Thiha Htun

girelle-alla-marmellata.jpg

မုန့်ဆိုင်သွားပြီဆိုရင် ပူပူနွေးနွေး Swiss Roll (ကိတ်မုန့်လိပ်) လေးကိုမှာစားဖူးကြ၊ နှစ်သက်ဖူးကြမှာပါပဲ။ Swiss Roll (ကိတ်မုန့်လိပ်) လေးက စားလို့ကောင်းသလို ဘယ်ပွဲလမ်းသဘင်မျိုးမှာမဆို တည်ခင်းဖို့ သင့်တော်ပါတယ်။ အချိန်လည်းသိပ်မကုန်သလို လုပ်ရတာလည်းလွယ်ကူပါတယ်။ ခုမှကိတ်မုန့်စဖုတ်မယ့်လူတွေအတွက်လည်း စမ်းသပ်ကြည့်သင့်တဲ့ ကိတ်တစ်မျိုးဖြစ်ပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ကော်ဖီကိုကိုယ်တိုင်ဖျော်သောက်ကြမယ်ဆိုရင်)

ပြုလုပ်နည်း

Make-a-Swiss-Roll-Intro.jpg

ပါဝင်ပစ္စည်းလေးတွေကတော့ ကြက်ဥ (၃) လုံး၊ သကြား (၇၅) ဂရမ်၊ ဂျုံမှုန့် (၇၅) ဂရမ်၊ သစ်သီးယို (၂) ဇွန်း၊ ကိုကိုးမှုန့် (၂) ဇွန်း၊ မုန့်ဖုတ်ပေါင်ဒါ (၁)ဇွန်း တို့ပဲဖြစ်ပါတယ်။

ကိတ်မုန့်စဖုတ်တော့မယ်ဆိုရင် အရင်ဆုံး မုန့်ဖုတ်စက်ကို Regular 7 အပူချိန် (သို့မဟုတ်) ၂၀၀ ဒီဂရီဆဲလ်စီးယပ်စ်လောက်မှာ ထားလိုက်ပါ။ ပြီးရင် ကိတ်မုန့်ဖုတ်ဖို့အတွက် အောက်ခံပြားကို ဆီသုတ်လိမ်း လိုက်ပါ။ ပြီးရင်ကြက်ဥနဲ့သကြားနဲ့ ပန်းကန်လုံးကြီးတစ်လုံးထဲထည့်ပြီး အရည်ပျစ်ပျစ်ရသည်အထိ မွှေခလောက်လိုက်ပါ။

ပြီးရင်အဲဒီအနှစ်ထဲကို ဂျုံမှုန့်ရောပြီး အသာလေးမွှေခေါက်ပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို မုန့်ဖုတ်အောက်ခံပြားပေါ်ကို သွန်ထည့်လိုက်ပါ။ ပြီးတာနဲ့ရွှေညိုရောင်သမ်းလာတဲ့အထိ (၁၀) မိနစ်၊ (၁၂) မိနစ်လောက်ကြာအောင် ဖုတ်လိုက်ပါ။ မုန့်ဖုတ်နေချိန်မှာ ဆီစိမ်စက္ကူတစ်ရွက်ကိုယူပြီး စားပွဲပေါ်မှာ တင်ထားလိုက်ပါ။ ဆီစိမ်စက္ကူအပေါ်မှာတော့ သကြားဖြူးထားလိုက်ပါ။

ပြီးရင်ရလာတဲ့ကိတ်ချပ်လေးကို သကြားဖြူးထားတဲ့ဆီစိမ်စက္ကူပေါ်တင်ပြီး ခဏကြာမှ စက္ကူကိုဖယ်ထုတ်လိုက်ပါ။ ကိတ်ချပ်လေးကို လိပ်လို့လှအောင် ဘေးအနားသားလေးတွေကို အရင်လှီးထုတ်လိုက်ပါဦး။ ပြီးမှ အပေါ်ကသစ်သီးယိုနည်းနည်းသုတ်ပြီး လိပ်လိုက်ပါ။ ပန်းကန်ပေါ်မတင်ခင် စက္ကူပေါ်မှာခဏတင်ထားလိုက်ပါဦး။ ပြီးရင်တော့ အရသာရှိတဲ့ swiss roll (ကိတ်မုန့်လိပ်) ပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။

 

Source: Wikihow


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က