ဒီလောက်အများကြီးကို ဘယ်လိုကုန်အောင် စားရပါ့?

ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးပီဇာကို ယခင်နှစ်တုန်းက အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။ ခုတော့ အီတလီက ကမ္ဘာ့စံချိန်တင် အရှည်ဆုံးပီဇာရဲ့စံချိန်ကို အမေရိကန်သားတွေက ချိုးဖျက်ကျော်တက်လိုက်ပါပြီ။

 

ကယ်လီဖိုးနီးယားတောင်ပိုင်းက လူတစ်စုဟာ မိုင်နဲ့ချီရှည်လျားတဲ့ ပီဇာကြီးကို ပြုလုပ်ခဲ့ကြပါတယ်။ Fontana မြို့က Auto Club Speedway မှာ ပြုလုပ်ခဲ့တဲ့ ပီဇာကြီးဟာ အရှည်အားဖြင့် ပေပေါင်း ၆၃၃၃ ပေ၊ မိုင်နဲ့တွက်ရင် ၁.၃ မိုင် ရှည်လျားပါတယ်။ ကမ္ဘာ့အရှည်လျားဆုံးပီဇာကြီးကို ဂျုံမှုန့်ညက် ပေါင် ၈၀၀၀၊ ဆော့စ် ပေါင် ၅၆၀၀ နဲ့ ချိစ်ပမာဏ ပေါင် ၃၆၀၀ နဲ့ ပြုလုပ်ထားပါတယ်။ အပူချိန် ၇၀၀ ဒီဂရီရှှိ မီးဖိုထဲမှာ တစ်မိနစ်ကို ၁၇ ပေ နှုန်းနဲ့ ဖုတ်ခဲ့ရပါတယ်။ ပီဇာကြီးကို ဂင်းနစ်မှတ်တမ်းအဖွဲ့က တိုင်းတာပြီးနောက်မှာတော့ အနီးဝန်းကျင်က အစားအသောက်အလှူခံဌာနတွေနဲ့ အိမ်ရာမဲ့သူတွေနေထိုင်တဲ့ စခန်းတွေကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

 

ယခင်က ကမ္ဘာ့စံံချိန်တင်ထားတဲ့ အရှည်လျားဆုံးပီဇာကြီးကို ၂၀၁၆ ခုနှစ်အတွင်းက အီတလီစားဖိုမှူး ၂၅၀ က အီတလီနိုင်ငံ Naples မြို့မှာ ပြလုပ်ခဲ့ကြတာပါ။ ယင်းပီဇာကြီးက အရှည်အားဖြင့် ၆၀၈၂ ပေ ရှည်လျားပါတယ်။

Source : Mercurynews

Share

Loading Next Article...
က္က