အစာလည်းဆေး... ဆေးလည်းအစာ

ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေဟာ နေ့စဉ် နည်းပေါင်းစုံနဲ့ ဝင်ရောက်နေကြတယ်။ တစ်နေ့တည်းနဲ့ အများကြီးလည်း ဖြစ်ချင်ဖြစ်နေတယ်။ ဒီလိုအဆိပ်အတောက်တွေကို သန့်စင်ပေးရတဲ့ လုပ်ငန်းကို အဓိကလုပ်တာကတော့ အသည်းပါ။ ဒါကြောင့်မို့လို့ အသည်းကို ကျန်းမာအောင်၊ သန့်ရှင်းနေအောင် ဂရုတစိုက် နေထိုင်စားသောက်ဖို့ အရေးကြီးတယ်လေ။ အသည်းကို သန့်ရှင်းစေမယ့် အစားအသောက်တွေကို ဖော်ပြလိုက်ပါတယ်။



၁။ ကြက်သွန်ဖြူ

Garlic-Liver-Superfoods.jpg 

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ sulfur ၊ selenium နဲ့ allicin တို့ကြောင့် အသည်းကို ကောင်းကျိုးပေးပါတယ်။ အသည်းကို ကျန်းမာသန့်ရှင်းစေပါတယ်။ အသည်းအတွက် အကောင်းဆုံး အစားအစာလို့တောင် ပြောလို့ရမယ်။

၂။ ဂရိတ်ဖရုသီး

Grapefruit-Liver-Superfoods.jpg 

ဂရိတ်ဖရုသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များပြားစွာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့လို့ ဂရိတ်ဖရုသီးကို စားသုံးပေးရင် အသည်းကို သဘာဝနည်းနဲ့ သန့်ရှင်းပေးရာရောက်ပါတယ်။ ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်ဖန်ခွက်လောက် သောက်ရုံနဲ့ သိသာပါတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားမယ့် အင်ဇိုင်းတွေ အသည်းကနေထုတ်လွှတ်မှု ပိုများလာပါတယ်။

၃။ လက်ဖက်စိမ်း

Green-Tea-Liver-Superfoods.jpg 

Green Tea (လက်ဖက်စိမ်း)မှာ catechin လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ ယင်းဒြပ်ပေါင်းက အသည်းကို အားဖြည့်ပေးပြီး သန့်ရှင်းစေပါတယ်။

၄။ အစိမ်းရောင်ဟင်းသီးဟင်းရွက်

Green-Veggies-Liver-Superfoods.jpg 

အထူးသဖြင့် အစိမ်းရောင် ဟင်းရွက်တွေက အသည်းအတွက်တော့ သူငယ်ချင်းကောင်းတွေပေါ့။ စိမ်းရောင်ခြယ်ပစ္စည်း (chlorophylls) တွေ ကြွယ်ဝစွာ ပါဝင်တယ်လေ။ ကလိုရိုဖီးလ်တွေဟာ သွေးကြောထဲက အဆိပ်တွေကို စုပ်ယူဖို့အတွက် အထောက်အကူကောင်းဖြစ်စေပါတယ်။ စားထားတဲ့ အစားအသောက်ကြောင့် ကိုယ်တွင်းကိုရောက်လာတဲ့ အဆိပ်တွေကိုလည်း ဓာတ်ပြယ်စေတယ်။

၅။ ထောပတ်သီး

Avocado-Liver-Superfoods.jpg 

အလှအပအတွက် နာမည်ကျော်တဲ့ ထောပတ်သီးက အသည်းအတွက်လည်း ကောင်းတယ်ဆိုတာ သိပါသလား။ ထောပတ်သီးစားပါ။ Glutathione လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်လို့ အသည်းကို သန့်ရှင်းစေပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသတဲ့။

၆။ ပန်းသီး

Apples-Liver-Superfoods.jpg 

အသည်းအတွက် ကောင်းကျိုးဖြစ်စေမယ့် နောက်ထပ် သစ်သီးတစ်မျိုးကို ညွှန်းရရင်တော့ ပန်းသီးပါ။ ပန်းသီးမှာ ပါဝင်တဲ့ pectin ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးက အစာခြေလမ်းကြောင်း၊ အသည်းနဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ သန့်ရှင်းစေပါတယ်။

Source : Steth


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က