• Food & Recipe
    နေ့စဉ်သောက်ပေးသင့်တဲ့ သစ်သီးဖျော်ရည်များ
Thiha Htun
[Unicode Version]

ဖန်ခွက်ရှည်တစ်ခွက်ထဲ ထည့်ထားတဲ့ ဖျော်ရည်အေးအေးလေးတစ်ခွက်ကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။ ဒါပေမယ့် သစ်သီးဖျော်ရည်တိုင်းကတော့ ကျန်းမာရေးအတွက် ကောင်းမွန်တာတော့ မဟုတ်ပါဘူး။

photolibrary_rf_photo_of_vegetable_juice.jpg 

တချို့သစ်သီးဖျော်ရည်တွေဆိုရင် ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါသေးတယ်။ ဒါပေမယ့် ယေဘုယျခြုံကြည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ သစ်သီးဖျော်ရည်တွေ ရှိပါသေးတယ်။

၁။ သလဲသီးဖျော်ရည်

17-Best-Benefits-Of-Pomegranate-Juice-For-Skin-Hair-And-Health.jpg 

တစ်နေ့ကို သစ်သီးဖျော်ရည်တစ်ခွက် သောက်မယ်ဆိုရင် မိမိအတွက် အာဟာရတန်ဖိုး အပြည့်အဝဖန်တီးပေးနိုင်မယ့် ဖျော်ရည်ကိုရွေးတာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဘယ်လိုသစ်သီးဖျော်ရည်မျိုးက တစ်ငုံချင်းစီမှာ အာဟာရတန်ဖိုး ပေးစွမ်းနိုင်တာကို သိဖို့လိုလာပါပြီ။ အဲဒီထဲမှာ သလဲသီးဖျော်ရည်က ထိပ်ဆုံးကစွဲပါတယ်။

သူ့မှာ သကြားနဲ့ ကယ်လိုရီတွေ များတာမှန်ပေမယ့် antioxidant လိုမျိုး အာဟာရတန်ဖိုးတွေလည်း ကြွယ်ဝနေတော့ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။ အချက်အလက်တွေအရဆိုရင် သလဲသီးဖျော်ရည်မှာပါဝင်တဲ့ antioxidant ရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ဝိုင်နီတို့၊ လက်ဖက်စိမ်းရေနွေးကြမ်းတို့ထက် ပိုများပါတယ်။

၂။ ခရမ်ဘယ်ရီသီးဖျော်ရည်

20-Best-Benefits-Of-Cranberry-Juice-For-Skin-Hair-And-Health-1024x477.jpg 

ခရမ်ဘယ်ရီသီးဖျော်ရည်မှာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က လိုအပ်တဲ့ ဗိုက်တာမင်စီ အပြည့်အဝ ပါဝင်ပါတယ်။ အချိုဓာတ် ရောနှောမထားတဲ့ ခရမ်ဘယ်ရီသီး သန့်သန့်တစ်ခွက်မှာဆိုရင် ဆီးလမ်းကြောင်းတလျှောက်မှာ ခိုကပ်နေနိုင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေကို ရှင်းလင်းပစ်နိုင်တဲ့အတွက် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းရောဂါ ဝေဒနာရှင်တွေအတွက် သောက်သုံးရန် အထူးသင့်တော်ပါတယ်။

၃။ အဆိုင်ဘယ်ရီသီးဖျော်ရည်

Acai-Berry.jpg 

အဆိုင်ဘယ်ရီသီး (Acai Berry) ဟာ တောင်အမေရိကတိုက်မှာ ပေါက်ရောက်တဲ့ ဘယ်ရီသီးနွယ်ဝင် အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ အဆိုင်ဘယ်ရီသီးအနှစ်မှာ ခရမ်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတို့လို တခြားဘယ်ရီသီးမှာ ပါဝင်တဲ့ antioxidant ပမာဏတွေထက် ပိုမိုသိပ်သည်းတဲ့ antioxidant ပမာဏကို ပိုင်ဆိုင်ထားပါတယ်။

၄။ စပျစ်နီသီးဖျော်ရည်

Red-grape-lavender-soda.jpg 

ဝိုင်နီကို အတိုင်းအထွာနဲ့သောက်မယ်ဆိုရင် နှလုံးကျန်းမာရေးအတွက်ကောင်းတယ်ဆိုတဲ့ သတင်းတွေ ဖတ်ဖူးကြမှာပေါ့။ အယ်လ်ကိုဟောမပါတဲ့ စပျစ်နီသီးဖျော်ရည်ဆိုရင် ပိုမကောင်းဘူးလား။ အဓိကသော့ချက်ကတော့ ဝိုင်နီမှာရော၊ စပျစ်နီသီး ဖျော်ရည်မှာကော စပျစ်သီးတစ်သီးလုံးရဲ့ ပါဝင်ပစ္စည်းတွေအကုန် ပါဝင်နေတာပါပဲ။

