• Food & Recipe
    သက်တမ်း (၁၀၆) နှစ်ရှိပြီဖြစ်တဲ့ အန္တာတိက သစ်သီးကိတ်
Thiha Htun
[Unicode Version]

ရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို အန္တာတိယတိုက်မှာ ရှေးဟောင်းအမွေအနှစ်တွေကိုု လိုက်လံရှာဖွေနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Antarctic Heritage Trust (အန္တာတိကတိုက် အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့) ဟာ သက်တမ်း (၁၀၆) နှစ်ရှိပြီဖြစ်တဲ့ ဗြိတိသျှသစ်သီးကိတ်တစ်ချပ်ကို တွေ့ရှိခဲ့ပါတယ်။

ကပ္ပတိန်စကော့ရဲ့ သစ်သီးကိတ်

_97305324_fruitcake.jpg 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေဟာ ဒီသစ်သီးကိတ်ကို အဒဲ အငူ (Cape Adare) နားမှာတွေ့ရှိခဲ့ကြပြီး ဗြိတိန်လူမျိုး စူးစမ်းရှာဖွေသူ ရောဘတ် ဖယ်လ်ကွန် စကော့ (Robert Falcon Scott) ရဲ့ သစ်သီးကိတ်လို့ ယူဆထားကြပါတယ်။ ထည့်ထားတဲ့ သံဘူးက သံချေးတက်နေပြီဖြစ်ပေမယ့် အထဲကကိတ်ကတော့ အကောင်းပကတိအတိုင်းရှိနေသေးသလို အနံ့အရလည်း စားလို့ကောင်းနေသေးဟန် တူပါသတဲ့။

တွေ့ရှိရာနေရာ

_97305328_scotteating.jpg 

အဖွဲ့ဝင်တွေဟာ နော်ဝေးလူမျိုး စူးစမ်းလေ့လာသူ Carsten Borchgrevink ရဲ့အဖွဲ့ ၁၈၉၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့၊ အန္တာတိကတိုက်ရဲ့ သက်တမ်းအရှည်ကြာဆုံး အဆောက်အအုံတစ်ခုလည်းဖြစ်တဲ့ တဲတစ်လုံးထဲမှာ ဒီသစ်သီးကိတ်ကို တွေ့ရှိခဲ့တာပါ။ အဲဒီတဲကို ၁၉၁၁ ခုနှစ်တုံးက ကပ္ပတိန်စကော့ အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ သစ်သီးကိတ်ကို ဗြိတိန်ဘီစကစ် ကုမ္မဏီ Huntley & Palmers က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုံးကတော့ အင်္ဂလန်လူမှုအသိုင်းအဝိုင်းမှာ သစ်သီးကိတ်က လူကြိုက်များတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ဒီနေ့ခေတ်ထိလည်း လူကြိုက်များနေတုံးပါပဲ" လို့ အဖွဲ့ရဲ့ လူမှုဆက်ဆံရေးမန်နေဂျာ Lizzie Meek က National Geographic မဂ္ဂဇင်းကို ပြောကြားပါတယ်။ "အန္တာတိကလို ရေခဲနေတဲ့ပတ်ဝန်းကျင်မှာ နေထိုင်အလုပ်လုပ်ကိုင်ရတာဟာ အဆီပိုတွေ၊ အချိုများတဲ့ အစားအသောက်တွေကို လိုအပ်လာပြီး သစ်သီးကိတ်တွေက ဒီလို လိုအပ်ချက်တွေကို ကောင်းကောင်းဖြည့်ဆည်း ပေးနိုင်နေပါတယ်။ ပြီးတော့ သူတို့က လက်ဖက်ရည်ပူပူလေးတစ်ခွက်နဲ့လည်း လိုက်ဖက်ညီပါတယ်"

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေဟာ ၂၀၁၆ မေလကတည်းက တဲအိုထဲမှာ ရှေးဟောင်းပစ္စည်းတွေကို တူးဖော်ခဲ့ကြပြီး ပစ္စည်းအမျိုးပေါင်း (၁၅၀၀) ကျော်လောက်ကို တူးဖော်နိုင်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အဝတ်အစားတွေ၊ ပစ္စည်းကိရိယာတွေ ပါဝင်သလို အသားပုပ်၊ ငါးပုပ်တွေ၊ ပုံမပျက်သေးတဲ့ သစ်သီးယိုတွေလည်း ပါဝင်ပါတယ်တဲ့။

Source: BBC

 

[Zawgyi Version]

ေရခဲေတြနဲ႔ဖံုးလႊမ္းေနတဲ႔ အႏၱာတိကတိုက္ဟာ လူသူအေရာက္အေပါက္နည္းတဲ႔ သဘာဝပတ္ဝန္းက်င္တစ္ခု ျဖစ္ပါတယ္။ အဲဒီလို အႏၱာတိယတိုက္မွာ ေရွးေဟာင္းအေမြအႏွစ္ေတြကိုု လိုက္လံရွာေဖြေနတဲ႔ ၿဗိတိန္ႏိုင္ငံအေျခစိုက္ Antarctic Heritage Trust (အႏၱာတိကတိုက္ အေမြအႏွစ္ထိန္းသိမ္းေရးအဖြဲ႕) ဟာ သက္တမ္း (၁၀၆) ႏွစ္ရွိၿပီျဖစ္တဲ႔ ၿဗိတိသွ်သစ္သီးကိတ္တစ္ခ်ပ္ကို ေတြ႕ရွိခဲ႔ပါတယ္။

