တည်းခိုခက တစ်ညကို သိန်းငါးဆယ်ကျော်.....
 

ကြီးကျယ်ခမ်းနားတဲ့ အိပ်ရာပေါ်မှာ အိပ်စက်ဖို့ စိတ်ကူးယဉ်နေသူလား? ရွှေအစစ်နဲ့ရက်လုပ်ထားတဲ့ အိပ်ရာခင်းပေါ်မှာ လဲလျောင်းချင်တယ်ဆိုရင်ဖြင့် ရွှေအိပ်ရာခင်းနဲ့အိပ်စက်လို့ရတဲ့ အဆင့်မြင့်ဇိမ်ခံဟိုတယ်တစ်လုံး ရှိပါတယ်။ အီတလီနိုင်ငံ မီလန်မြို့က Townhouse Galleria Milan မှာ ရွှေအိပ်ရာခင်းနဲ့ အိပ်ရမှာပါ။


 

၂၄ ကရတ် ရွှေသား ၄၀% ကို ပိုးချည်မျှင်နဲ့အတူ ရက်လုပ်ထားတယ်လို့ သိရပါတယ်။ ရွှေအိပ်ရာခင်းနဲ့အခန်းမှာ တည်းချင်ရင်တော့ တစ်ညကို ပေါင်စတာလင် ၄၈၀၉ (ကျပ်သိန်းငါးဆယ်ကျော်) ပေးရမတဲ့။ အတော်ကို များပြားလှတဲ့ ပမာဏပါပဲ။

[No available link text] 

အပိုင်ဝယ်သွားချင်ရင်လည်း ဟိုတယ်က ရောင်းပေးပါတယ်။ ရွှေနဲ့ရက်ထားတဲ့အိပ်ရာခင်းတစ်စုံကို ပေါင်စတာလင် ၁၇၅၁၂၈ (ကျပ်သိန်းပေါင်းထောင်ချီ) ပေးရပါလိမ့်မယ်။ အိပ်ရာခင်းတစ်စုံမှာ အိပ်ရာခင်းတစ်ထည်၊ ခေါင်းအုံးစွပ် ၄ လုံး၊ duvet အစွပ်တစ်ခု ပါဝင်ပါတယ်။ ကြွယ်ဝချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေကတော့ ဝယ်နိုင်မှာပေါ့။ စဉ်းစားမိတာ တစ်ခုကတော့ ဘယ်လိုများ လျှော်မလဲဆိုတာပါပဲ။

Source : Metro


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က