• Food & Recipe
    ထိုင်းပုလဲနို့ လက်ဖက်ရည်အေးလေး ဖျော်သောက်ကြမယ်
Thiha Htun
[Unicode Version]

ထိုင်းလက်ဖက်ရည်အေး (Thai Iced Tea) ဆိုတာ လူသိများတဲ့ ထိုင်းအစားအသောက်တစ်မျိုးဖြစ်ပြီး Black tea (လက်ဖက်ခြောက်အမဲ) ရယ်၊ နို့ရယ်၊ သကြားရယ်ကို ရောပြီး ဖော်စပ်ထားတာပါ။ ဒီ လက်ဖက်ရည်အေးလေးက ထိုင်းနိုင်ငံမှာသာမက အရှေ့တောင်အာရှတခွင်မှာပါ ထင်ရှားပါတယ်။

b87b314582490c7de5e48c89831c8fae.jpg 

ထိုင်းလက်ဖက်ရည်အေးကို လက်ဖက်ခြောက်မဲ၊ နို့၊ သကြားတို့နဲ့သာမက လိမ္မော်ပွင့်ဖတ်ရည်တို့၊ စမုန်စပါးတို့၊ မန်ကျည်းသီး တို့နဲ့လည်း ရောစပ်ပြုလုပ်လို့ရပါသေးတယ်။ နို့ကိုလည်း နွားနို့၊ ဆိတ်နို့၊ အုန်းနို့ စသဖြင့် မိမိနှစ်သက်ရာနို့အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

တစ်ခုသတိပြုရမှာကတော့ ထိုင်းလက်ဖက်ရည်အေး (iced tea) က boba tea (ပုလဲလုံးပါတဲ့ လက်ဖက်ရည်အေး) နဲ့ မတူညီပါဘူး။ အဲဒီလိုပုလဲလုံးပါတဲ့ လက်ဖက်ရည်အေးကိုတော့ "Thai Pearl Milk tea" (ထိုင်း ပုလဲနို့လက်ဖက်ရည်) လို့ခေါ်ပါတယ်။ ဒီနေ့ဖော်ပြမှာကတော့ ထိုင်းပုလဲနို့ လက်ဖက်ရည်ကို ကိုယ်တိုင်ဘယ်လိုဖျော်သောက်ရမလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။

ပြုလုပ်နည်း

 

ဒီလက်ဖက်ရည်လေးပြုလုပ်ဖို့တော့ ပြင်ဆင်ချိန် (၅) မိနစ်၊ ပြုလုပ်ချိန် (၁၀) မိနစ်၊ နှပ်ချိန် မိနစ် (၄၀) လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ထိုင်းလက်ဖက်ခြောက် (သို့) ရှမ်းလက်ဖက်ခြောက်မဲ လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ ရေ (၄) ခွက်၊ စစ်ထုတ်ပြီး ရယ်ဒီမိတ် နို့ရည် (၁) ခွက်၊ သကြား (၁၀) ဇွန်း၊ boba ပုလဲ (၁) ခွက် (ပီလောပီနံဥနဲ့ ပြုလုပ်ထားတဲ့ ပုလဲလေးတွေပါ။ ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်)၊ ရေခဲ အနည်းငယ်တို့ပဲဖြစ်ပါတယ်။

pumpkin.spice_.bubble.milk_.tea_.with_.boba_.2.1.jpg 

စတင်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ရေနွေးဆူပြီဆိုတာနဲ့ ထိုင်းလက်ဖက်ခြောက်မဲနဲ့ သကြားကို ရေနွေးထဲကိုထည့်လိုက်ပါ။ ပြီးရင် (၁၀) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ကို စကာတစ်ခုနဲ့စစ်ထုတ်ပြီး ဖန်ခရားတစ်ခုထဲမှာထည့်ထားလိုက်ပါ။ ပြီးရင်ရလာတဲ့ လက်ဖက်ရည်ကို ရေခဲသေတ္တာထဲမှာ မိနစ် (၃၀) လောက်ကြာအောင် နှပ်ထားပေးလိုက်ပါ။

