ဗီယက်နမ်နိုင်ငံဟာ လျှိုမြောင်တွေ၊ တောင်တန်းတွေနဲ့ လှပတဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။

ဗီယက်နမ်ဟာ အရှေ့တောင်အာရှက နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်တာနဲ့အားလျော်စွာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိလျှမ်းပြီး ကျော်သွားမိတတ်ပါတယ်။ တကယ်တမ်းကျတော့ ဗီယက်နမ်နိုင်ငံဟာ လျှိုမြောင်တွေ၊ တောင်တန်းတွေနဲ့ လှပတဲ့ နိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။


 

ဒါတင်မကသေးပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ ဗီယက်နမ်ဟာ ၁၉၉၀ နောက်ပိုင်းကတည်းက ကမ္ဘာပေါ်မှာ GDP တိုးတက်မှု အမြန်ဆုံး နိုင်ငံဖြစ်ပါတယ်တဲ့။ နောက်ပြီး အမေရိကန်- ဗီယက်နမ်စစ်ပွဲနောက်ပိုင်းမှာ ဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့ခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံသား သန်း (၄၀) ကျော်ဟာ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်လာနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာလည်း နောက်ပိုင်းမှာ စင်္ကာပူတို့၊ ထိုင်းတို့လို နိုင်ငံတွေထက် လျှိုမြောင်တွေ၊ တောင်တန်းတွေနဲ့ လှပတဲ့ ဗီယက်နမ်နိုင်ငံလေးကို အလည်သွားဖို့ စိတ်ကူးလာကြပါတယ်။ အခုဆိုရင် ပြည်တွင်းက ခရီးသွားဝန်ဆောင်မှုအေဂျင်စီ တော်တော်များများကလည်း ဗီယက်နမ် tour package တွေကို စီစဉ်ရောင်းချနေတာကို တွေ့ရှိရမှာပါ။ ဗီယက်နမ်နိုင်ငံကို မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့အကြောင်းရင်းတွေကတော့....

၁။ ဘဘာဝအလှတရားတွေ

Huong-Hai-deluxe-junk-01.jpg 

ဗီယက်နမ်နိုင်ငံရဲ့သဘာဝအလှတရားတွေဟာ အံ့သြဖို့ကောင်းလောက်အောင်လှပလွန်းပါတယ်။ ဘယ်နေရာကိုပဲကြည့်လိုက်၊ ကြည့်လိုက် သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဗီယက်နမ်နိုင်ငံဟာ မြို့ပြ ယဉ်ကျေးမှုကို စိတ်ကုန်နေသူတွေအတွက်တော့ စိတ်အပန်းပြေစရာထွက်ပေါက်တစ်ခုပါပဲ။

ဗီယက်နမ်မှာရှိတဲ့ တည်နေရာတော်တော်များများဟာ ဥရောပအငွေ့အသက်ရနေတတ်ပါတယ်။ Da Lat မြို့မှာဆိုရင် ဥရောပလက်ရာအဆောက်အဦးတွေနဲ့ ထင်းရှူးတောတွေနဲ့ပြည့်နေပါတယ်။ ဗီယက်နမ်နိုင်ငံတွင်းက ဘယ်နေရာကိုပဲသွားသွား...စိတ်ဝင်စားစရာမြင်ကွင်းတွေနဲ့ မျက်နှာချင်းဆိုင် ကြုံတွေ့ရမှာပါ။

၂။ ဖော်ရွေတဲ့လူမျိုးတွေ

ao-dai-4.jpg 

ဗီယက်နမ်နိုင်ငံသားတွေဟာ ဖော်ရွေတဲ့စိတ်ထားရှိတဲ့သူတွေဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကိုပေါ့။ အဲဒီလိုမျိုး အသေးအဖွဲအရာလေးတွေကပဲ ခရီးသွားရတာကို ပိုကောင်းသွားစေပါတယ်။ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေက ဘယ်လောက်ပဲလှလှ၊ ဒေသခံတွေက ရန်လိုနေရင် ခရီးသွားရတာ ဘယ်လိုမှ ပျော်စရာကောင်းမှာမဟုတ်ဘူးလေ။ ဗီယက်နမ်မှာတော့ ဘယ်နေရာကိုပဲသွားသွား တွေ့ရမယ့် ရင်းနှီးဖော်ရွေတဲ့မျက်နှာလေးတွေက ခင်ဗျားကိုကျေနပ်ပျော်ရွှင်စေမှာပါ။

