• Food & Recipe
    နက်မှောင်လှပတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ ဆီးဖြူသီးရဲ့ကောင်းကျိုးများ
Thiha Htun
[Unicode Version]

ဆံပင်ကျွတ်ကျတာတွေ၊ ကြမ်းတမ်းတဲ့ဆံပင်တွေကို စိတ်ကုန်နေပြီလား။ ဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ အလေ့ထပေါက်ရောက်တဲ့ အသီးအနှံတစ်မျိုးကို မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ဆီးဖြူသီးပါပဲ။ ဆီးဖြူသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဆံပင်ကို ကြီးမားစွာအကျိုးပြုနိုင်ပါတယ်။ ဆီးဖြူသီးရဲ့ဆံကေသာအပေါ်သက်ရောက်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ ဆံပင်သန်စေတယ်

hair-loss.jpg 

ဆီးဖြူသီးမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဦးရေပြားကိုုကျန်းမာစေပြီး ဆံပင်သန်စေဖိုု့အတွက်လည်း ကောင်းကောင်းအထောက်အကူပေးနိုင်ပါတယ်။

၂။ သဘာဝဆံပင်ပေါင်းဆေး

ဆီးဖြူသီးဟာ ဆံပင်တစ်ချောင်းချင်းစီကို အာဟာရဖြည့်ပေးခြင်း၊ အားဖြည့်ပေးခြင်း၊ အစိုဓာတ်ပြန်လည်ထိန်းသိမ်းပေးခြင်းဖြင့် ဆံသားကို ပိုမိုတောက်ပြောင်စေသလို ဆံလုံးလည်း ပိုတုတ်လာစေပါတယ်။

၃။ ဗောက်ပျောက်စေတယ်

winter-hair-fall.jpg 

ဗောက်တွေဆိုတာ ဦးရေပြားနဲ့ ဆံသားခြောက်သွေ့မှုကြောင့် ဖြစ်လာရတာပါ။ ဆီးဖြူသီးမှာပါဝင်တဲ့ ဗိုက်တာမင်စီဟာ ဦးရေပြားခြောက်သွေ့မှုကို ကုသပေးနိုင်တဲ့အတွက် ဗောက်တွေဖြစ်မလာအောင်လည်း တားဆီးပေးပါတယ်။

၄။ ဦးရေပြားသန့်ရှင်းပေးတယ်

ဆီးဖြူသီးဖျော်ရည်ဟာ ဦးရေပြားကို သန့်ရှင်းစေတဲ့အရာတစ်မျိုးလည်းဖြစ်ပါတယ်။ ၎င်းဟာ ဦးရေပြားကို အာဟာရဖြည့်ပေးတဲ့အတွက် ခေါင်းပေါ်က မလိုလားအပ်တဲ့ အမှိုက်တွေနဲ့ ဘက်တီးရီးယားတွေကို ရှင်းလင်းပေးပါတယ်။

၅။ ဆံပင်အရောင်ကိုလည်း အားကောင်းစေတယ်

beautiful-asian-girl-wallpaper-6.jpg 

ဆံပင်အရောင်ဆိုးဆေးအများစုမှာ ဆီးဖြူသီးပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆီးဖြူသီးဟာ ဆံပင်အရောင်ကိုထိန်းသိမ်းပေးနိုင်တဲ့ ဓာတ်သတ္တိတစ်မျိုး ပါဝင်လို့ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆီးဖြူသီးကို တခြားဓာတ်တွေနဲ့ ရောစပ်လိုက်ရင် ဆံပင်အရောင်ကျွတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

၆။ ဆံပင်ဖြူတွေကိုလည်း လျော့နည်းစေတယ်

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ ခန္ဓာကိုယ်ထဲမှာ တေဇောဓာတ်များပြားမှုကြောင့် ဖြစ်လာရပါတယ်။ တေဇောဓာတ်များပြားခြင်းရဲ့ လက္ခဏာတွေထဲမှာ အရေပြားအနီကွက်ထခြင်း၊ အပူလောင်ခြင်း၊ အစာအိမ်အနာ၊ အပူများခြင်းနဲ့ နှလုံးအောင့်ခြင်းတို့ ပါဝင်ပါတယ်။ သဘာဝအအေးစာတစ်မျိုးဖြစ်တဲ့ ဆီးဖြူသီးကတော့ တေဇောဓာတ်များခြင်းကို ကုသပေးနိုင်တဲ့အတွက် ဆံပင်ဖြူခြင်းကိုလည်း လျော့နည်းစေပါတယ်။

Source: food.ndtv

[Zawgyi Version]

ဆံပင္ကြ်တ္က်တာေတြ၊ ၾကမ္းတမ္းတဲ႔ဆံပင္ေတြကို စိတ္ကုန္ေနၿပီလား။ ဒါဆိုရင္ေတာ႔ ျမန္မာႏိုင္ငံမွာ အေလ႔ထေပါက္ေရာက္တဲ႔ အသီးအႏွံတစ္မ်ိဳးကို မိတ္ဆက္ေပးပါရေစ။ အဲဒါကေတာ႔ ဆီးျဖဴသီးပါပဲ။ ဆီးျဖဴသီးမွာပါဝင္တဲ႔ အာဟာရဓာတ္ေတြဟာ ဆံပင္ကို ႀကီးမားစြာအက်ိဳးျပဳႏိုင္ပါတယ္။ ဆီးျဖဴသီးရဲ႕ဆံေကသာအေပၚသက္ေရာက္ႏိုင္တဲ႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔...

