မနက်စာကို အာဟာရပြည့်ဝနေအောင်နဲ့ ကျန်းမာနေအောင်ဖန်တီးပြုလုပ်ဖို့က အရေးကြီးပါတယ်။
 

တနေ့တာရဲ့ပထမဦးဆုံးအစားအစာဖြစ်တဲ့ မနက်စာဟာ အရေးအကြီးဆုံးအစားအစာပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က အိပ်ယာကနိုးထလာပြီးချိန်မှာ အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူ နိုင်လို့နိုင်လို့ပါပဲ။ ဒါကြောင့် မနက်စာကို အာဟာရပြည့်ဝနေအောင်နဲ့ ကျန်းမာနေအောင်ဖန်တီးပြုလုပ်ဖို့က အရေးကြီးပါတယ်။ မနက်ခင်းအချိန်မှာ စားဖို့အသင့်တော်ဆုံး အစားအစာတွေကတော့...



၁။ ငှက်ပျောသီး

3293586-banana+unpeeled.jpg 

ငှက်ပျောသီးမှာ ဆိုဒီယမ်နဲ့ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်တာကိုတော့ အားလုံးသိထားကြပြီးသားပါ။ ဆိုဒီယမ်က ခန္ဓာကိုယ်ထဲမှာရေဓာတ်ထိန်းသိမ်းပေးပြီး ပိုုတက်စီယမ်ကတော့ ဆိုဒီယမ်ရဲ့လုပ်ဆောင်မှု တွေကို ထောက်ကူပေးပါတယ်။ မနက်စာစားတိုင်း ငှက်ပျောသီးတစ်လုံးထည့်စားပေးခြင်းက အကောင်းဆုံးပါပဲ။

၂။ ကြက်ဥ

ကြက်ဥတွေဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေတဲ့ အကောင်းဆုံးအစားအစာတွေပါပဲ။ ဘာလို့လဲဆိုတော့ ကြက်ဥထဲမှာပါဝင်တဲ့ ပရိုတိန်းဓာတ်တွေဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေအတွက် အရေးကြီးလို့ပါပဲ။ နောက်ပြီး သူတို့က ခင်ဗျားကိုတမနက်ခင်းလုံး စိတ်ကျေနပ်မှုရှိအောင်နဲ့ တနေ့တာကယ်လိုရီတွေ လောင်ကျွမ်းနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။

၃။ အုတ်ဂျုံမှုန့်

Robust-evidence-supports-oat-beta-glucan-s-cholesterol-lowering-potential.jpg 

အုတ်ဂျုံမှုန့်တွေဟာ antioxidant ကြွယ်ဝပြီး ဖက်တီးအက်ဆစ်တွေ ပြိုကွဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အုတ်ဂျုံမှုန့်ထဲမှာပါဝင်တဲ့ antioxidant တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လျှော့ချပေးပါတယ်။

၄။ လက်ဖက်စိမ်း

လက်ဖက်စိမ်းမျာလည်း ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးကို ကောင်းမွန်စေတဲ့ antioxidant တွေပါဝင်ပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ catechin နဲ့ EGCG တို့ကလည်း ဇီဝကမ္မလုပ်ဆောင်မှုတွေကို တိုးမြှင့်ပေးပါတယ်။ ဒါပေမယ့် ဗိုက်ထဲမှာအစာမရှိသေးဘဲ လက်ဖက်စိမ်းရေနွေးကြမ်းချည်းပဲ သောက်သုံးတာမျိုးကိုတော့ မပြုလုပ်သင့်ပါဘူး။

၅။ သစ်သီးသုပ်

pinacoladafruitsalad-8.jpg 

မိမိနှစ်သက်ရာ သစ်သီးစုံကို အစိတ်လေးတွေဖြစ်အောင် စိတ်ပိုင်းပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားလိုက်ပါ။ မနက်ကျရင် ဒိန်ချဉ်နည်းနည်း၊ ပျားရည်နည်းနည်းထည့်ပြီး ရောသုပ်လိုက်ပါ။ ရလာတဲ့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ သစ်သီးစုံသုပ်လေးဟာ အာဟာရပြည့်ဝစေပြီး နေ့လည်စာစားချိန်မရောက်ခင်အထိ ခင်ဗျားကိုအဆာခံစေမှာပါ။

၆။ ဂရိဒိန်ချဉ် (Greek Yogurt)

maxresdefault.jpg 

ဂရိဒိန်ချဉ်ဆိုတာ ရိုးရိုးဒိန်ချဉ်ထဲက သကာရည်ထုတ်ထားတဲ့ ဒိန်ချဉ်ကိုခေါ်တာပါ။ သူက ပုံမှန်ဒိန်ချဉ်တွေထက် ပိုပျစ်ပြီး အာဟာရဓာတ်လည်း ပိုမိုကြွယ်ဝပါတယ်။ သူ့မှာ ပရိုတိန်းဓာတ် အထူးကြွယ်ဝစွာပါဝင်ပြီး အစာစားချင်စိတ်ကိုလည်း လျှော့ချပေးလို့ ဝိတ်ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။

Source: theindianspot


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က