အစားအသောက်ဂရုစိုက်ပေးဖို့လိုတယ်။

လူတွေ ကျန်းမာရေးချူချာရခြင်းရဲ့ အဓိကအကြောင်းရင်းထဲမှာ အစားအသောက်လည်း ပါဝင်နေတယ်။ မြန်မာနိုင်ငံမှာဆိုရင် ချက်တဲ့အခါ အချိုမှုန့်များများ ဆီများများ သုံးကြသေးတယ်။ ဆီတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီ မဟုတ်ရင် လူကိုဘေးဖြစ်စေတာပါပဲ။ အခုပြောပြမယ့် ချက်ပြုတ်နည်းကတော့ ကျန်းမာရေးအတွက် အရမ်းသင့်တော်ပါတယ်။



၁။ ပေါင်းပါ (Steaming)

steaming_salmon_1_horiz.jpg 

ထမင်းပေါင်းကြိုက်လား? အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ရေနွေးငွေ့နဲ့ပေါင်းတာက ဆီကိုသုံးပြီး ချက်ပြုတ်တာထက် ပိုပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်။ ကညွှတ်၊ ပဲစေ့စိမ်း၊ သစ်တော်သီး၊ ကြက်ရင်အုံ၊ ငါးအသားချောင်းနဲ့ ပင်လယ်စာတွေက ပေါင်းပြီးစားဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ သံပရိုသီးတို့က ပေါင်းတဲ့ဟင်းလျာတွေမှာ ဖြည့်စွက်ရမယ့်အရာတွေပါ။

၂။ ကင်မယ် (Broiling)

Broiling.jpg 

ချက်ပြုတ်နည်းထဲမှာ အလွယ်ဆုံးပဲ။ မီးကင်ပြီး ကျက်ရင်စားရုံပေါ့။ Grilling အကင်နဲ့ မတူတာကတော့ grill ဆိုတာက မီးကို အောက်ကနေပဲ အပူပေးတာ။ Broiling ကတော့ အပေါ်ကနေ မီးအပူပေးတာ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး၊ ပန်းငရုတ်ပွ၊ ကြက်သွန်နီတို့ကို လုပ်စားရင် အကောင်းဆုံးပေါ့။ သူကတော့ ဂတ်စ်မီးဖို ဒါမှမဟုတ် လျှပ်စစ်မီးဖိုနဲ့မှ အဆင်ပြေပါတယ်။ သတိထားရမှာက broilling မလုပ်ခင် နာရီဝက်လောက် ကြိုတင် အပူပေးထားဖို့ပါပဲ။ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ သံပရိုသီးစိတ်လေးတွေနဲ့ ပင်စိမ်းတို့ကို ဖြည့်စွက်ရမယ်။ ဆား၊ ငြုပ်ကောင်းနဲ့ ဝိုင်ဖြူတို့က အရသာကို ပြည့်စုံစေပါလိမ့်မယ်။

၃။ မိုက်ခရိုဝေ့ဗ် (Microwaving)

microwavecooking.jpg 

မိုက်ခရိုဝေ့ဗ်မီးဖိုကိုသုံးပြီး ချက်ကြည့်တာလည်း ကောင်းပါတယ်။ ဆီတွေနဲ့ချက်တာထက်စာရင် သူက ပိုပြီး အန္တရာယ်ကင်းတယ်။ အမဲသား၊ ဘရိုကိုလီ၊ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီနဲ့ ပန်းသီးတို့ကို မိုက်ခရိုဝေ့ဗ်ထဲမှာချက်ရင် အရမ်းစားကောင်းတယ်။ ခွက်/ဗန်းထဲကို ပြင်ဆင်ထားတဲ့ အသား၊ငါး၊ ဟင်းသီးဟင်းရွက်တွေထည့်ပြီး ခလုတ်လေးဖွင့်ထားရုံဆိုတော့ လူသက်သာတာပေါ့။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က