၁။ ဆံပင္သန္ေစတယ္

hair-loss.jpg 

ဆီးျဖဴသီးမွာ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ဦးေရျပားကိုုက်န္းမာေစၿပီး ဆံပင္သန္ေစဖိုု႔အတြက္လည္း ေကာင္းေကာင္းအေထာက္အကူေပးႏိုင္ပါတယ္။

၂။ သဘာဝဆံပင္ေပါင္းေဆး

ဆီးျဖဴသီးဟာ ဆံပင္တစ္ေခ်ာင္းခ်င္းစီကို အာဟာရျဖည္႔ေပးျခင္း၊ အားျဖည္႔ေပးျခင္း၊ အစိုဓာတ္ျပန္လည္ထိန္းသိမ္းေပးျခင္းျဖင္႔ ဆံသားကုိ ပိုမိုေတာက္ေျပာင္ေစသလို ဆံလံုးလည္း ပိုတုတ္လာေစပါတယ္။

၃။ ေဗာက္ေပ်ာက္ေစတယ္

winter-hair-fall.jpg 

ေဗာက္ေတြဆိုတာ ဦးေရျပားနဲ႔ ဆံသားေျခာက္ေသြ႕မႈေၾကာင္႔ ျဖစ္လာရတာပါ။ ဆီးျဖဴသီးမွာပါဝင္တဲ႔ ဗိုက္တာမင္စီဟာ ဦးေရျပားေျခာက္ေသြြ႕မႈကို ကုသေပးႏိုင္တဲ႔အတြက္ ေဗာက္ေတြျဖစ္မလာေအာင္လည္း တားဆီးေပးပါတယ္။

၄။ ဦးေရျပားသန္႕ရွင္းေပးတယ္

ဆီးျဖဴသီးေဖ်ာ္ရည္ဟာ ဦးေရျပားကို သန္႔ရွင္းေစတဲ႔အရာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ၄င္းဟာ ဦးေရျပားကို အာဟာရျဖည္႔ေပးတဲ႔အတြက္ ေခါင္းေပၚက မလိုလားအပ္တဲ႔ အမႈိက္ေတြနဲ႔ ဘက္တီးရီးယားေတြကို ရွင္းလင္းေပးပါတယ္္။

၅။ ဆံပင္အေရာင္ကိုလည္း အားေကာင္းေစတယ္

beautiful-asian-girl-wallpaper-6.jpg 

ဆံပင္အေရာင္ဆိုးေဆးအမ်ားစုမွာ ဆီးျဖဴသီးပါဝင္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ဆီးျဖဴသီးဟာ ဆံပင္အေရာင္ကိုထိန္းသိမ္းေပးႏိုင္တဲ႔ ဓာတ္သတၱိတစ္မ်ိဳး ပါဝင္လို႔ပဲျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဆီးျဖဴသီးကို တျခားဓာတ္ေတြနဲ႔ ေရာစပ္လိုက္ရင္ ဆံပင္အေရာင္ကြ်တ္ေဆးအျဖစ္လည္း အသံုးျပဳႏိုင္ပါတယ္။

၆။ ဆံပင္ျဖဴေတြကိုလည္း ေလ်ာ႔နည္းေစတယ္

အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းဟာ ခႏၶာကိုယ္ထဲမွာ ေတေဇာဓာတ္မ်ားျပားမႈေၾကာင္႔ ျဖစ္လာရပါတယ္။ ေတေဇာဓာတ္မ်ားျပားျခင္းရဲ႕ လကၡဏာေတြထဲမွာ အေရျပားအနီကြက္ထျခင္း၊ အပူေလာင္ျခင္း၊ အစာအိမ္အနာ၊ အပူမ်ားျခင္းနဲ႔ ႏွလံုးေအာင္႔ျခင္းတို႔ ပါဝင္ပါတယ္။ သဘာဝအေအးစာတစ္မ်ိဳးျဖစ္တဲ႔ ဆီးျဖဴသီးကေတာ႔ ေတေဇာဓာတ္မ်ားျခင္းကို ကုသေပးႏိုင္တဲ႔အတြက္ ဆံပင္ျဖဴျခင္းကိုလည္း ေလ်ာ႔နည္းေစပါတယ္။

Source: food.ndtv


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs