ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ကလေးတွေ၊ အပျိုဖော်ဝင်ခါစမိန်းကလေးတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန်မစားသုံးတဲ့ သက်သတ်လွတ်သမားတွေမှာ ဒီရောဂါဖြစ်ပွားလေ့ရှိပါတယ်။
 

Anemia ဆိုတာ သံဓာတ်အားနည်းတဲ့အတွက် ခန္ဓာကိုယ်ထဲမှာသွေးနီဥတွေ ရှိသင့်တာထက်ပိုမိုလျော့နည်းတဲ့ရောဂါကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ကလေးတွေ၊ အပျိုဖော်ဝင်ခါစမိန်းကလေးတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ပုံမှန်မစားသုံးတဲ့ သက်သတ်လွတ်သမားတွေမှာ ဒီရောဂါဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါလက္ခဏာ တွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ ဖြူဖတ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူမဝမူးဝေခြင်း စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။



သံဓာတ်အားနည်းတဲ့ရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းကတော့ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးတာပါပဲ။ ကမ္ဘာပေါ်မှာ လူသန်း (၂၀၀၀) လောက်ဟာ သံဓာတ်အားနည်းတဲ့ရောဂါကိုခံစားနေရတဲ့အတွက် မပေါ့ဆသင့်ပါဘူး။ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့...

၁။ နှမ်းစေ့

o-SESAME-SEED-facebook.jpg 

သံဓာတ်တင်မကပါဘူး။ နှမ်းစေ့ထဲမှာ သတ္ထုဓာတ်လည်းကြွယ်ဝပါသေးတယ်။ နောက်ပြီး နှမ်းဆီထဲမှာပါဝင်တဲ့ Sesamin နဲ့ sesamolin ဆိုတဲ့ဓာတ်တွေဟာလည်း ကိုလက်စထရောကိုလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ နှမ်းစေ့ (၂) အောင်စမှာ နေ့စဉ်လိုအပ်တဲ့ သံဓာတ်ပမာဏ (၂၉) ရာခိုင်နှုန်းပါဝင်ပါတယ်။

၂။ ပဲစေ့နက်

Basic-Black-Beans-2.jpg 

ပဲစေ့နက်ဟာ ကမ္ဘာပေါ်မှာကျန်းမာရေးနဲ့အညီညွတ်ဆုံးအစားအစာတစ်မျိုးဖြစ်သလို သံဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ရင် စည်သွပ်ဘူးတွေအစား အော်ဂဲနစ် ပဲစေ့နက်တွေကိုပဲ ရွေးချယ်ဖို့ ကြိုးစားပါ။ ပဲစေ့နက် (၄) အောင်စမှာတော့ နေ့စဉ်လိုအပ်တဲ့သံဓာတ်ပမာဏ (၄၄) ရာခိုင်နှုန်းပါဝင်ပါတယ်။

၃။ ဟင်းနုနွယ်ရွက်ကြော်

lemon+spinach+with+pine+nuts+1.jpg 

ကာတွန်းကားဖန်တွေဆိုရင် သင်္ဘောသား Popeye ကိုသိမှာပေါ့။ ဒီလိုပဲ Popeye ရဲ့အနှစ်သက်ဆုံးအစားအစာကိုလည်း သိကြမှာပေါ့။ ဟုတ်ပါတယ်။ အဲဒါဟာ ဟင်းနုနယ်ရွက်ပါပဲ။ ဟင်းနုနယ်ရွက်ဟာလည်း သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါပဲ။ ဟင်းသီးဟင်းရွက်အများစုက ချက်ပြုတ်လိုက်ချိန်မှာ အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေ၊ ဗိုက်တာမင်တွေဆုံးရှုံးသွားတတ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ဟင်းနုနယ်ရွက်တော့မပါ ပါဘူး။ ဟင်းနုနယ်ရွက်ကိုချက်ပြုတ်လိုက်တာက သံဓာတ်ကိုပိုပြီးတောင် တိုးလာစေပါသေးတယ်။

လတ်ဆတ်တဲ့ဟင်းနုနယ်ရွက်ကို ချက်ပြုတ်လိုက်တာက အကောင်းဆုံးရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ ဟင်းနုနယ်ရွက်ကြော် (၈) အောင်စမှာ နေ့စဉ်လိုအပ်တဲ့သံဓာတ် (၃၆) ရာခိုင်နှုန်းပါဝင်ပါတယ်။

၄။ ချောကလက်အမဲရောင်

maxresdefault.jpg 

အရည်အသွေးကောင်းမွန်တဲ့ချောကလက်မဲတစ်ခု (ကိုကိုး ၈၅ ရာခိုင်နှုန်းနဲ့အထက်ပါဝင်) ဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်လို့ လူအများသိထားကြပေမယ့် သံဓာတ်ကြွယ်ဝတာကိုတော့ လူသိပ်မသိကြပါဘူး။ ဒါကြောင့်နောက်ဆိုရင် သွေးအားနည်းပြီးမူးဝေတယ်လို့ခံစားရရင် ချောကလက်အမဲရောင်တစ်တောင့်ကိုသာ ဝါးစားလိုက်ပါ။ ချောကလက်အမဲရောင်တစ်ခု (၈) အောင်စမှာ နေ့စဉ် လိုအပ်တဲ့သံဓာတ်ပမာဏ (၇၂) ရာခိုင်နှုန်းပါဝင်ပါတယ်။

၅။ ဗိုလ်စားပဲ

maxresdefault (1).jpg 

အနီရောင်ကျောက်ကပ်ပုံစံ ပဲစေ့လေးတွေဟာ ကိုလက်စထရောကျဆင်းစေတဲ့အမျှင်တွေနဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်။ ဗိုလ်စားပဲမှာ ကော့ပါးဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဗိုလ်စားပဲ (၈) အောင်စမှာတော့ နေ့စဉ်လိုအပ်တဲ့သံဓာတ် (၂၂) ရာခိုင်နှုန်းပါဝင်ပါတယ်။

၆။ နေကြာစေ့

Ai-Weiweis-Sunflower-Seeds-Detail-Photo-3.jpg 

နေကြာစေ့ဟာ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ရင်းဝါးဖို့တို့၊ စာစုကျက်ရင်းအပျင်းပြေဝါးဖို့တို့လောက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။ နေကြာစေ့ထဲမှာ ဗိုက်တာမင် အီးနဲ့ တခြားသတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် သားရည်စာတစ်ခုအဖြစ်သာမက ဆာလောင်မွတ်သိပ်မှုကိုလည်းပြေပျောက်စေပါတယ်။ ဘာနဲ့မှမရောထားတဲ့ အော်ဂဲနစ်နေကြာစေ့ကတော့ အကောင်းဆုံးရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ နေကြာစေ့ (၈) အောင်စမှာ နေ့စဉ်လိုအပ်တဲ့သံဓာတ်ပမာဏ (၄၇) ရာခိုင်နှုန်းပါဝင်ပါတယ်။

Source: avocadu


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က