အဲဒီလိုတွေလုပ်နေချိန်မှာ Boba pearl (ပီလောပီနံဥလုံး) လေးတွေကိုလည်း ပြုတ်ထားပေးလိုက်ပါဦး။ ပြီးရင်တော့ ပြုတ်ပြီးတဲ့ ပုလဲလုံးလေးတွေကို ဖန်ခွက်ရှည်တစ်ခုထဲမှာ ထည့်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ထည့်ထားတဲ့ ဖန်ခရားထဲကို ရေခဲအနည်းငယ်ထည့်ပေးလိုက်ပါ။ ပြီးရင် အဲဒီဖန်ခရားထဲကိုပဲ စစ်ထုတ်ပြီး ရယ်ဒီမိတ်နို့ရည် (သို့) နို့ဆီ (၂) ဇွန်းလောက် ထည့်ပေးလိုက်ပါ။ ပြီးရင် မွှေပေးလိုက်ပြီး စောစောက ပုလဲထည့်ထားတဲ့ ဖန်ခွက်ရှည်ထဲကို လက်ဖက်ရည်လောင်းထည့်ပြီး အရသာကောင်းမွန်တဲ့ ထိုင်းပုလဲနို့ လက်ဖက်ရည်အေးလေးကို အရသာခံနိုင်ပါပြီ။

Source: 196flavours

[Zawgyi Version]

ထိုင္းလက္ဖက္ရည္ေအး (Thai Iced Tea) ဆိုတာ လူသိမ်ားတဲ႔ ထိုင္းအစားအေသာက္တစ္မ်ိဳးျဖစ္ၿပီး Black tea (လက္ဖက္ေျခာက္အမဲ) ရယ္၊ ႏို႔ရယ္၊ သၾကားရယ္ကို ေရာၿပီး ေဖာ္စပ္ထားတာပါ။ ဒီ လက္ဖက္ရည္ေအးေလးက ထိုင္းႏိုင္ငံမွာသာမက အေရွ႕ေတာင္အာရွတခြင္မွာပါ ထင္ရွားပါတယ္။

ထိုင္းလက္ဖက္ရည္ေအးကို လက္ဖက္ေျခာက္မဲ၊ ႏို႔၊ သၾကားတို႔နဲ႔သာမက လိေမၼာ္ပြင္႔ဖတ္ရည္တို႔၊ စမုန္စပါးတုိ႔၊ မန္က်ည္းသီး တို႔နဲ႔လည္း ေရာစပ္ျပဳလုပ္လို႔ရပါေသးတယ္။ ႏို႔ကိုလည္း ႏြားႏို႔၊ ဆိတ္ႏို႔၊ အုန္းႏို႔ စသျဖင္႔ မိမိႏွစ္သက္ရာႏို႔အမ်ိဳးအစားကို ေရြးခ်ယ္အသံုးျပဳႏိုင္ပါတယ္။

တစ္ခုသတိျပဳရမွာကေတာ႔ ထိုင္းလက္ဖက္ရည္ေအး (iced tea) က boba tea (ပုလဲလံုးပါတဲဲ႔ လက္ဖက္ရည္ေအး) နဲ႔ မတူညီပါဘူး။ အဲဒီလိုပုလဲလံုးပါတဲ႔ လက္ဖက္ရည္ေအးကိုေတာ႔ "Thai Pearl Milk tea" (ထိုင္း ပုလဲႏို႔လက္ဖက္ရည္) လို႔ေခၚပါတယ္။ ဒီေန႔ေဖာ္ျပမွာကေတာ႔ ထိုင္းပုလဲႏို႔ လက္ဖက္ရည္ကို ကိုယ္တိုင္ဘယ္လိုေဖ်ာ္ေသာက္ရမလဲဆိုတာကို ေဖာ္ျပေပးသြားမွာပါ။

ျပဳလုပ္နည္း

 

