မိုးကျပြီဆိုတာနဲ့ မန်ကျည်းရွက်နုနုလေးတွေ တွေ့လာရပြီ။ အရသာ ချဉ်ဖန်ဖန်လေးနဲ့ဆိုတော့ ထမင်းပွဲမှာ ခံံတွင်းလိုက်တာပေါ့။ သုပ်စား၊ ကြော်စား၊ ချဉ်ဟင်းချက်စားရင် အရမ်းကို ခံတွင်းမြိန်တဲ့ မန်ကျည်းရွက်ဟာ စားတဲ့လူတွေအတွက် ကောင်းကျိုးတွေလည်း ပေးပြန်သတဲ့။

၁။ အနာကျက်မြန်စေ

မန်ကျည်းရွက်စားပေးခြင်းဟာ သေးငယ်တဲ့အနာလေးတွေကို မြန်မြန်ဆန်ဆန်ကျက်သွားအောင် ကူညီပေးနိုင်ပါတယ်။ Antimictobial လို့ခေါ်တဲ့ ဂုဏ်သတ္တိတစ်မျိုး ပါဝင်လို့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး အနာကျက်မြန်စေတာပါ။

၂။ ခံတွင်းကျန်းမာစေ

မန်ကျည်းသီးမှာ ဗီတာမင် C ပါဝင်သလိုမျိုးပဲ မန်ကျည်းရွက်လေးတွေမှာလည်း ဗီတာမင် C ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ မန်ကျည်းရွက်ကနေ ပြုလုပ်ထားတဲ့ ခံတွင်းသန့်ဆေးရည်တွေဟာ သွားထဲက စားကြွင်းစားကျန်ပြဿနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွားဖုံးသွေးယိုတာ၊ သွားဖုံးယောင်တာတွေကိုလည်း သက်သာစေပါတယ်။ ရှေးလူကြီးတွေကတော့ သွားကိုက်ရင် မန်ကျည်းရွက်ကို သုံးကြတယ်လို့ ပြောပါတယ်။

 

၃။ ရာသီလာချိန်ခံစားမှုကိုသက်သာစေ

အမျိုးသမီးတွေ လစဉ် ရာသီလာတဲ့အချိန်တိုင်း ဗိုက်အောင့်တာ၊ ကိုက်ခဲတာတွေ ကြုံရလေ့ရှိပါတယ်။ မန်ကျည်းရွက်ကို စားပေးရင် ကိုက်ခဲတာတွေ သက်သာပါလိမ့်မယ်။

 

၄။ အင်ဆူလင်ခုခံအားတိုးစေ

မန်ကျည်းရွက်ကနေ ပြုလုပ်တဲ့ အဖျော်ရည်ဟာ ခန္ဓာကိုယ်တွင်းက အင်ဆူလင်ခုခံအားကို မြင့်တက်စေပါတယ်။ သွေးထဲမှာ သကြားဓာတ်တွေများလာတဲ့အခါ မန်ကျည်းရွက်ကို စားပေးနိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် မန်ကျည်းရွက်ဟာ တကယ်ကိုကောင်းကျိုးပေးမှာပါ။

Source : Health Digezt

Share

Loading Next Article...
က္က