၃။ စရိတ်အများကြီးမကုန်ကျဘူး

beef-and-noodle-soup-pho-bo-33067-1.jpg 

နိုင်ငံတိုးတက်လာတာနဲ့အမျှ နေရေးထိုုင်ရေးစရိတ်တွေကလည်း နည်းနည်းတော့မြင့်တက်လာပါတယ်။ ဒါပေမယ့် ဗီယက်နမ်ဟာ ကမ္ဘာပေါ်က လှပတဲ့လည်ပတ်စရာနေရာတွေထဲမှာ ကုန်ကျစရိတ်အရမ်းမများဘဲ သွားလာနိုင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။

ဗီယက်နမ်မှာ ကျောပိုးအိတ်တစ်လုံးနဲ့ လည်ပတ်မယ်ဆိုရင်တောင် (backpacker's budget) တစ်ရက်ကို ဒေါ်လာ ၅၀ နဲ့ ၁၀၀ ကြားမှာပဲရှိနိုင်ပါတယ်။ ကြယ် (၅) ပွင့် ဟိုတယ်တွေမှာတည်းမယ်ဆိုရင်တောင် တစ်နေ့ စုစုပေါင်းကုန်ကျစရိတ်က ဒေါ်လာ (၂၀၀) ထက်ပိုမှာမဟုတ်ပါဘူး။

နောက်တစ်ခုက ဗီယက်နမ်မှာ အစားအသောက်တွေ ဈေးချိုပါတယ်။ ဗီယက်နမ် ဖိုခေါက်ဆွဲတို့၊ ဝက်သားခေါက်ဆွဲတို့ဟာ နာမည်ကြီးဒေသအစားအစာတွေဖြစ်ပြီး ဈေးလည်းသက်သာပါတယ်။ တချို့ဗီယက်နမ်စာတွေဟာ လျှာပေါ်တင်လိုက်တာနဲ့ ထူးကဲတဲ့အရသာကြောင့် အချိန်ခဏလေးအတွင်းမှာ နှစ်သက်မိသွားစေမှာပါ။

၄။ ပွဲတော်တွေ

aaaaaaa-1-boost.jpg 

ဗီယက်နမ်မှာကြုံတွေ့ရမယ့် ဈေးတန်းလေးတွေနဲ့ ပွဲတော်တွေဟာ ကမ္ဘာပေါ်ကတခြားဘယ်ဟာနဲ့မှ မတူပါဘူး။ အားလုံး သိကြတဲ့အတိုင်းပဲ ဗီယက်နမ်နိုင်ငံဟာ အလွန်ရှည်လျားပြီး ကြွယ်ဝတဲ့သမိုင်းကြောင်းနဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့ အားလျော်စွာ ပွဲတော်ပေါင်းစုံကိုလည်း တွေ့ရမှာပါ။ ပြင်သစ်လက်အောက်ခံနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးတဲ့အတွက် ဥရောပလက်ရာအငွေ့အသက်တွေ ကျန်ရစ်သလို ဗီယက်နမ်ရိုးရာ ပွဲတော်အငွေ့အသက်တွေလည်း ရှိလို့ ပါးစပ်အဟောင်းသားနဲ့ငေးကြည့်ရမှာပါ။

မြန်မာနိုင်ငံလိုပဲ တစ်နှစ်ပတ်လုံး ပွဲတော်မျိုးစုံနဲ့စည်ကားနေတဲ့အတွက် ပွဲတော်တစ်ခုမဟုတ်တစ်ခုနဲ့တော့ ကြုံတွေ့ရမှာပါ။ ဗီယက်နမ်ရဲ့ပွဲတော်တွေမှာ ဝင်ရောက်လေ့လာရင်း ဗီယက်နမ်လူမျိုးတွေရဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကို မြင်တွေ့လေ့လာရမှာပါ။

၅။ ကမ်းခြေတွေ

maxresdefault.jpg 

ဗီယက်နမ်နိုင်ငံက ကမ်းခြေတွေဟာလည်း အံ့အားသင့်ဖွယ်ပါပဲ။ ခင်ဗျားသာ Da Nang (သို့) Nha Trang ဘက်ကို သွားဖြစ်မယ်ဆိုရင် ထူးခြားတဲ့သဘာဝအလှကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကမ်းခြေတွေဟာ အဖြူရောင်သဲသောင်ပြင်တွေနဲ့ လှပနေသလို ပင်လယ်ပြင်ကလည်း ကြည်လင်နေပါတယ်။ ရေကူးရတာလည်း နေရာအများစုမှာ အဆင်ပြေပါတယ်။ တစ်ယောက်တည်းမဟုတ်ဘဲ ချစ်သူလေးနဲ့ တူတူခရီးသွားတာဆိုရင် ရိုမန်းတစ်ဆန်နိုင်ဖို့အတွက် အကောင်းစား အပန်းဖြေစခန်းတွေလည်း ရှိပါသေးတယ်။

Source: glotraveler


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က