တနေ့တာကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖိုု့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကော်ဖီတစ်ခွက်သောက်လိုက်တာပါပဲ။


တနေ့တာကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖိုု့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကော်ဖီတစ်ခွက်သောက်လိုက်တာပါပဲ။ မနက်ပိုင်းကော်ဖီမသောက်လိုက်ရတဲ့နေ့တွေဆို ဘာအဆင်မပြေလို့ မပြေမှန်းကို မသိတော့ပါဘူး။ ဒီခံစားချက်ကို ခင်ဗျားတို့လည်း နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့်တချို့ကော်ဖီတွေကတော့ ထူးဆန်းလွန်းလို့ သောက်ရမလား၊ မသောက်ရမလား မသဲကွဲတဲ့ ကော်ဖီတွေ ရှိပါတယ်။ အဲဒါတွေကတော့...

၁။ ဒိန်ခဲကော်ဖီ

Cheese-Coffee.jpg 

ကော်ဖီကို ဒိန်ခဲထည့်သောက်ဖို့ကို ဘယ်တုံးကမှစိတ်ကူးခဲ့မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကြိုက်တဲ့လူတွေကတော့ ကြိုက်ကြပါတယ်။ ဒီကော်ဖီကတော့ ဆွီဒင်လူမျိုးတွေရဲ့ရိုးရာကော်ဖီတစ်မျိုးဖြစ်ကြပြီး ဒိန်ခဲကို ကော်ဖီထဲထည့်သောက်တာ ကော်ဖီရဲ့အရသာကို ပိုမိုကောင်းမွန်စေတယ်လို့ ယူဆကြပါသတဲ့။ ဥရောပအစားအစာနှစ်သက်သူများ စမ်းသပ်ကြည့်သင့်ပါတယ်။



၂။ ကော်ဖီဆိုဒါ (Tonic Coffee)

 

မတူကွဲပြားတဲ့အရသာတစ်ခုကို ခံစားလိုသူတွေကတော့ ကော်ဖီဆိုဒါကို စမ်းသောက်ကြည့်သင့်ပါတယ်။ ဆိုဒါကို အရက်နဲ့ရောသောက်တာတို့၊ အသီးအရသာအနှစ်တွေနဲ့ရောပြီး ဖျော်ရည်လုပ်သောက်တာတို့ ရှိပေမယ့် ကော်ဖီနဲ့ရောပြီး လုပ်သောက်တာကတော့ ရှားပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကော်ဖီဆိုဒါကို နှစ်ခြိုက်စွာသောက်သုံးနေသူတွေအများကြီး ရှိနေပါသေးတယ်။

၃။ ကြက်ဥကော်ဖီ

 

ကြက်ဥကိုကျွန်တော်တို့အမျိုးမျိုးလုပ်စား လုပ်သောက်ကြပါတယ်။ ကြက်ဥကို စပါစလင်နဲ့ရောသောက်ရင် ယောကျ်ားအားတိုးတာတို့၊ ကြက်ဥကိုအစိမ်းသောက်ရင် ကြွက်သားလေ့ကျင့်ခန်းလုပ်နေချိန်မှာ အကျိုးပြုတာတို့ စသဖြင့်အကြောင်းပြချက်အမျိုးမျိုးနဲ့ ကြက်ဥကိုစားသုံးကြပါတယ်။ ဒါပေမယ့် ကြက်ဥနဲ့ကော်ဖီကို ရောသောက်ဖို့တော့ စိတ်ကူးမိကြမှာမဟုတ်ပါဘူး။ ဒီကော်ဖီကိုတော့ ဗီယက်နမ်လူမျိုးတွေ သောက်သုံးလေ့ရှိကြပါတယ်။ ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။ ဒီကော်ဖီနဲ့ပတ်သက်ပြီး ခင်ဗျားသိထားသင့်တာတစ်ခုကတော့ အနံ့တော့နည်းနည်းဆိုးပါတယ်။

၄။ ဘီယာကော်ဖီ

 

ဒီတစ်ခါမှာတော့ ယောကျ်ားလေးတွေအနှစ်သက်ဆုံး အဖျော်ယမကာနှစ်မျိုးကို ပေါင်းစပ်ထားတာပါ။ ဘာပဲပြောပြော ခါးသက်သက် စိမ့်တိမ့်တိမ့်အရသာရှိတဲ့ အရည် (၂) မျိုးကို တစ်ပြိုင်တည်းအရသာခံစားရမှာ ဖြစ်လို့ စိတ်တော့ဝင်စားစရာပါပဲ။ ခင်ဗျားဆိုရင်ကော ဘီယာကော်ဖီတစ်ခွက်ရှေ့မှာလာချထားပေးရင် သောက်မှာလား။

၅။ ထောပတ်ဆီဘီယာ

Butter-coffee-660x330.jpg 

ထောပတ်ဆီဘီယာကတော့ နာမည်ကဖော်ပြနေသလို အီတီတီ စိမ့်တိမ့်တိမ့်ကြီးနဲ့ သောက်လို့ကောင်းမှာမဟုတ်ဘူးလို့ ထင်ရစရာရှိပေမယ့် ကြိုက်တဲ့သူတွေကတော့ ကြိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီကော်ဖီက ဝိတ်ကျစေပါတယ်တဲ့။ နောက်ပြီး တချို့တွေကတော့ ဒီကော်ဖီကို ခွန်အားပြည့်စေတယ်ဆိုပြီး သောက်သုံးကြပါတယ်။ ဝိတ်ချနေတဲ့လူတွေစမ်းကြည့်သင့်ပါတယ်။

၆။ ပင်လယ်ဆားကော်ဖီ

 

ဆားမပါတဲ့ဟင်းတစ်ခွက်သာ ပေါ့ပျက်ပျက်နိုင်တယ် ဆိုတဲ့စကားအတိုင်း ဆားဟာအရာရာတိုင်းရဲ့အရသာကို လေးပင်စေပါတယ်။ ဒါဆိုရင် ခါးသက်တဲ့အရသာရှိတဲ့ ကော်ဖီထဲကို ဆားနည်းနည်း ရောကြည့်မယ်ဆိုရင်ကော??? တချို့တွေကတော့ ကော်ဖီခွက်ထဲကို ပင်လယ်ဆားနည်းနည်းထည့်ဖျော်တာက ကော်ဖီရဲ့အရသာကို ထူးခြားစေပါတယ်တဲ့။ စမ်းသောက်ကြည့်ချင်လား... ဘော်ဒါတို့။

ဒါတွေကတော့ ကမ္ဘာတဝှမ်းမှာတွေ့နိုင်တဲ့ ထူးထူးခြားခြားကော်ဖီတွေပါပဲ။ စမ်းချင်စမ်းကြည့်လို့ရအောင် video link လေးတွေနဲ့ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (အနုပညာဆန်လွန်းလို့ သောက်ရမှာတောင် နှမျောမိတဲ့ကော်ဖီ)

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က