• Food & Recipe
    အမြင်အာရုံကို အားကောင်းစေတဲ့ အစားအသောက် (၅) မျိုး
Thiha Htun
[Unicode Version]

လူသားတွေမှာ အာရုံ (၅) ပါးရှိတဲ့အနက် အမြင်အာရုံ (စက္ခုအာရုံ) ဟာ အရေးအပါဆုံးပါပဲ။ ဒါကြောင့်လည်း အိမ်ကအမေတွေဟာ ငယ်ငယ်လေးတည်းက သားသမီးတွေကို အမြင်အာရုံကို အားကောင်းစေမယ့် အသား၊ ငါးတွေ၊ သစ်သီးဝလံတွေကို ကျွေးကြတာဖြစ်နိုင်ပါတယ်။

Delicious-Foods-That-Keep-Your-Vision-Sharp.jpg 

ဒီနေ့ခေတ်လို လျှပ်စစ်ပစ္စည်းတွေနဲ့ နပန်းလုံးနေရတဲ့ ခေတ်ကြီးထဲမှာ မျက်စိကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကို ပိုမိုမှီဝဲပေးဖို့ လိုလာပါတယ်။ အဲဒါတွေကတော့...

၁။ ရှောက်၊ သံပုုရာနွယ်ဝင်အသီးများ

Citrus-Fruits.jpg 

Citrus Fruits (ရှောက်၊ သံပုုရာနွယ်ဝင်အသီး) တွေဟာ ဗိုက်တာမင် စီကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပြီး မျက်စိကျန်းမာရေး ကောင်းမွန်လိုသူတွေအတွက် နေ့စဉ်စားသုံးပေးသင့်တဲ့ သစ်သီးဝလံတွေပဲ ဖြစ်ပါတယ်။ အရည်လည်းရွှမ်းပြီး အရသာလည်း ကောင်းမွန်တဲ့ သစ်သီးတွေလည်း ဖြစ်တဲ့အတွက် စားရတာလည်း အဆင်ပြေကြမှာပါ။

ရှောက်၊ သံပုုရာနွယ်ဝင်အသီးတွေထဲမှာ ပါဝင်တဲ့ ဗိုက်တာမင် စီဟာ အမြင်အာရုံကို ထက်မြက်စေရုံသာမက ကြွက်သားယိုယွင်းခြင်းကိုလည်း တားဆီးပေးတဲ့အတွက် အထွေထွေကျန်းမာရေးအတွက်လည်း စားသုံးပေးသင့်တာအမှန်ပါပဲ။

၂။ ဘယ်ရီသီးတွေ

Berries.jpg 

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီသီးတွေကို ဘာလို့စားပေးသင့်တာလဲ။ သူတို့ဟာလည်း သဘာဝအတိုင်း ဗိုက်တာမင် စီကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပါတယ်။ ဘလူးဘယ်ရီသီး (၁၀၀) ဂရမ်မှာ ဗိုက်တာမင် စီ (၉) မီလီဂရမ်ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ဗိုက်တာမင် စီ (၇၅-၉၀) မီလီဂရမ် စားသုံးပေးသင့်တယ်ဆိုတော့ ဘယ်ရီသီးတွေဟာ အသင့်တော်ဆုံး ရွေးချယ်မှုထဲမှာ ပါဝင်နေမှာပါနော်။

ဘယ်ရီသီးတစ်ပန်းကန်ကို သံပုရာ (သို့) ရှောက်ရည်နည်းနည်းဆမ်းပြီး စားပေးမယ်ဆိုရင် တစ်နေ့စာအတွက် လုံလောက်တဲ့ ဗိုက်တာမင် စီကတော့ ပြည့်စုံသွားပါပြီ။ ဘယ်ရီသီးတွေဟာ အမြင်အာရုံကောင်းမွန်စေရုံတင်မကပါဘူး။ မျက်စိတဝိုက်က အရေပြားကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတာတွေ ဘာတွေလည်း မဖြစ်တော့ဘူးပေါ့။

ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲလမ်းလမ်းကြည့်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင် 

