၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးအဖြစ် အရွေးခံထားရတာတွေပါ။

မိုးရာသီမှာ ခရီးသွားမယ်ဆိုရင် ဟိုတယ်တွေ၊ လေကြောင်းလိုင်းတွေကို အထူးလျှော့ဈေးတွေနဲ့ ရနိုင်ပါတယ်။ စရိတ်သက်သာတဲ့ ပြည်ပလေကြောင်းလိုင်းတွေထဲမှာမှ အဆင်ပြေဆုံး လေကြောင်းလိုင်းတွေကို ရွေးချယ်ဖော်ပြလိုက်တယ်နော်။ ကမ္ဘာ့လေကြောင်းလိုင်းတွေကို သုံးသပ်အမှတ်ပေးလေ့ရှိတဲ့ Skytrax ဟာ နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှလေကြောင်းလိုင်းတွေကို ခရီးသည်ပေါင်း ၁၉.၈၇ သန်းရဲ့ မဲပေးမှုလိုက် အမျိုးအစား ခွဲခြားသတ်မှတ်ကာ နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွက် စရိတ်နည်းလေကြောင်းလိုင်းတွေထဲက အကောင်းဆုံးလေကြောင်းလိုင်းတွေကိုလည်း ထုတ်ပြန်လိုက်ခဲ့ပါတယ်။

၁၀။ IndiGo

10-indigo.jpg 

နယူးဒေလီအခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး အာရှရဲ့ စရိတ်နည်းလေကြောင်းလိုင်းတွေထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။ Airbus A320 ဂျက်လေယာဉ်ပေါင်း ၁၀၀ ကျော် အပါအဝင် Airbus ဂျက်လေယာဉ်ပေါင်း ၄၀၀ ကျော်နဲ့ ပျံသန်းနေပါတယ်။ စီးနင်းဖူးသူတွေကတော့ IndiGo လေကြောင်းလိုင်းရဲ့ cabin service ကို သဘောကျတယ်လို့ ဆိုကြတယ်။ အာရှအလယ်ပိုင်းနဲ့ အိန္ဒိယရဲ့ စရိတ်နည်းလေကြောင်းလိုင်းတွေထဲမှာ အကောင်းဆုံးအဖြစ် ၈ နှစ်ဆက် မဲပေးခံရတဲ့လေကြောင်းလိုင်းပါ။

၉။ Southwest Airlines

9-southwest-airlines.jpg 

Boeing 737 ဂျက်လေယာဉ်ပေါင်း ၇၀၀ ကျော်နဲ့ ပျံသန်းနေတဲ့ Southwest ဟာ ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သက်တမ်းကလည်း ဆယ်စုနှစ် ၄ ခု ကျော်လွန်လာပါပြီ။

၈။ Azul Brazilian Airlines

8-azul-brazilian-airlines.jpg 

ဘရာဇီးနိုင်ငံ ဆာပေါလိုအခြေစိုက် လေကြောင်းလိုင်းဖြစ်ပါတယ်။ Airbus ၊ ATR နဲ့ Embraer လေယာဉ်တွေနဲ့ ဘရာဇီးမှာ အဓိကပြေးဆွဲပျံသန်းပါတယ်။ အမေရိကနဲ့ ဥရောပကိုလည်း ခရီးစဉ်တွေရှိပါတယ်။ တောင်အမေရိကရဲ့ အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

၇။ AirAsia X

7-airasia-x.jpg 

မလေးရှားလေကြောင်းလိုင်း AirAsia X ဟာ Airbus A330-300 ဂျက်လေယာဉ်ကြီးတွေနဲ့ အာရှတစ်ခွင်မှာ ပျံသန်းပြေးဆွဲနေပါတယ်။ Cabin တွေကို premium ရော economy အနေနဲ့ပါ စီးနင်းနိုင်ပါတယ်။ Skytrax ကတေ့ AirAsia X ရဲ့ Premium Cabin ကို စရိတ်နည်းလေကြောင်းလိုင်းတွေထဲက အကောင်းဆုံး Premium Cabin အဖြစ် သတ်မှတ်ပေးထားပါတယ်။