ကပၸတိန္စေကာ႔ရဲ႕ သစ္သီးကိတ္

_97305324_fruitcake.jpg 

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသူေတြဟာ ဒီသစ္သီးကိတ္ကို အဒဲ အငူ (Cape Adare) နားမွာေတြ႕ရွိခဲ႔ၾကၿပီး ၿဗိတိန္လူမ်ိဳး စူးစမ္းရွာေဖြသူ ေရာဘတ္ ဖယ္လ္ကြန္ စေကာ႔ (Robert Falcon Scott) ရဲ႕ သစ္သီးကိတ္လို႔ ယူဆထားၾကပါတယ္။ ထည္႔ထားတဲ႔ သံဘူးက သံေခ်းတက္ေနၿပီျဖစ္ေပမယ္႔ အထဲကကိတ္ကေတာ႔ အေကာင္းပကတိအတိုင္းရွိေနေသးသလို အနံ႕အရလည္း စားလို႔ေကာင္းေနေသးဟန္္ တူပါသတဲ႔။

ေတြ႕ရွိရာေနရာ

_97305328_scotteating.jpg 

အဖြဲ႕ဝင္ေတြဟာ ေနာ္ေဝးလူမ်ိဳး စူးစမ္းေလ႔လာသူ Carsten Borchgrevink ရဲ႕အဖြဲ႕ ၁၈၉၉ ခုႏွစ္မွာ ေဆာက္လုပ္ခဲ႔တဲ႔၊ အႏၱာတိကတိုက္ရဲ႕ သက္တမ္းအရွည္ၾကာဆံုး အေဆာက္အအံုတစ္ခုလည္းျဖစ္တဲ႔ တဲတစ္လံုးထဲမွာ ဒီသစ္သီးကိတ္ကို ေတြ႕ရွိခဲ႔တာပါ။ အဲဒီတဲကို ၁၉၁၁ ခုႏွစ္တံုးက ကပၸတိန္စေကာ႔ အသံုးျပဳခဲ႔တယ္လို႔ ယူဆရပါတယ္။ ရွာေဖြေတြ႕ရွိခဲ႔တဲ႔ သစ္သီးကိတ္ကို ၿဗိတိန္ဘီစကစ္ ကုမၼဏီ Huntley & Palmers က ျပဳလုပ္ခဲ႔တာျဖစ္ပါတယ္။

အဲဒီအခ်ိန္တံုးကေတာ႔ အဂၤလန္လူမႈအသိုင္းအဝိုင္းမွာ သစ္သီးကိတ္က လူႀကိဳက္မ်ားတဲ႔အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ေနာက္ၿပီး ဒီေန႔ေခတ္ထိလည္း လူႀကိဳက္မ်ားေနတံုးပါပဲ" လို႔ အဖြဲ႕ရဲ႕ လူမႈဆက္ဆံေရးမန္ေနဂ်ာ Lizzie Meek က National Geographic မဂၢဇင္းကို ေျပာၾကားပါတယ္။ "အႏၱာတိကလို ေရခဲေနတဲ႔ပတ္ဝန္းက်င္မွာ ေနထိုင္အလုပ္လုပ္ကိုင္ရတာဟာ အဆီပုိေတြ၊ အခ်ိဳမ်ားတဲ႔ အစားအေသာက္ေတြကို လိုအပ္လာၿပီး သစ္သီးကိတ္ေတြက ဒီလို လိုအပ္ခ်က္ေတြကို ေကာင္းေကာင္းျဖည္႔ဆည္း ေပးႏိုင္ေနပါတယ္။ ၿပီးေတာ႔ သူတို႔က လက္ဖက္ရည္ပူပူေလးတစ္ခြက္နဲ႔လည္း လိုက္ဖက္ညီပါတယ္"

သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြဟာ ၂၀၁၆ ေမလကတည္းက တဲအိုထဲမွာ ေရွးေဟာင္းပစၥည္းေတြကို တူးေဖာ္ခဲ႔ၾကၿပီး ပစၥည္းအမ်ိဳးေပါင္း (၁၅၀၀) ေက်ာ္ေလာက္ကို တူးေဖာ္ႏိုင္ခဲ႔ၾကပါတယ္။ အဲဒီထဲမွာ အဝတ္အစားေတြ၊ ပစၥည္းကိရိယာေတြ ပါဝင္သလို အသားပုပ္၊ ငါးပုပ္ေတြ၊ ပံုမပ်က္ေသးတဲ႔ သစ္သီးယိုေတြလည္း ပါဝင္ပါတယ္တဲ႔။

Source: BBC

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us