၃။ ငါး

Fish.jpg 

ငယ်ငယ်က ငါးစားရတာကို အရိုးနွှင်ရတာ အလုပ်ရှုပ်လို့ မကြိုက်တဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ နှစ်ခါပြန်စဉ်းစားကြည့်ပါဦး။ ငါးတွေမှာ omega-3 ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် မွေးမြူရေးငါးထက် ရေငန်ငါးတွေမှာ omega-3 ဖက်တီးအက်ဆစ် ပိုမိုကြွယ်ဝပါတယ်။ သုတေသနတစ်ခုရဲ့အဆိုအရဆိုရင် omega-3 ဖက်တီးအက်ဆစ်ဟာ မျက်ခမ်းစပ်ရောဂါနဲ့ အမြင်အာရုံ မှုန်ဝါးခြင်းဝေဒနာတို့ကို ကုသရာမှာ အသုံးဝင်ပါသတဲ့။

၄။ တရုပ်ဆီးသီး

Apricots.jpg 

တရုပ်ဆီးသီးတွေဟာလည်း မျက်စိနဲ့ အာရုံကြောအတွက် ကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာပါဝင်တဲ့ beta- carotene ဆိုတဲ့ ရောင်ခြယ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗိုက်တာမင် အေအဖြစ် ပြောင်းလဲနိုင်ပြီး မျက်စိကျန်းမာရေးမှာ အထောက်အကူပြုနိုင်လို့ပါပဲ။ လေ့လာမှုတစ်ခုရဲ့အဆိုအရဆိုရင် တရုပ်ဆီးသီးမှာပါဝင်တဲ့ beta- carotene ဟာ ဗိုက်တာမင် စီ၊ အီး၊ ဇင့်ဓာတ်တို့နဲ့ တွဲဖက်လိုက်ချိန်မှာ မျက်စိနာရောဂါ၊ တိမ်စွဲရောဂါတို့လို မျက်စိရောဂါလက္ခဏာတွေကိုတောင် သက်သာပျောက်ကင်းစေပါတယ်တဲ့။

၅။ ကီဝီသီး

Kiwi.jpg 

ဗိုက်တာမင် အေ၊ ဗိုက်တာမင် စီ၊ လူတိန်း၊ ဇီဇန်သင်းနဲ့ beta- carotene တို့ဟာ ကီဝီသီးထဲမှာပါဝင်တဲ့ ဓာတ်တွေပဲဖြစ်ပါတယ်။ နောက်ပြီး အဲဒါတွေဟာ မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ လူတိန်းဓာတ်ဟာဆိုရင် anti-oxidant တစ်မျိုး ဖြစ်ပြီး မျက်စိကို ခရမ်းလွန်ရောင်ခြည်သင့်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဇီဇန်သင်းကတော့ လူသားမျက်စိ မျက်ကြည်လွှာထဲမှာ တွေ့ရတဲ့ အဝါရောင်အစက်အပြောက်လေးမှာရှိတဲ့ ရောင်ခြယ်တစ်မျိုး ဖြစ်ပြီး မျက်စိကို စမတ်ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အပြာရောင်အလင်း (blue light) ကနေ ကာကွယ်ပေးပါတယ်နော်။ အဆိုပါ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် ကီဝီသီးရဲ့ ထူးခြားတဲ့အရသာကလည်း မဖြစ်မနေစားသုံးပေးသင့်တဲ့ အကြောင်းရင်းတစ်ခုပါပဲ။

Source: Stylecraze

 

[Zawgyi Version]

လူသားေတြမွာ အာရံု (၅) ပါးရွိတဲ႔အနက္ အျမင္အာရံု (စကၡဳအာရံု) ဟာ အေရးအပါဆံုးပါပဲ။ ဒါေၾကာင္႔လည္း အိမ္ကအေမေတြဟာ ငယ္ငယ္ေလးတည္းက သားသမီးေတြကို အျမင္အာရံုကို အားေကာင္းေစမယ္႔ အသား၊ ငါးေတြ၊ သစ္သီးဝလံေတြကို ေကြ်းၾကတာျဖစ္ႏိုင္ပါတယ္။

 

ဒီေန႕ေခတ္လို လွ်ပ္စစ္ပစၥည္းေတြနဲ႔ နပန္းလံုးေနရတဲ႔ ေခတ္ႀကီးထဲမွာ မ်က္စိက်န္းမာေရး ေကာင္းမြန္ေစဖို႔အတြက္ လိုအပ္တဲ႔ အာဟာရေတြကို ပိုမိုမွီဝဲေပးဖို႔ လိုလာပါတယ္။ အဲဒါေတြကေတာ႔...

