ပြန်နွှေးအစားအစာတွေက ကျန်းမာရေးနဲ့ ဘယ်လောက်ကိုက်ညီတယ်ဆိုတာကိုကော တွေးမိကြရဲ့လား။
Thiha Htun

တစ်ယောက်တည်းနေတဲ့ ရုံးသမားတွေအတွက်တော့ မနက်ကချက်ပြုတ်ထားတဲ့ဟင်းတွေကို ညနေကျမှ ပြန်နွှေးစားရတာထုံးစံပါပဲ။ တချို့အစားအစာတွေက ပြန်နွှေးလိုက်မှ အရသာပိုရှိနေတတ်တာပါ။ ဒါပေမယ့် အဲဒီလိုပြန်နွှေးအစားအစာတွေက ကျန်းမာရေးနဲ့ ဘယ်လောက်ကိုက်ညီတယ်ဆိုတာကိုကော တွေးမိကြရဲ့လား။

6.-Chicken.jpg 

တကယ်တော့ တချို့အစားအသောက်တွေက ပြန်နွှေးလိုက်ရင် ကျန်းမာရေးနဲ့ မညီညွတ်တော့တာတွေရှိပါတယ်။ ဘာတွေလဲဆိုတောာ့...

၁။ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ

1.-Green-Leafy-Veggies.jpg 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (အထူးသဖြင့် ဟင်းနုနွယ်ရွက်တို့၊ တရုပ်နံနံကြီးတို့ပေါ့) နဲ့ နိုက်ထရိတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ပြန်နွှေးပြီးမစားသုံးသင့်ပါဘူး။ အိမ်မှာ မိုက်ခရိုဝေ့ဖ် မီးဖိုရှိတယ်ဆိုရင် အေးစက်နေတဲ့ဟင်းတွေကို ပြန်နွှေးတာက ထုံးစံပါပဲ။

ဘယ်သူမဆို အလုပ်ကပင်ပန်းပြီး ပြန်လာချိန် ပူပူနွေးနွေးအစားအစာလေးတွေကို စားချင်မှာပါပဲ။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားတဲ့ ဟင်းသီးဟင်းရွက်ကြော်တွေကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲထည့်ပြီး ပြန်နွှေးတယ်ဆိုတာ ဓာတုဓာတ်ပြုမှုအရ ပြောင်းလဲမှုတွေကို ကြုံတွေ့ရမှာပါ။ အဲဒီအချိန်မှာ ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ နိုက်ထရိတ် (nitrate) တွေဟာလည်း နိုက်ထရိုက် (nitrite) ဖြစ်သွားပြီး လူကိုအန္တရာယ်ပေးနိုင်ပါတယ်။

၂။ ကြက်ဥတွေ

2.-Eggs.jpg 

ကြက်ဥတွေဟာလည်း ပရိုတိန်းဓာတ်ကြွယ်ဝပြီး အပူချိန်အမျိုးမျိုးနဲ့ချက်ပြုတ်ခြင်းဟာ သူတို့ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ ဒါကြောင့် ကြက်ဥ/ ဘဲဥတွေကို ပြန်နွှေးပြီး မစားသုံးသင့်ပါဘူး။ နောက်ပြီး ကြက်ဥတွေကို ပြန်နွှေးမယ်ဆိုရင် အစာလမ်းကြောင်း ထဲမှာလည်း ပိတ်ဆို့မှုတွေဖြစ်ပွားနိုင်ပါတယ်။

နောက်ပြီး ယေဘုယျအားဖြင့်ပြောရရင် ကြက်ဥတွေကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်ပြီး အပူပေးတာကိုက အန္တရာယ်များလှပါပြီ။ ကြက်ဥကို အခွံမခွာဘဲ မီးဖိုထဲမှာအပူပေးလိုက်တာက အတွင်းထဲမှာ ဖိအားတွေမြင့်တက်လာစေပြီး ပေါက်ကွဲသွားစေနိုင်ပါတယ်။ ဘယ်သူမှတော့ ကြက်ဥကို အခွံမခွာဘဲ မီးဖိုထဲ ထည့်ပြုတ်ရလောက်အောင်တော့ နမော်နမဲ့မနိုင်လောက်ပါဘူး။ ဟုတ်တယ်ဟုတ်။

၃။ မိခင်နို့ရည်

3.-Breast-Milk.jpg

အလုပ်လုပ်တဲ့မိခင်တွေဟာ သူတို့ရဲ့ရင်သွေးလေးတွေအတွက် နို့ညှစ်ပေးထားခဲ့ပြီး ကလေးထိန်းကို တိုက်ခိုင်းခဲ့ပါတယ်။ အဲဒီမှာ ကလေးထိန်းက မိခင်နို့ရည်ကို မိုက်ခရိုဝေ့ဖ်မီးဖိုထဲ အပူပြန်ပေးပြီး ကလေးကို တိုုက်မိတတ်ပါတယ်။ အမှန်တော့ အဲဒီလိုလုံးဝမလုပ်သင့်ပါဘူး။

နံပါတ်တစ်အချက်က မိုက်ခရိုဝေ့ဖ်အပူပေးခြင်းက မညီမျှပါဘူး။ ဒါကြောင့် တချို့နေရာတွေမှာ အပူများပြီး တချို့နေရာတွေမှာတော့ အပူနည်း နေနိုင်ပါတယ်။ ဒါဟာ ကလေးလေးတွေအတွက် အဆင်မပြေဖြစ်နိုင်ပြီး လျှာကိုလည်းကျက်စေနိုင်ပါတယ်။

နောက်တစ်ခုက ပြန်နွှေးလိုက်မယ်ဆိုရင် မိခင်နို့ရည်မှာပါဝင်တဲ့ ကလေးလေးရဲ့ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အရာတွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီတော့ ပြန်နွှေးလိုက်မယ်ဆိုရင် မိခင်နို့ရည်မှာပါတဲ့ အစွမ်းသတ္တိတွေကိုလည်း ဆုံးရှုံးစေနိုင်ပါတယ်။

၄။ ဆီ

4.-Oil.jpg 

စမူဆာတို့၊ ပလာတာတို့ကြော်ရင် ကြော်တဲ့ဆီကို ဘယ်လိုသုံးတယ်ထင်ပါသလဲ။ ဆိုင်တွေမှာတော့ ကြော်ပြီးသားဆီတွေကိုပဲ ပြန်သုံးကြတာပါ။ ဒါတွေကို ပြန်ကြော်ဆီလို့ ခေါ်ပါတယ်။ ပြန်ကြော်ဆီနဲ့ကြော်တဲ့ ဆီကြော်မုန့်တွေကို ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ပြောတာလည်း ကြားဖူးကြမှာပါ။ ပြန်ကြော်ဆီတွေကိုသုံးမယ်ဆိုရင် ဖက်တီးအက်ဆစ်တွေဖြစ်လာစေနိုင်တဲ့အတွက် ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

၅။ အာလူး

5.-Potatoes.jpg 

အာလူးကိုပြုတ်ပြီး (သို့) ချက်ပြုတ်ပြီး အခန်းအပူချိန်မှာပဲထားခဲ့မယ်ဆိုရင်တောင် အဆိပ်ရှိတဲ့ဘက်တီးရီးယားတွေ လျင်မြန်စွာ ဆပွားလာနိုင်ခြေများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်တီးရီးယားတွေဟာ အခန်းအပူချိန်မှာ ရှင်သန်နိုင်လို့ပါပဲ။ မိုက်ခရိုဝေ့မီးဖိုထဲမှာ ပြန်နွှေးလိုက်မယ်ဆိုရင် cold spot လို့ခေါ်တဲ့ အကျက်မညီတဲ့နေရာတွေကျန်ခဲ့နိုင်ပါမယ်။ အဲဒီနေရာတွေမှာ ဘက်တီးရီးယားတွေ ဆက်လက်နေထိုင်၊ ပွားများနိုင်ပါတယ်။ အဲဒီကနေ အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်တာပါ။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ


က္က