အနံ့မွှေးမွှေး ချိုချိုချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းသွားမယ်။

ချိုချိုချဉ်ချဉ်အရသာနဲ့ သံပရာရည်အေးအေးလေးများ သောက်လိုက်ရရင် ခေါင်းလဲကြည်သွားတယ်၊ အမောလည်းပြေသွားတယ်။ သံပရာရည်ကို ဒီအတိုင်းရိုးရိုးဖျော်နေတာက နည်းနည်းတော့ ပျင်းစရာကောင်းတာပေါ့။ အရသာတစ်မျိုးတည်းသောက်နေရတာဆိုရင် ကြာတော့ မသောက်ချင်တော့ဘူး။ အနံ့အရသာလေး ပြောင်းသွားအောင် နည်းနည်းလောက် ထွင်ကြည့်မလား? သလဲသီးလေးနဲ့ရောဖျော်မယ်လေ။

 

သလဲသီးသံပရာရည်ကို ဖျော်စပ်ဖို့အတွက် လိုအပ်တာတွေက သလဲသီး၊ သံပရာသီး၊ သကြားရည်၊ ရေ (ဆိုဒါ) တို့ပါပဲ။ အချိုပမာဏက ကိုယ့်စိတ်ကြိုက်သာထည့်ပါ။ သံပရာသီးနဲ့ သလဲသီးကို အရည်ညှစ်ယူထားပါ။ Blender ထဲမှာ ထည့်ကြိတ်လို့လည်းရတယ်။

 

သံပရာရည်နဲ့ သလဲသီးရည်ကို လေးချိုးတစ်ချိုး ရောစပ်ရပါမယ်။ သလဲသီးများလွန်းရင် သံပရာရည်အရသာပျက်နိုင်လို့ သံပရာရည် ၄ ဆ၊ သလဲသီးရည် ၁ ဆ ဆိုရင် အသင့်တော်ဆုံးပေါ့။ သံပရာရည်၊ သလဲသီးရည်၊ သကြားရည်တို့ကို ခွက်ထဲထည့်ပြီး shake လုပ်လိုက်ပါ။ နောက်တော့မှ ရေ သို့မဟုတ် ဆိုဒါကိုထည့်ပြီး ရေခဲလေးထည့်လိုက်ရင် မိုက်သွားပြီ။ ဆိုဒါနဲ့ဆိုရင် ပိုကောင်းလို့ ရေအစား ဆိုဒါကိုစမ်းသုံးကြည့်ပါလား။ ပါးစပ်ထဲမှာ ရှတတနဲ့ ချဉ်တဲ့အရသာလေးက ခံတွင်းရှင်းပြီး အာရုံတွေကို လန်းသွားစေလိမ့်မယ်။ အလှဆင်ဖို့အတွက် သလဲသီးစေ့လေးတွေ၊ စမုန်ဖြူပင်လေးတွေက သင့်တော်ပါတယ်။ အနံ့ပိုမွှေးသွားတာပေါ့။

Source : Drizzleanddip

Share

Loading Next Article...
က္က