၁။ ေရွာက္၊ သံပုုရာႏြယ္ဝင္အသီးမ်ား

 

Citrus Fruits (ေရွာက္၊ သံပုုရာႏြယ္ဝင္အသီး) ေတြဟာ ဗိုက္တာမင္ စီၾကြယ္ဝတဲ႔ သစ္သီးေတြျဖစ္ၿပီး မ်က္စိက်န္းမာေရး ေကာင္းမြန္လိုသူေတြအတြက္ ေန႕စဥ္စားသံုးေပးသင္႔တဲ႔ သစ္သီးဝလံေတြပဲ ျဖစ္ပါတယ္။ အရည္လည္းရႊမ္းၿပီး အရသာလည္း ေကာင္းမြန္တဲ႔ သစ္သီးေတြလည္း ျဖစ္တဲ႔အတြက္ စားရတာလည္း အဆင္ေျပၾကမွာပါ။

ေရွာက္၊ သံပုုရာႏြယ္ဝင္အသီးေတြထဲမွာ ပါဝင္တဲ႔ ဗိုက္တာမင္ စီဟာ အျမင္အာရံုကို ထက္ျမက္ေစရံုသာမက ၾကြက္သားယိုယြင္းျခင္းကိုလည္း တားဆီးေပးတဲ႔အတြက္ အေထြေထြက်န္းမာေရးအတြက္လည္း စားသံုးေပးသင္႔တာအမွန္ပါပဲ။

၂။ ဘယ္ရီသီးေတြ

 

ဘလူးဘယ္ရီ၊ စေတာ္ဘယ္ရီ၊ ဘလက္ဘယ္ရီသီးေတြကို ဘာလို႔စားေပးသင္႔တာလဲ။ သူတို႔ဟာလည္း သဘာဝအတိုင္း ဗိုက္တာမင္ စီၾကြယ္ဝတဲ႔ သစ္သီးေတြျဖစ္ပါတယ္။ ဘလူးဘယ္ရီသီး (၁၀၀) ဂရမ္မွာ ဗိုက္တာမင္ စီ (၉) မီလီဂရမ္ပါဝင္ပါတယ္။ လူတစ္ေယာက္ဟာ တစ္ေန႕ကို ဗိုက္တာမင္ စီ (၇၅-၉၀) မီလီဂရမ္ စားသံုးေပးသင္႔တယ္ဆိုေတာ႔ ဘယ္ရီသီးေတြဟာ အသင္႔ေတာ္ဆံုး ေရြးခ်ယ္မႈထဲမွာ ပါဝင္ေနမွာပါေနာ္။

ဘယ္ရီသီးတစ္ပန္းကန္ကို သံပုရာ (သို႔) ေရွာက္ရည္နည္းနည္းဆမ္းၿပီး စားေပးမယ္ဆိုရင္ တစ္ေန႔စာအတြက္ လံုေလာက္တဲ႔ ဗိုက္တာမင္ စီကေတာ႔ ျပည္႔စံုသြားပါၿပီ။ ဘယ္ရီသီးေတြဟာ အျမင္အာရံုေကာင္းမြန္ေစရံုတင္မကပါဘူး။ မ်က္စိတဝိုက္က အေရျပားကိုလည္း က်န္းမာေစပါတယ္။ ဒါေၾကာင္႔ မ်က္ကြင္းညိဳတာေတြ ဘာေတြလည္း မျဖစ္ေတာ႔ဘူးေပါ႔။

ရုပ္သံဇာတ္လမ္းတြဲမ်ားကို စြဲစြဲလမ္းလမ္းၾကည္႔ျခင္းက က်န္းမာေရးကိုထိခိုက္ေစႏိုင္ 

၃။ ငါး

 