၆။ Jetstar Airways

6-jetstar-airways.jpg 

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့အခြေစိုက် Jetstar လေကြောင်းလိုင်းဟာ နိုင်ငံပိုင်လေကြောင်းလိုင်း Qantas ကနေ စရိတ်နည်းလေကြောင်းလိုင်းအဖြစ် ထပ်မံခွဲထုတ်ထားတယ်လို့ သိရပါတယ်။ Airbus A320  နဲ့ Boeing 787 Dreamliners လေယာဉ်တွေကို အသုံးပြုကာ ပျံသန်းပြေးဆွဲပါတယ်။ Cabin service ရဲ့ ကွာလတီကို ခရီးသည်တွေက သဘောကျကြပါတယ်။ သြစတြေးလျနဲ့ ပစိဖိတ်ဒေသရဲ့ အကောာင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ် ၆ နှစ်ဆက် သတ်မှတ်ခံထားရပါတယ်။

၅။ Virgin America

5-virgin-america.jpg 

မြောက်အမေရိကရဲ့ အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ် သတ်မှတ်မခံရတော့သည့်တိုင်အောင် ဝန်ဆောင်မှုတွေကတော့ ခရီးသည်တွေရဲ့ နှစ်သက်မှုကို ရရှိနေဆဲပါ။ ၂၀၁၆ ခုနှစ်အတွင်းမှာပဲ Virgin America လေကြောင်းလိုင်းဟာ Alaska လေကြောင်းလိုင်းကို ဒေါ်လာ ၂.၆ ဘီလီယံနဲ့ ရောင်းချခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်လောက်ဆိုရင်တော့ Virgin America နာမည်က ပျောက်ကွယ်သွားလောက်ပါပြီ။

၄။ EasyJet

4-easyjet.jpg 

ကမ္ဘာပေါ်က စရိတ်သက်သာလေကြောင်းလိုင်းတွေထဲမှာ EasyJet က ထိပ်ဆုံးပိုင်းကနေ ဦးဆောင်နေပါတယ်။ Airbus ဂျက်လေယာဉ်ပေါင်း ၂၃၀ ကျော်နဲ့ ဥရောပတစ်ခွင်ကိုဖြတ်သန်းကာ ခရီးစဉ်ပေါင်း ၈၀၀ ကျော် ပျံသန်းနေပါတယ်။ စရိတ်နည်းပြီး ဝန်ဆောင်မှုကောင်းတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

၃။ JetBlue Airways

3-jetblue-airways.jpg 

နယူးယော့ခ်အခြေစိုက် JetBlue လေကြောင်းလိုင်းဟာ အမေရိကရဲ့ စရိတ်နည်းလေကြောင်းလိုင်းတွေထဲမှာ အဆင့်မြင့်မြင့်နဲ့ ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့ လေကြောင်းလိုင်းအဖြစ် ချီးကျူးခံထားရတာပါ။ JetBlue ရဲ့ ပင်ကိုယ်လက္ခဏာလို့ ပြောရမှာတွေကတော့ lighting ၊ ဖော်ရွေတဲ့ဝန်ဆောင်မှု၊ ဂြိုဟ်တုတီဗီကို အခမဲ့ကြည့်နိုင်ခွင့်၊ သွားရေစာမုန့်တွေပါပဲ။

၂။ Norwegian

2-norwegian.jpg 

ဥရောပရဲ့ အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်းအဖြစ် ငါးနှစ်ဆက်တိုက် သတ်မှတ်ခံထားရပါတယ်။

၁။ AirAsia

1-airasia.jpg 

AirAsia လေကြောင်းလိုင်းဟာ ကမ္ဘာ့အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်းအဖြစ် ကိုးကြိမ်မြောက် ရွေးချယ်ခံလိုက်ရပြန်ပါပြီ။ ခရီးသည်တွေအပေါ် ဝန်ဆောင်မှုကောင်းပြီး ဝန်ထမ်းတွေရဲ့ ပျူငှာမှုက အဓိကကောင်းတဲ့အချက်တွေဖြစ်တယ်လို့ Skytrax က ချီးမွမ်းထားပါတယ်။

Source : Businesss Insider

Share

Loading Next Article...
က္က