စပျစ်သီးရဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေအပြင် ဖျော်ရည်ဖောက်ခြင်းက ရရှိလာတဲ့ ထပ်ပေါင်းအကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်တာမို့ မနက်တိုင်း တစ်ခွက်စီသောက်ပေးသင့်ပါတယ်။

၅။ ဆီးသီးဖျော်ရည်

07-soda-alternatives-prune-juice.jpg 

ဆီးသီးဟာ ဝမ်းချုပ်ရောဂါအတွက် ကောင်းတယ်လို့ လက်ခံယုံကြည်ထားကြတာကြာပါပြီ။ ဆီးသီးမှာ အမျှင်ဓာတ်နဲ့ sorbitol လို့ခေါ်တဲ့ သဘာဝဝမ်းနုတ်ဆေးတစ်မျိုး ပါဝင်တဲ့အတွက် ဝမ်းနုတ်ဆေးအဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဆီးသီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေက ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ ဆီးသီးဖျော်ရည်ထဲမှာ antioxidant သံဓာတ်နဲ့ ပိုတက်စီယမ်တို့လည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

Source: Webmd

 

[Zawgyi Version]

ဖန္ခြက္ရွည္တစ္ခြက္ထဲ ထည္႔ထားတဲ႔ ေဖ်ာ္ရည္ေအးေအးေလးတစ္ခြက္ကို မႏွစ္သက္တဲ႔သူ ဘယ္သူရွိမလဲ။ ဒါေပမယ္႔ သစ္သီးေဖ်ာ္ရည္တိုင္းကေတာ႔ က်န္းမာေရးအတြက္ ေကာင္းမြန္တာေတာ႔ မဟုတ္ပါဘူး။

တခ်ိဳ႕သစ္သီးေဖ်ာ္ရည္ေတြဆိုရင္ က်န္းမာေရးအတြက္ ထိခိုက္ေစႏိုင္ပါေသးတယ္။ ဒါေပမယ္႔ ေယဘုယ်ျခံဳၾကည္႔လိုက္မယ္ဆိုရင္ ခႏၶာကိုယ္အတြက္ အက်ိဳးေက်းဇူးေတြကို ေပးစြမ္းႏိုင္တဲ႔ သစ္သီးေဖ်ာ္ရည္ေတြ ရွိပါေသးတယ္။

၁။ သလဲသီးေဖ်ာ္ရည္

17-Best-Benefits-Of-Pomegranate-Juice-For-Skin-Hair-And-Health.jpg 

တစ္ေန႔ကို သစ္သီးေဖ်ာ္ရည္တစ္ခြက္ ေသာက္မယ္ဆိုရင္ မိမိအတြက္ အာဟာရတန္ဖိုး အျပည္႔အဝဖန္တီးေပးႏိုင္မယ္႔ ေဖ်ာ္ရည္ကုိေရြးတာ အေကာင္းဆံုးပါပဲ။ ဒါဆိုရင္ ဘယ္လိုသစ္သီးေဖ်ာ္ရည္မ်ိဳးက တစ္ငံုခ်င္းစီမွာ အာဟာရတန္ဖိုး ေပးစြမ္းႏိုင္တာကို သိဖို႔လိုလာပါၿပီ။ အဲဒီထဲမွာ သလဲသီးေဖ်ာ္ရည္က ထိပ္ဆံုးကစြဲပါတယ္။

သူ႕မွာ သၾကားနဲ႔ ကယ္လိုရီေတြ မ်ားတာမွန္ေပမယ္႔ antioxidant လိုမ်ိဳး အာဟာရတန္ဖိုးေတြလည္း ၾကြယ္ဝေနေတာ႔ ခႏၶာကိုယ္အတြက္ အထူးေကာင္းမြန္ပါတယ္။ အခ်က္အလက္ေတြအရဆိုရင္ သလဲသီးေဖ်ာ္ရည္မွာပါဝင္တဲ႔ antioxidant ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းဟာ ဝိုင္နီတို႔၊ လက္ဖက္စိမ္းေရေႏြးၾကမ္းတို႔ထက္ ပိုမ်ားပါတယ္။

