ချဉ်ချိုမွှေးလေးနဲ့ စားလို့သိပ်ကောင်း၊ ချောင်းလည်းမဆိုးဘူး။

"အသီးမှာသရက်" ဆိုတဲ့အတိုင်း သရက်သီးကလေ အစိမ်းလည်းစားလို့ကောင်းတယ်။ မှည့်ရင်လည်း အနံ့လေးမွှေးပြီး ချိုချိုလေးနဲ့ စားကောင်းပြန်ရော။ ခုချိန်မှာ အပေါဆုံးသစ်သီးကတော့ သရက်သီးပဲမဟုတ်လား။ သရက်သီးပေါ်ချိန်မှာ Mango Sorbert လေး လုပ်စားကြမယ်လေ။

 

Mango Sorbet လုပ်စားမယ်ဆိုရင် သရက်သီးမှည့်ရယ်၊ ပျားရည်ရယ်ပဲ လိုပါတယ်။ အချိုကြိုက်တဲ့သူတွေအနေနဲ့ သကြားကိုသုံးမယ့်အစား ပျားရည်လေးသုံးလိုက်တာက ပိုကောင်းတာပေါ့။ အနံ့လေးလည်း မွှေးနေရော။

 

သရက်သီးမှည့်ကို အခွံခွှာပြီး လေးထောင့်တုံးလေးတွေဖြစ်အောင် တုံးထားလိုက်ပါ။ သရက်သီးတုံးလေးတွေကို zipper အိတ် ဒါမှမဟုတ် လေလုံအိတ်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညလုံး ခဲထားလိုက်ပါ။ ခဲထားပြီးသား သရက်သီးတုံးလေးတွေကို Blender ထဲမှာ ပျားရည်လေးထည့်၊ ရေလည်းနည်းနည်းထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ စားလို့မရသေးဘူးနော်။

 

Blender ထဲက ထွက်လာတဲ့ သရက်သီးနှစ်လေးတွေကို ဗန်းထဲဖြန့်ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက် ခဲအောင်ထားလိုက်ရသေးတယ်။ ဒါဆိုရင် စားလို့ရပြီ။ ချဉ်ချိုမွှေးလေးနဲ့ စားလို့သိပ်ကောင်း၊ ချောင်းလည်းမဆိုးဘူး။

Source : Tasty

Share

Loading Next Article...
က္က