ငယ္ငယ္က ငါးစားရတာကို အရိုးႏႊင္ရတာ အလုပ္ရႈပ္လို႔ မႀကိဳက္တဲ႔သူေတြ ရွိလား။ ဒါဆိုရင္ေတာ႔ ႏွစ္ခါျပန္စဥ္းစားၾကည္႔ပါဦး။ ငါးေတြမွာ omega-3 ဖက္တီးအက္ဆစ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ အထူးသျဖင္႔ ေမြးျမဴေရးငါးထက္ ေရငန္ငါးေတြမွာ omega-3 ဖက္တီးအက္ဆစ္ ပိုမိုၾကြယ္ဝပါတယ္။ သုေတသနတစ္ခုရဲ႕အဆိုအရဆိုရင္ omega-3 ဖက္တီးအက္ဆစ္ဟာ မ်က္ခမ္းစပ္ေရာဂါနဲ႔ အျမင္အာရံု မႈန္ဝါးျခင္းေဝဒနာတို႔ကို ကုသရာမွာ အသံုးဝင္ပါသတဲဲ႔။

၄။ တရုပ္ဆီးသီး

 

တရုပ္ဆီးသီးေတြဟာလည္း မ်က္စိနဲ႔ အာရံုေၾကာအတြက္ ေကာင္းမြန္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ သူတို႔မွာပါဝင္တဲ႔ beta- carotene ဆိုတဲ႔ ေရာင္ျခယ္တစ္မ်ိဳးဟာ ခႏၶာကိုယ္ထဲေရာက္ရင္ ဗိုက္တာမင္ ေအအျဖစ္ ေျပာင္းလဲႏိုင္ၿပီး မ်က္စိက်န္းမာေရးမွာ အေထာက္အကူျပဳႏိုင္လို႔ပါပဲ။ ေလ႔လာမႈတစ္ခုရဲ႕အဆိုအရဆိုရင္ တရုပ္ဆီးသီးမွာပါဝင္တဲ႔ beta- carotene ဟာ ဗိုက္တာမင္ စီ၊ အီး၊ ဇင္႔ဓာတ္တို႔နဲ႔ တြဲဖက္လိုက္ခ်ိန္မွာ မ်က္စိနာေရာဂါ၊ တိမ္စြဲေရာဂါတို႔လို မ်က္စိေရာဂါလကၡဏာေတြကိုေတာင္ သက္သာေပ်ာက္ကင္းေစပါတယ္တဲ႔။

၅။ ကီဝီသီး

 

ဗိုက္တာမင္ ေအ၊ ဗိုက္တာမင္ စီ၊ လူတိန္း၊ ဇီဇန္သင္းနဲ႔ beta- carotene တို႔ဟာ ကီဝီသီးထဲမွာပါဝင္တဲ႔ ဓာတ္ေတြပဲျဖစ္ပါတယ္။ ေနာက္ၿပီး အဲဒါေတြဟာ မ်က္စိက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ လူတိန္းဓာတ္ဟာဆိုရင္ anti-oxidant တစ္မ်ိဳး ျဖစ္ၿပီး မ်က္စိကို ခရမ္းလြန္ေရာင္ျခည္သင္႔ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။

ဇီဇန္သင္းကေတာ႔ လူသားမ်က္စိ မ်က္ၾကည္လႊာထဲမွာ ေတြ႕ရတဲ႔ အဝါေရာင္အစက္အေျပာက္ေလးမွာရွိတဲ႔ ေရာင္ျခယ္တစ္မ်ိဳး ျဖစ္ၿပီး မ်က္စိကို စမတ္ဖုန္းေတြ၊ လွ်ပ္စစ္ပစၥည္းေတြကထြက္တဲ႔ အျပာေရာင္အလင္း (blue light) ကေန ကာကြယ္ေပးပါတယ္ေနာ္။ အဆိုပါ က်န္းမာေရးအက်ိဳးေက်းဇူးေတြအျပင္ ကီဝီသီးရဲ႕ ထူးျခားတဲ႔အရသာကလည္း မျဖစ္မေနစားသံုးေပးသင္႔တဲ႔ အေၾကာင္းရင္းတစ္ခုပါပဲ။

Source: Stylecraze

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs