အညိုလား အဝါလား ကြိုက်တာစား....

အရသာချိုချိုလေးနဲ့ ကန်စွန်းဥပြုတ်ဟာ မြန်မာတွေအတွက်တော့ မုန့်တစ်ခုလိုပါပဲ။ ကန်စွန်းဥကို ကြော်စားရင်လည်း စားလို့ကောင်းတယ်။ လူကိုလည်း အာဟာရဖြစ်စေလို့ မနက်စာမှာထည့်စားပေးသင့်ပါတယ်။



 

ကန်စွန်းဥမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကိုကောင်းစေတယ်။ ကန်စွန်းဥ ၃.၅ အောင်စမှာ ဗီတာမင် A ပါဝင်မှုက ၁၀၀ မှ ၁၆၀၀ မိုက်ခရိုဂရမ် ရှိတာမို့လို့ တစ်နေ့တာဗီတာမင် A လိုအပ်တဲ့ပမာဏရဲ့ ၉၀% ကို ဖြည့်ပေးလိုက်သလိုပါပဲ။ ဗီတာမင် C လည်း ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။ အနာကျက်မြန်စေပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေပါတယ်။

 

သူ့ရဲ့အရသာက ချိုပေမဲ့ ဆီးချိုဖြစ်စေတဲ့အရာတော့ မဟုတ်ပါဘူး။  Medical News Today ရဲ့ ဖော်ပြချက်အရ ကန်စွန်းဥဟာ glycemic ညွှန်းကိန်းပါဝင်မှု နည်းတယ်လို့ ဆိုပါတယ်။ သဘာဝသကြားဓာတ်သာ ပါဝင်တာမို့ ဝိတ်တက်မှာ၊ ဆီးချိုဖြစ်မှာလည်း မပူရပါဘူး။ ဒါ့အပြင် အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ကောင်းကျိုးပဲဖြစ်စေမယ့် ကန်စွန်းဥဟာ မကြာခဏ စားသုံးပေးသင့်တဲ့အရာ ဖြစ်ပါတယ်။ ဈေးလည်းမကြီးဘူးလေ။

Source : Wellnessbin


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က