စိတ်ညစ်ရတဲ့အပြင် ကျန်းမာရေးကိုပါ ထိခိုက်စေဦးမှာ။
Su Yee Moe

စိတ်ညစ်ရင် ဘာလုပ်လဲ? အစားစားလိုက်တာပဲလို့ ဖြေလေ့ရှိသူတွေကို ကြည့်လိုက်ရင် ပေါင် ၁၀၀ အောက် ဆိုတာ မရှိသလောက်ပဲ။ စိတ်ဓာတ်တွေကျ၊ ဘာမှမလုပ်နိုင်တဲ့အခါ အစားစားပြီးတော့ အားတင်းရတာပါပဲ။ ခက်တာက ကျန်းမာရေးနဲ့မညီညွတ်တာတွေကို အတိုင်းအဆမရှိ စားမိသွားတာ။ အဲ့ဒီမှာတင် အစားကြောင့် လူပါ ကျန်းမာရေးထိခိုက်ပြန်ရော။ ဘာတွေလဲဆိုတော့

၁။ မု့န်အချိုတွေ

Pretzel-Main.jpg 

ကာဘိုဟိုက်ဒြိတ်များများ ၊ သကြားများများနဲ့ ပြုလုပ်ထားတဲ့ မုန့်အချိုတွေကို စားမိတဲ့အခါ အချိုဓာတ်ကြောင့် စိတ်ခံစားချက်လေး ကောင်းသလိုဖြစ်လာတယ်။ တကယ်တမ်းကျတော့ သွေးထဲမှာသကြားဓာတ်မြင့်တက်လာပြီး စိတ်ဖိစီးမှုပိုဖြစ်စေမယ့် ကော်တီဇောဟော်မုန်းတွေပါ မြင့်တက်လာရော။

၂။ အယ်လ်ကိုဟော

5-Essential-Cocktails-You-Need-To-Know-How-To-Make-Saucey-App-4.jpg 

အရက် (အယ်လ်ကိုဟော)သောက်လို့ စိတ်ညစ်ပြေတယ်ဆိုတာ ခဏတဖြုတ်ပဲ။ သောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်လာမယ်၊ ကိုယ့်စိတ်ကိုယ်လည်း မထိန်းနိုင်တော့ဘူး။ အစားလည်းပိုစားမိသွားတယ်။

၃။ အာလူးကြော်

easier-french-fries.jpg 

အာလူးကြော်လိုမျိုး ဆီများများနဲ့ကြော်ထားတဲ့ အစားစာတွေဟာ စိတ်ဖိစီးမှုတွေကို ပိုဆိုးစေပါလိမ့်မယ်။ သာမာန်အခြေအနေမဟုတ်ဘဲ စိတ်ဖိစီးနေတဲ့အခြေအနေမှာ အာလူးကြော်ကိုစားရင် ခန္ဓာကိုယ်က မရှင်းထုတ်ပေးနိုင်ပဲ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်သွားစေတယ်။ အရသာရှိတဲ့ သွားရေစာလေး စားချင်ရင်တော့ အခွံမာသီး၊ အစေ့အဆံတွေကို စားနိုင်ပါတယ်။

၄။ Diet Soda

still-drinking-diet-soda.jpg 

ဆိုဒါတွေက ကျန်းမာရေးအတွက် မသင့်လျော်တဲ့အရာတွေပါ။ ဒါကြောင့်မို့လို့ diet soda ကို ရွေးတတ်ကြတယ်။ မထူးပါဘူး။ အတူူတူပါပဲ။ စိတ်ဖိစီးမှုဟာ ဂလူးကို့စ်ကို လက်မခံနိုင်ပါဘူး။ ဂလူးကို့စ်ပါတဲ့ diet soda ကို သောက်မယ်ဆိုရင် ပိုဆိုးလာပါတယ်။ သောက်ချင်ရင် ရေသာ များများသောက်ပါ။

Source : Live Strong


က္က