တကယ်တော့ ခရီးသွားတယ်ဆိုတာ ဒေသတစ်ခုကနေ နောက်ဒေသတစ်ခုကို ပြောင်းသွားတယ်ဆိုတာထက် အများကြီးပိုပါတယ်။
 

အနည်းဆုံး တစ်နှစ်မှာတစ်ခေါက်တော့ ခရီးသွားဖူးကြမယ်ထင်ပါတယ်။ ခရီးသွားတဲ့အခါ ဘယ်လိုသွားကြလဲ။ ရောက်ဖူးပြီးသား နေရာတွေကိုပဲ ပြန်သွားလား။ ဘုရားဖူးရုံသက်သက်ပဲလား။ ခရီးသွားတာကနေ ဘာပြန်ရလဲ။ စသဖြင့် မေးခွန်းတွေအများကြီး ရှိပါတယ်။ တကယ်တော့ ခရီးသွားတယ်ဆိုတာ ဒေသတစ်ခုကနေ နောက်ဒေသတစ်ခုကို ပြောင်းသွားတယ်ဆိုတာထက် အများကြီးပိုပါတယ်။ ခရီးသွားခြင်းကနေ အကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ အဲဒီထဲကမှ အချို့ကတော့....



၁။ သင်ယူနိုင်တယ်

beautiful-girl-with-camera.jpg

ခရီးသွားတယ်ဆိုတာ ဓာတ်ပုံလေးတွေရိုက်ပြီး Facebook ပေါ်တင်ရုံ၊ Instagram ပေါ်တင်ရုံအတွက်ပဲမဟုတ်ပါဘူး။ ပတ်ဝန်းကျင် ဗဟုသုတ၊ ဒေသန္တရဗဟုသုတ၊ ခရီးထွက်ခြင်းကရတဲ့ စိတ်လက်ပေါ့ပါးမှု စတာတွေအားလုံးပါ ပါတယ်။ ခရီးသွားခြင်းကရတဲ့ အသိပညာဟာ စာသင်ခန်းထဲမှာရတဲ့ အသိပညာတွေထက်ပိုပါတယ်။

ဥပမာဆိုရရင် ပုဂံရာဇဝင်ကို ကျောင်းဖတ်စာအုပ်ထဲမှာသင်လို့ သိရတဲ့ အသိပညာနဲ့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာလို့ရတဲ့ အသိပညာလုံးဝတူမှာမဟုတ်ပါဘူး။ ဒါကြောင့်ခရီးသွားတယ်ဆိုတာ သင်ကြားဖို့အတွက်လည်း ပါပါတယ်။

၂။ ခံစားနိုင်တယ်



ခရီးသွားတယ်ဆိုတာ စိတ်ထဲမှာတင်းကျပ်နေသမျှကို ဖောက်ချလိုက်ပြီး ကိုယ်ရောက်နေတဲ့ဒေသရဲ့ နောက်ခံသမိုင်းကြောင်း တွေနဲ့အတူ လိုက်ပါစီးမျောဖို့ပါပဲ။ အင်းလေးကန်ထဲမှာ မော်တော်လေးစီးရင်း အင်းလေးမှာရွာတဲ့မိုး သီချင်းကိုညည်းချင်ညည်းမယ်။ ပုဂံဘုရားတွေကြားမှာလျှောက်သွားရင်း ပုဂံမှာသာတဲ့လ ဇာတ်ဝင်ခန်းတွေကို ပြန်လည်မြင်ယောင်မယ်။ ဘဝဆိုတာ တစ်ခုတည်းရှိတာပါ။ ခရီးသွားရင်း ရတဲ့ခံစားချက်တွေက ဘာနဲ့မှမတူပါဘူး။ အိမ်မှာနေရင်း၊ မနက် (၉) ည (၅) ရုံးတက်နေရင်းမရနိုင်တဲ့ ခံစားမှုတွေကို အပြည့်ရယူလိုက်ပါ။

၃။ လူမသိသူမသိနေနိုင်တယ်

ခရီးသွားနေပြီဆိုရင် မြင်မြင်သမျှက ခင်ဗျားအတွက်လူစိမ်းတွေပါပဲ။ ရုံးမှာမြင်နေကျ၊ အိမ်မှာမြင်နေကျ၊ ရပ်ကွက်ထဲမှာ မြင်နေကျမဟုတ်တဲ့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိတဲ့ မျက်နှာစိမ်းတွေကြားမှာနေရတာ တနည်းအားဖြင့် လွတ်လပ်စေမှာပါ။ ခင်ဗျားဘာလုပ်လုပ် လိုက်ကြည့်နေမယ့်မျက်စိတွေမရှိဘူး။ ခင်ဗျားဘာလုပ်လုပ် အပြစ်ပြောမယ့်ပါးစပ်တွေမရှိဘူး။ ခင်ဗျားရဲ့မကောင်းသတင်းတွေကို နားထောင်မယ့် နားတွေမရှိဘူး။ ဘာပဲပြောပြော တစ်ခါတလေမှာ ကိုယ့်ကိုဘယ်သူမှ မသိတဲ့နေရာမှာ စိတ်လွတ်ကိုယ်လွတ်လျှောက်သွားရတာက ကောင်းမွန်တဲ့ခံစားချက်တစ်မျိုးပါပဲ။

၄။ လူသစ်တွေနဲ့တွေ့ဆုံနိုင်မယ်

ခရီးသွားပြီဆိုရင် ခရီးသွားဖော်ပဲဖြစ်ဖြစ်၊ ဒေသခံပဲဖြစ်ဖြစ် လူသစ်တွေနဲ့ကြုံရမှာပါ။ သူတို့နဲ့စကားပြောရင်း မတူညီတဲ့ဘဝတွေအကြောင်း၊ မတူညီတဲ့အခြေအနေတွေ၊ စိတ်ကူးတွေ၊ အိမ်မက်တွေအကြောင်း လေ့လာသိရှိခွင့်ရမှာပါ။ ကံအကြောင်းတိုက်ဆိုင်လို့ တွေ့ဆုံကြရတဲ့လူစိမ်းတွေနဲ့ ခရီးပြီးဆုံးလို့ နှုတ်ဆက်လမ်းမခွဲခင် စကားတွေပြောရတာ ခင်ဗျားအရင်က မမြင်ဖူး၊ မတွေးဖူးတဲ့ အမြင်သစ်တွေကို မြင်မိလာစေမှာပါ။

၅။ ကွဲပြားတဲ့ယဉ်ကျေးမှုတွေကို ထိတွေ့ခံစားနိုင်မယ်

myanmar-chin-tribe-portraits-black-and-white-8.jpg 

နိုင်ငံရပ်ခြားခရီးတစ်ခုကိုသွားမယ်ပဲဆိုကြပါစို့။ မိမိနိုင်ငံရဲ့ရိုးရာနဲ့မတူညီကွဲပြားတဲ့ ယဉ်ကျေးမှုထုံးလမ်းဓလေ့တွေကို တွေ့ထိခံစားရပါတော့မယ်။ တကယ်လို့ ခင်ဗျားသာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့အတူ သွားတယ်ဆိုရင် သူတို့လိုက်ပို့တဲ့ အထင်ကရနေရာတွေအပြင် ဒေသခံတွေရဲ့ယဉ်ကျေးမှုအစစ်အမှန်နဲ့လည်း ထိတွေ့ခွင့်ရအောင် ကြိုးစားသင့်ပါတယ်။ ဒေသအစားအစာတွေကို မြည်းစမ်းကြည့်တာလဲ ပါတာပေါ့နော်။

Source: Pinterest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က