။ အသားအရေကို စိုပြေနူးညံ့စေတယ်။ အသားလည်းဖြူစေတယ်။ ဒါကြောင့်မို့လို့ အလှကုန်ပစ္စည်းတွေထုတ်တိုင်း ထောပတ်သီးကိုသုံးနေကြတာပေါ့။ သုံးလို့လည်းရသလို စားရင်လည်း တကယ်ကို သိသိသာသာ ကောင်းကျိုးပေးပါတယ်။

Source : Style Craze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က