ဈေးဝယ်စင်တာထဲမှာ ရေခဲမုန့်လေးစားရင်း ဈေးဝယ်ရင် ရေခဲမုန့်အရည်ပျော်ကျပြီး အရည်တွေ တောက်တောက် တောက်တောက် ကျနေလို့ စိတ်ညစ်ခဲ့ရဖူးပါသလား။

ခေါင်းစဉ်ကိုကြည့်ပြီး ဘယ်လိုကြီးလဲဟ လို့ တွေးနေလောက်ပါပြီ။ ကမ္ဘာပေါ်မှာ မတော်တဆတွေ့ရှိခဲ့တဲ့ တီထွင်မှုပေါင်းများစွာ ပေါ်ပေါက်ခဲ့ပြီးပါပြီ။ တချို့ကအရမ်းမိုက်ပြီး တချို့ကတော့ အရမ်းရယ်ရပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ အားလုံးထဲမှာ ဗိုလ်စွဲမယ်ထင်ပါတယ်။ အဲဒါကတော့ အရည်မပျော်တဲ့ရေခဲမုန့်ပါပဲ။


 

ကာနာဇာဝါ ရေခဲမုန့်

 

ဟုတ်ပါတယ်။ ဂျပန်နိုင်ငံ၊ ကာနာဇာဝါ သုတေသနဌာနက သိပ္ပံပညာရှင်တွေက ဘယ်တော့မှအရည်မပျော်မယ့် ရေခဲမုန့်တစ်မျိုးကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ စတင်ပေါ်ပေါက်ရာနေရာကို အစွဲပြုပြီး ကာနာဇာဝါရေခဲလို့ နာမည်ပေးထားတဲ့ ရေခဲနဲ့ ပြုလုပ်ထားတဲ့ ဒီရေခဲမုန့်တွေဟာ အခုဆိုရင် ကာနာဇာဝါ၊ အိုဆာကာနဲ့ တိုကျိုမြို့တွေမှာ ဝယ်ယူရရှိနိုင်ပါပြီလို့ ဂျပန်သတင်း ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Asahi Shimbun က ဆိုထားပါတယ်။

အဆိုပါရေခဲမုန့်တွေကို ထုတ်လုပ်ရောင်းချသူကုမ္မဏီရဲ့ဥက္ကဌ Takeshi Toyoda (တာကာရှိ တိုယိုဒါ) ကတော့ ဒီရေခဲတွေဟာ ဆံပင်အခြောက်လှမ်းစက်ကထွက်တဲ့ လေပူနဲ့မှုတ်လိုက်ရင်တောင် ပုံစံ သိသိသာသာပျက်ယွင်းသွားမှာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

ဒီသတင်းဟာ ဟုတ်မှဟုတ်ပါ့မလားလို့တောင် သံသယရှိဖွယ်ပါပဲ။ ဖြစ်နိုင်ခြေရှိတာကတော့ ရေခဲမုန့်ထဲမှာ အထဲကဆီနဲ့ရေကို ကွဲမသွားအောင်ထိန်းထားမယ့် စတော်ဘယ်ရီ extract အရည်ပါဝင်နေပုံ ရပါတယ်။ ဒီရိုးရှင်းတဲ့ပေါင်းစပ်မှုလေးက တော်ရုံတန်ရုံအပူချိန်အောက်မှာတောင် ရေခဲမုန့်တွေကို အရည်မပျော်အောင်ထိန်းထားပေးနိုင်တာပဲဖြစ်ရမယ်။

"Polyphenol အရည်တွေမှာ ဆီနဲ့ရေကို ကွဲမသွားအောင်ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ဒီအရည်ကို ရေခဲမုန့်တွေမှာပေါင်းစပ်လေးလိုက်ခြင်းက ရေခဲမုန့်ရဲ့ပုံသဏ္ဍာန်ကို ထိန်းထားနိုင်ပြီး လွယ်လွယ်နဲ့အရည်မပျော်စေတာပါပဲ" လို့ အရည်မပျော်တဲ့ရေခဲမုန့်ကို တီထွင်ခဲ့တဲ့ Tomihisa Ota (တိုမီဟီဆာ အိုတ) ကဆိုပါတယ်။

ဘယ်လိုစတင်တွေ့ရှိလဲဆိုတော့

This-Japanese-Ice-Cream-Will-Never-Melt_302137160_finallast-760x506.jpg

ရယ်စရာကောင်းတာတစ်ခုကတော့ ဒီရေခဲမုန့်ကို မတော်တဆတီထွင်မိခဲ့တာပါပဲ။ အစတုံးက သိပ္ပံပညာရှင်တွေက polyphenol extract အရည်အမျိုးမျိုးကိုပေါင်းစပ်ပြီး စတော်ဘယ်ရီ သရေစာအသစ်တစ်ခု ဖန်တီးဖို့ ကြိုးစားနေခဲ့တာပါ။ ကုမ္မဏီက မုန့်ဖုတ်ကျွမ်းကျင်တဲ့စားဖိုမှူးတစ်ယောက်ကို ငှားလိုက်တော့မှ အဲဒီ extract အရည်တွေဟာ ရေခဲမုန့်ကို အရည်မပျော်အောင် ထိန်းထားနိုင်မှန်း သူတို့သိခဲ့ကြတာပါ။

အဲဒီရေခဲမုန့်တွေဟာ တစ်ခုမှ ယန်း (၅၀၀) (မြန်မာငွေ (၆၁၅၃) ကျပ်) လောက်ပဲ ကျသင့်မှာပါ။ ဝမ်းနည်းစရာကောင်းတာ တစ်ခုကတော့ ဒီရေခဲမုန့်တွေဟာ လောလောဆယ်တော့ ဂျပန်မှာပဲ ဝယ်စားလို့ ရဦးမှာပါ။ တစ်ချိန်ချိန်မှာတော့ မြန်မာနိုင်ငံကို ရောက်လာပါစေ ဆုတောင်းရမှာပေါ့လေ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က