၂။ ခရမ္ဘယ္ရီသီးေဖ်ာ္ရည္

20-Best-Benefits-Of-Cranberry-Juice-For-Skin-Hair-And-Health-1024x477.jpg 

ခရမ္ဘယ္ရီသီးေဖ်ာ္ရည္မွာ ခႏၶာကိုယ္ရဲ႕ကိုယ္ခံအားစနစ္က လိုအပ္တဲ႔ ဗိုက္တာမင္စီ အျပည္႔အဝ ပါဝင္ပါတယ္။ အခ်ိဳဓာတ္ ေရာေႏွာမထားတဲ႔ ခရမ္ဘယ္ရီသီး သန္႔သန္႕တစ္ခြက္မွာဆိုရင္ ဆီးလမ္းေၾကာင္းတေလွ်ာက္မွာ ခိုကပ္ေနႏိုင္တဲ႔ ဘက္တီးရီးယား ပိုးမႊားေတြကို ရွင္းလင္းပစ္ႏိုင္တဲ႔အတြက္္ ေက်ာက္ကပ္နဲ႔ ဆီးလမ္းေၾကာင္းေရာဂါ ေဝဒနာရွင္ေတြအတြက္ ေသာက္သံုးရန္ အထူးသင္႔ေတာ္ပါတယ္။

၃။ အဆိုင္ဘယ္ရီသီးေဖ်ာ္ရည္

Acai-Berry.jpg 

အဆိုင္ဘယ္ရီသီး (Acai Berry) ဟာ ေတာင္အေမရိကတိုက္မွာ ေပါက္ေရာက္တဲ႔ ဘယ္ရီသီးႏြယ္ဝင္ အသီးအႏွံတစ္မ်ိဳးျဖစ္ပါတယ္။ အဆိုင္ဘယ္ရီသီးအႏွစ္မွာ ခရမ္ဘယ္ရီသီး၊ ဘလက္ဘယ္ရီသီး၊ စေတာ္ဘယ္ရီသီးနဲ႔ ဘလူးဘယ္ရီသီးတို႔လို တျခားဘယ္ရီသီးမွာ ပါဝင္တဲ႔ antioxidant ပမာဏေတြထက္ ပိုမိုသိပ္သည္းတဲ႔ antioxidant ပမာဏကို ပိုင္ဆိုင္ထားပါတယ္။

၄။ စပ်စ္နီသီးေဖ်ာ္ရည္

Red-grape-lavender-soda.jpg 

ဝိုင္နီကို အတိုင္းအထြာနဲ႔ေသာက္မယ္ဆိုရင္ ႏွလံုးက်န္းမာေရးအတြက္ေကာင္းတယ္ဆိုတဲ႔ သတင္းေတြ ဖတ္ဖူးၾကမွာေပါ႔။ အယ္လ္ကိုေဟာမပါတဲ႔ စပ်စ္နီသီးေဖ်ာ္ရည္ဆိုရင္ ပိုမေကာင္းဘူးလား။ အဓိကေသာ႔ခ်က္ကေတာ႔ ဝိုင္နီမွာေရာ၊ စပ်စ္နီသီး ေဖ်ာ္ရည္မွာေကာ စပ်စ္သီးတစ္သီးလံုးရဲ႕ ပါဝင္ပစၥည္းေတြအကုန္ ပါဝင္ေနတာပါပဲ။

စပ်စ္သီးရဲ႕ က်န္းမာေရးအက်ိဳး ေက်းဇူးေတြအျပင္ ေဖ်ာ္ရည္ေဖာက္ျခင္းက ရရွိလာတဲ႔ ထပ္ေပါင္းအက်ိဳးေက်းဇူးေတြကိုပါ ရရွိႏိုင္တာမို႔ မနက္တိုင္း တစ္ခြက္စီေသာက္ေပးသင္႔ပါတယ္။

၅။ ဆီးသီးေဖ်ာ္ရည္

07-soda-alternatives-prune-juice.jpg 

ဆီးသီးဟာ ဝမ္းခ်ဳပ္ေရာဂါအတြက္ ေကာင္းတယ္လို႔ လက္ခံယံုၾကည္ထားၾကတာၾကာပါၿပီ။ ဆီးသီးမွာ အမွ်င္ဓာတ္နဲ႔ sorbitol လို႔ေခၚတဲ႔ သဘာဝဝမ္းႏုတ္ေဆးတစ္မ်ိဳး ပါဝင္တဲ႔အတြက္ ဝမ္းႏုတ္ေဆးအျဖစ္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။ ဆီးသီးေဖ်ာ္ရည္ရဲ႕ အက်ိဳးေက်းဇူးေတြက ဒီေလာက္နဲ႔ ရပ္မသြားေသးပါဘူး။ ဆီးသီးေဖ်ာ္ရည္ထဲမွာ antioxidant သံဓာတ္နဲ႔ ပုိတက္စီယမ္တို႔လည္း ၾကြယ္ဝစြာပါဝင္ပါေသးတယ္။

Source: Webmd

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs