ဒီလိုနည်းတွေနဲ့ ဖြေရှင်းရမှာ....

ကော်ဖီသောက်ခြင်းကြောင့် ကောင်းတဲ့ရလဒ်တွေလည်း ရနိုင်သလို ဆိုးတဲ့ ရလဒ်တွေလည်း ရှိနိုင်တယ်။ ကော်ဖီမှာပါတဲ့ ကဖင်းကြောင့် အာရုံကြောတွေ လန်းဆန်းနိုးကြားစေနိုင်ပေမဲ့ အရမ်းသောက်လွန်းရင်လည်း မကောင်းပြန်ဘူး။ ကော်ဖီကြိုက်တတ်သူဆိုတော့ ဒီဒုက္ခတွေကို ခံရတာပါပဲ။



၁။ ဗိုက်အောင့်တယ်

man-holds-his-stomach.jpg 

ကော်ဖီတစ်ခွက်နှစ်ခွက်လောက် သောက်ပြီးတာနဲ့ ဗိုက်အောင့်လာတယ်။ တချို့လူတွေအတွက်တော့ ကဖင်းဓာတ်ဟာ ဗိုက်အောင့်စေပါတယ်။ အစားမစားဘဲနဲ့ ကော်ဖီသောက်ရင် ဗိုက်အောင့်လိမ့်မယ်။ ဗိုက်ထဲမှာ အဆာရှိမှ ကောက်ဖီသောက်ပါ။

၂။ ခေါင်းနောက်တယ်

ကော်ဖီဘယ်လောက်ကြိုက်ကြိုက် စိတ်ရှိတိုင်းသောက်လို့မရဘူး။ ကော်ဖီအရမ်းသောက်ရင် အာရုံတွေမကြည်လင်တော့ဘဲ ခေါင်းရှုပ်လာပါတယ်။ စိတ်သောကတွေလည်း ပိုများလာတယ်။ အကန့်အသတ်လေးနဲ့သောက်ပါလို့ပဲ အကြံပေးပါရစေ။

၃။ ခံတွင်းနံ့

Tea_Stained_Teeth.jpg 

တချို့ကော်ဖီဆိုင်တွေမှာ ပူရှိန်းနဲ့ ပီကေတွေ တွဲရောင်းလေ့ရှိတယ်။ အကြောင်းကတော့ ကော်ဖီသောာက်ရင် ခံတွင်းနံ့ဆိုးလာလို့ပါပဲ။ သွားတိုက်လိုက်ရင်တော့ အနံ့ပျောက်သွားမှာဆိုပေမဲ့ သွားကို မကြာခဏတိုက်ရင် သွားကြွေလွှာပါးသွားနိုင်တယ်။ ပီကေလေးပဲဝါးလိုက်ပါ။

၄။ သွားဝါတယ်

သူများတွေလို သွားဖြူဖြူလေးတွေ ပိုင်ဆိုင်ချင်တာပေါ့။ ကော်ဖီကြိုက်နေသူဆိုတော့လည်း ဒါက အိပ်မက်တစ်ခုလိုပါ။ ကော်ဖီမှာပါတဲ့ chromogens အမည်ရှိ ရောင်ခြယ်ပစ္စည်းဟာ သွားရဲ့ အပေါ်ယံကြွေလွှာကို ကပ်ငြိမ်ပြီး သွားအရောင်ကို ညစ်စေပါတယ်။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေကို သုံးနိုင်သလို သွားနဲ့ခံတွင်းဆိုင်ရာ ဆေးခန်းတွေမှာလည်း ဖြူအောင်လုပ်လို့ရနိုင်တယ်။

၅။ ပိုက်ဆံပိုကုန်တယ်

3D-diy-diamond-painting-diamond-embroidery-Handmade-needlework-rhinestone-black-coffee-cross-stitch-decoration-mosaic.jpg_640x640.jpg 

ကော်ဖီကြိုက်တဲ့လူဆိုတာ ကော်ဖီအရသာ အမျိုးမျိုးကိုလည်း မြည်းစမ်းတယ်။ ကော်ဖီမစ်ထုပ်တွေကနေ ကော်ဖီဆိုင်မျိုးစုံအထိ သွားပြီးတော့ကို မြည်းစမ်းတာ။ ကိုယ်ကြိုက်တဲ့ ကော်ဖီက ဈေးကြီးနေတော့လည်း အိတ်ထဲကပိုက်ဆံဟာ ကော်ဖီဖိုးနဲ့တင် ပျံထွက်သွားတော့တာပါပဲ။ ဒါပေမဲ့လည်း ဆက်သောက်နေဦးမှာမို့လား?

ှSoure : Elite


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က