ထိုင်းရိုးရာအစားအစာတွေဟာ မိုးအေးအေးနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။
Thiha Htun

ထိုင်းအစားအစာနှစ်သက်တဲ့သူတွေရှိလား။ ကျွန်တော်တို့နိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းရိုးရာအစားအသောက်တွေကို ကျွန်တော်တို့မြန်မာလူမျိုးတွေ နှစ်သက်စွာ စားသုံးကြပါတယ်။ ဥပမာ... သင်္ဘောသီးထောင်းတို့၊ ကွေ့တီယိုတို့၊ တုန်ယမ်းဟင်းချို တို့ပေါ့။ ပူစပ်ပူလောင်အရသာရောယှက်နေတဲ့ ထိုင်းရိုးရာအစားအစာတွေဟာ မိုးအေးအေးနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။ ဒီနေ့မှာတော့ ထိုင်းရိုးရာ ကြက်သား ရာမင်ခေါက်ဆွဲလေးကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

thai_chicken_ramen4..jpg 

ပြုလုပ်နည်း

thai_chicken_ramen..jpg 

ပါဝင်တဲ့ပစ္စည်းတွေကတေ့ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်း၊ ငရုပ်ပွသီး (၁)လံုံး ( တစ်လက်မအရွယ်အစိတ်လေးတွေဖြစ်အောင် လှီးပြီးသား)၊ မုန်လာဥနီ (စိတ်ပိုင်းပြီး) (၁) ခွက်၊ ကြက်သွန်မြိတ် (၄) ပင်၊ ထိုင်း အစိမ်းရောင်ဟင်းနှစ် (၁) ထုပ်၊ ရေ (၄) ခွက်၊ အုန်းနို့ (၁၄) အောင်စ၊ ငံပြာရည် (၁) ဇွန်း၊ Nissin RAOH Umami Tonkotsu Flavor တံဆိပ် (သို့) မိမိနှစ်သက်ရာ ရာမင်ခေါက်ဆွဲ ခြောက်ထုပ် (၂) ထုပ်၊ ပြုတ်ပြီးသား ကြက်ရင်အုံသား (၁၀) အောင်စ၊ သံပုရာရည် (၁) ဇွန်း၊ ပါးပါးလှီးထားတဲ့ နံနံပင် (၁) ပန်းကန်၊ မြေပဲထောင်းနဲ့ နှမ်းစေ့အနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်ကတော့ အရင်ဆုံး အပူချိန် (medium-high) လောက်နဲ့ မီးဖိုတစ်လုံးပေါ်မှာ ဒယ်အိုးတစ်လုံးတင်ပြီး ဆီပူသတ်လိုက်ပါ။ ပြီးရင် ငရုပ်ပွသီး၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ် (၃) ပင်တို့ကို လှီးဖြတ်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။ တစ်မိနစ်လောက်ဆီပူထိုးပြီးရင် ထိုင်းအစိမ်းရောက်ဟင်းအနှစ် (Thai Green Curry paste) ကို ထည့်ပြီး နောက်ထပ် တစ်မိနစ်လောက် ဆီသတ်လိုက်ပါ။ ပြီးရင် ရေ၊ အုန်းနို့၊ ငံပြာရည်တို့ကိုပါ ထပ်မံရောထည့်ပြီး ဆူပွက်လာသည်အထိ ချက်ပြုတ်လိုက်ပါ။

1464831981856.jpg 

ပြီးရင်တော့ ရာမင်ခေါက်ဆွဲကို ထည့်လို့ရပါပြီ။ ခေါက်ဆွဲကို ဒယ်အိုးထဲထည့်ပြီးရင် အိုးကိုအဖုံးပိတ်ပြီး (၄) မိနစ်လောက်ကြာအောင် ချက်ပြုတ်လိုက်ပါ။ အဲဒီလိုချက်ပြုတ်နေချိန်မှာ ရာမင်ခေါက်ဆွဲခြောက်ထုပ်ထဲက အရသာမှုန့်တွေကို ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်ပါ။ စွပ်ပြုတ်အိုးထဲက စွပ်ပြုတ်ရည်ကို တစ်ဇွန်းလောက်ခပ်ပြီး အရသာမှုန့်ပန်းကန်ထဲ ထည့်မွှေထားပေးလိုက်ပါ။ ပြီးရင် အရသာမှုန့်အရည်ကို အိုးထဲပြန်ထည့်ပေးလိုက်ပါ။

(၄) မိနစ်ပြည့်ပြီဆိုရင် ကြက်သားပြုတ်ကို အမျှင်လေးတွေဖြစ်အောင် လုပ်ထားတာရယ်၊ သံပုရာရည်ရယ်၊ နံနံပင်ရယ်ကို အိုးအပေါ်ကနေအုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန် (၄) လုံးယူပြီး ပန်းကန်တွေထဲမှာ နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲထောင်း၊ နှမ်းစေ့တို့ထည့်ထားလိုက်ပါ။ ပြီးမှ ခေါက်ဆွဲအိုးထဲကခေါက်ဆွဲတွေကို ပန်းကန်လုံးတွေထဲကို အညီအမျှခွဲထည့်ပြီး ပြင်ဆင်လိုက်ပါ။ ဒါဆိုရင်တော့ မိသားစုဝင် (၄) ယောက်စာ ဝဝလင်လင်စားသုံးနိုင်တဲ့ ထိုင်းကြက်သား ရာမင်ခေါက်ဆွဲလေးကို ရရှိပါပြီ။

Source: cookingclassy


က္က