ဒီလက္ဖက္ရည္ေလးျပဳလုပ္ဖို႔ေတာ႔ ျပင္ဆင္ခ်ိန္ (၅) မိနစ္၊ ျပဳလုပ္ခ်ိန္ (၁၀) မိနစ္၊ ႏွပ္ခ်ိန္ မိနစ္ (၄၀) လိုအပ္ပါတယ္။ ပါဝင္ပစၥည္းေတြကေတာ႔ ထိုင္းလက္ဖက္ေျခာက္ (သို႕) ရွမ္းလက္ဖက္ေျခာက္မဲ လက္ဖက္ရည္ဇြန္း (၄) ဇြန္း၊ ေရ (၄) ခြက္၊ စစ္ထုတ္ၿပီး ရယ္ဒီမိတ္ ႏို႔ရည္ (၁) ခြက္၊ သၾကား (၁၀) ဇြန္း၊ boba ပုလဲ (၁) ခြက္ (ပီေလာပီနံဥနဲ႔ ျပဳလုပ္ထားတဲ႔ ပုလဲေလးေတြပါ။ ဆိုင္ေတြမွာ ေမးဝယ္လို႔ရပါတယ္)၊ ေရခဲ အနည္းငယ္တို႔ပဲျဖစ္ပါတယ္။

စတင္ျပဳလုပ္ေတာ႔မယ္ဆိုရင္ အရင္ဆံုး ေရေႏြးတစ္အိုးတည္လိုက္ပါ။ ေရေႏြးဆူၿပီဆိုတာနဲ႔ ထိုင္းလက္ဖက္ေျခာက္မဲနဲ႔ သၾကားကို ေရေႏြးထဲကိုထည္႔လိုက္ပါ။ ၿပီးရင္ (၁၀) မိနစ္ခန္႔ ႏွပ္ထားေပးလိုက္ပါ။ ၿပီးရင္ လက္ဖက္ရည္ကို စကာတစ္ခုနဲ႔စစ္ထုတ္ၿပီး ဖန္ခရားတစ္ခုထဲမွာထည္႔ထားလိုက္ပါ။ ၿပီးရင္ရလာတဲ႔ လက္ဖက္ရည္ကို ေရခဲေသတၱာထဲမွာ မိနစ္ (၃၀) ေလာက္ၾကာေအာင္ ႏွပ္ထားေပးလိုက္ပါ။

အဲဒီလိုေတြလုပ္ေနခ်ိန္မွာ Boba pearl (ပီေလာပီနံဥလံုး) ေလးေတြကိုလည္း ျပဳတ္ထားေပးလိုက္ပါဦး။ ၿပီးရင္ေတာ႔ ျပဳတ္ၿပီးတဲ႔ ပုလဲလံုးေလးေတြကို ဖန္ခြက္ရွည္တစ္ခုထဲမွာ ထည္႔ထားေပးလိုက္ပါ။ ၿပီးရင္ လက္ဖက္ရည္ထည္႔ထားတဲ႔ ဖန္ခရားထဲကို ေရခဲအနည္းငယ္ထည္႔ေပးလိုက္ပါ။ ၿပီးရင္ အဲဒီဖန္ခရားထဲကိုပဲ စစ္ထုတ္ၿပီး ရယ္ဒီမိတ္ႏို႔ရည္ (သို႔) ႏို႔ဆီ (၂) ဇြန္းေလာက္ ထည္႔ေပးလိုက္ပါ။ ၿပီးရင္ ေမႊေပးလိုက္ၿပီး ေစာေစာက ပုလဲထည္႔ထားတဲ႔ ဖန္ခြက္ရွည္ထဲကို လက္ဖက္ရည္ေလာင္းထည္႔ၿပီး အရသာေကာင္းမြန္တဲ႔ ထုိင္းပုလဲႏို႔ လက္ဖက္ရည္ေအးေလးကို အရသာခံႏိုင္ပါၿပီ။

Source: 196flavours


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs