လှလွန်းလို့ အလှပဲထိုင်ကြည့်ချင်တော့တာ။
Su Yee Moe

စားသောက်စရာတွေကို လှလှပပ ထုပ်ပိုးထားတဲ့အခါ ပိုပြီး ဝယ်ချင်စိတ်၊ စားချင်စိတ် ဖြစ်ရပါတယ်။ တချို့စားသောက်စရာတွေကျတော့လည်း ထုပ်ပိုးထားတာ လှလိုက်တာ။ အနုပညာဆန်ဆန် ထုပ်ပိုးမှုတွေ၊ ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ ထုပ်ပိုးမှုအဆန်းတွေကို ကြည့်ကြည့်ပါဦး။

၁။ ရွှေငါး

creative-food-packaging-ideas-18-5947ccd83e31c__700.jpg 

လက်ဖက်ခြောက်တွေကို ရွှေငါးပုံ အိတ်လေးထဲ ထည့်ထားလိုက်တာပါ။ ထိုင်ဝမ်က Charm Villa ကုမ္မဏီရဲ့ဆန်းသစ်မှုဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ရွှေငါး တစ်ကောင် ရေနွေးခွက်ထဲ ရောက်နေသည်

၂။ ပါစတာဘူး

creative-food-packaging-ideas-69-594a124b5cf47__700.jpg 

ချစ်စရာလေးတွေနော်။ ပါစတာ အမျိုးအစားအလိုက် ဒီဇိုင်းခွဲထားပြီး မိန်းကလေးတွေရဲ့ ဆံပင်ပုံစံအတိုင်း ထုပ်ပိုးထားတာ တွေ့ရပါတယ်။

၃။ အရောင်အနုအရင့်အလိုက် ချောကလက်

creative-food-packaging-ideas-48-5948ce8ee1f13__700.jpg 

ချောကလက်ဆိုရင် အနက်၊ အဖြူနဲ့ အညိုရောင်လို့ပဲ သိကြတယ်။ ဒီချောကလက်ဘူးမှာတော့ ချောကလက်ရဲ့အရောင် အနုအရင့်အလိုက် စီတန်းထည့်ထားတာကို တွေ့ရမှာပါ။ အရောင်တွေကိုလည်း နာမည်အလိုက် ခွဲထားဖော်ပြထားပါတယ်။ BLOCD အမှတ်တံဆိပ် ချောကလက်ဘူးတွေ ဖြစ်ပါတယ်။

၄။ ပန်းပွင့်ပုံစံ လက်ဖက်ခြောက်အိတ်

creative-food-packaging-ideas-37-5947d2016a4f2__700.jpg 

Samova အမှတ်တံဆိပ် လက်ဖက်ခြောက်ဟာ လက်ဖက်ခြောက်အိတ်လေးတွေကို အလှဆုံးထုပ်ပိုးတဲ့နေရာမှာ ပထမလို့တောင် ပြောရမယ်။ ပန်းဖူးလေးတွေ၊ သစ်ရွက်ငုံလေးတွေကို ရေနွေးထဲထည့်လိုက်ရတယ်။ တဖြည်းဖြည်း ပန်းလေးက ငုံရာကနေ ပွင့်အာလာတဲ့အသွင် ထုပ်ပိုးထားတာပါ။

၅။ သက်တမ်းကုန်ဆုံးရက်သိမယ့်နို့ဘူး

815ca20533d64dc801b1d689de0dd2f0.jpg 

Ko Yang အမှတ်တံဆိပ်နဲ့ နို့ဘူးတွေဟာ သက်တမ်းကုန်ဆုံးရက်ကို အလွယ်ကူဆုံးနည်းနဲ့ သိနိုင်အောင် လုပ်ထားပါတယ်။ သက်တမ်းကုန်ဆုံးရက် နီးလာလေလေ ဘူးခွံက အရောင်ပြောင်းလေလေပါပဲ။ အောက်ခြေကနေစပြီး ပြောင်းလဲလာတဲ့အရောင်ဟာ သက်တမ်းကုန်ဆုံးရက်နီးလာတာနဲ့အမျှ တဖြည်းဖြည်း မြင့်တက်လာပြီး သက်တမ်းကုန်ဆုံးရက်ရောက်ပြီဆိုရင်တော့ ဘူးတစ်ခုလုံးက အရောင်ပြောင်းသွားပါတယ်။

Source : Pintrest


က္က