ထိုင်းရိုးရာအစားအစာတွေထဲမှာမှ ထိုင်းခေါက်ဆွဲတွေဟာလည်း နာမည်ကြီးပါပဲ။

ထိုင်းအစားအစာတွေဟာ အစပ်အရသာကဲပြီး အရသာရှိတဲ့အတွက် မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာစားသုံးကြတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ထိုင်းအစားအစာတွေဟာ မြန်မာလူမျိုးတွေနဲ့ လျှာနဲ့လည်း အစပ်အဟပ်တည့်ပြီး စားရတာအဆင်ပြေပါတယ်။

ထိုင်းရိုးရာအစားအစာတွေထဲမှာမှ ထိုင်းခေါက်ဆွဲတွေဟာလည်း နာမည်ကြီးပါပဲ။ ထိုင်းကိုအလည်အပတ်ရောက်ခဲ့သည်ရှိသော် မှာစားနိုင်အောင်လို့ ထိုင်းခေါက်ဆွဲလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကွေ့တယို

ကွေ့တယိုကတော့ လူတိုင်းအသိပေါ့။ အသားပြုတ်ရည် ကြည်ကြည်လေးမှာ ခေါက်ဆွဲ၊ အသားလုံး၊ ပဲပင်ပေါက်လေးနဲ့ စားလို့ကောင်းတယ်။ မြန်မာပြည်မှာလည်း အလွယ်တကူဝယ်စားလို့ရနေပြီ။ သူကကျတော့ အသုပ်နဲ့ အရည်ဆိုပြီး (၂) မျိူး ရွေးချယ်လို့ရတယ်။

၂။ Boat noodle (kuaitiao ruea)

boat noodle.jpg 

သူက အရင်က လှေနဲ့ရောင်းတဲ့ ခေါက်ဆွဲမို့ boat noodle လို့ခေါ်တာ။ သုံးလုတ်စာလောက်ပဲပါတဲ့ ပွဲသေးလေးတွေ ရောင်းတာများတယ်။ တစ်ခါစားရင် ပန်းကန်အထပ်လိုက်ဖြစ်အောင်စားယူရတယ်။ ကြက်သားနဲ့ အမဲသား (၂) မျိုးရနိုင်တယ်။ ပဲငံပြာရည်အနောက်၊ ဆီတို့ဖူးတို့နဲ့ ရောနှောပြုလုပ်ထားတဲ့အတွက် အရသာကတော့ နည်းနည်းပြင်းတယ်။ အသားလုံးတို့၊ ဝက်အသည်းတို့လည်း ပါတယ်။

သူ့ခေါက်ဆွဲဟင်းရည်က အရည်ပြစ်ပြစ် အရောင်မဲမဲချိုချို။ ဘာလို့လည်းဆိုတော့ သူ့အဓိက ပါဝင်ပစ္စည်းက ဝက်သွေး။ ရိုးရိုးကွေ့သယိုထဲကို ဝက်သွေးရောလိုက်တာ။ အဲ့ဒါကြောင့်အရသာက ပိုလေးပြီး အရောင်ကမဲနေတာ။ ကြက်သွေးခဲ ဘဲသွေးခဲတောင်စားကြသေးတာပဲ။ ဒီလောက်ကတော့ အေးဆေးပါ။ ဟုတ်တယ်ဟုတ်။

၃။ Khao Soi (ခေါက်ဆွိုင်)

Khao Soi.jpg 

သူကတော့ ကြက်သားအုန်းနို့ခေါက်ဆွဲ။ မြန်မာ အုန်းနို့ခေါက်ဆွဲနဲ့အရသာ ဆင်ဆင်ကို နည်းနည်းပိုချိုတယ်။ အုန်းနို့ခေါက်ဆွဲဖတ် ခေါက်ဆွဲအကြွပ်ကြော် ကြက်ပေါင် တစ်ပေါင်ပါမယ်။ အဲ့ဒါကို အအီပြေအောင် မုန်လာရွက်အချဉ် (အစိမ်းချဉ်နဲ့အရသာတူတယ်) ကြက်သွန်နီနဲ့ သံပုရာရည် ထည့်စားလို့လည်းရပါတယ်။

၄။ Nam Ngiao (နမ်ညော)

Nan Ngiao.jpg 

ဒါကတော့ ရှမ်းခေါက်ဆွဲနဲ့ ခပ်ဆင်ဆင်တူတယ်။ ကြက်သား၊ ကြက်ရိုး၊ ကြက်သွေးခဲကို ခရမ်းချဉ်သီးနဲ့အရည်စပ်စပ်ချက်ထားပြီး မုန့်ဟင်းခါးဖတ်နဲ့စားရတာ။ ဂေါ်ဖီ၊ ပဲသီး၊ မုန်လာရွက်ချဉ်၊ ပဲပင်ပေါက်၊ ပင်စိမ်းရွက်တွေ ထည့်စားတယ်။ ထိုင်းမှာတော့ Nam Ngiao (နမ်ညော) ခေါက်ဆွဲကို ရှမ်းလူမျိုးတွေရဲ့ ချက်ပြုတ်နည်းလို့ပဲ ဆိုကြတယ်။

၅။ Khanom chin kaeng khiao wan kai (ထိုင်း မုန့်ဟင်းခါး)

Kaeng Khaio Wan Kai.jpg 

ဒါကတော့ ကြက်သားနဲ့ ကြက်ရိုးကို ခရမ်းသီးနဲ့ green curry လိုချက်ထားတာကို မုန့်ဟင်းခါးဖတ်နဲ့စားရတဲ့ ထိုင်းရိုးရာ အစားအစာတစ်မျိုးပါ။ Khanom chin ဆိုတာက မုန့်ဟင်းခါးဖတ်ကို ထိုင်းလိုခေါ်တာဖြစ်ပါတယ်။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၆။ Namya (နမ်မျာ)

Namya.jpg 

ဒီအစားအစာကလည်း မုန့်ဟင်းခါးနဲ့ဆင်တယ်။ ငါးဖယ်လုံးတွေနဲ့ ဟင်းရည်က မုန့်ဟင်းခါးအရည်ကို အုန်းနို့နည်းနည်း ရောထားသလိုမျိုး... ချိုချို ပူပူစပ်စပ်အရသာမျိုးပဲ။

၇။ ကွေကျပ်

Kwae Kyat.jpg 

ကွေကျပ်ကတော့ ဆန်ပြားဖတ် အလိပ်လိုက်လေးတွေကို ဟင်းရည်ခပ်ပြစ်ပြစ်နဲ့ ရောစားရတာမျိုး။ အထဲမှာတော့ ဝက်သား၊ ဝက်အူ၊ ဝက်အသည်းတွေနဲ့။ ထိုင်းရောက်ဖူးတဲ့သူတိုင်း တော်တော်များများ စားဖူးကြမယ်ထင်ပါတယ်။

၈။ Yentafo (ယန်တဖို)

Yentafo.jpg 

ဟင်းရည်ပန်းရောင်နဲ့ ခေါက်ဆွဲကို မြင်ဖူးကြမှာပေါ့။ အဲ့ဒါ ယန်တဖို ပဲ။ အရည်ပန်းရောင်ကြည်ကြည်ကျဲကျဲ။ ချဉ်ချဉ်ချိုချိုအရသာလေးနဲ့။ စားလို့လည်း ကောင်းပါတယ်။

၉။ ဖက်ထိုင်း

Fat Htai.jpg 

ဖက်ထိုင်းကတော့ ဆန်စီးကြော်ပုံစံမျိုး။ ရန်ကုန်မှာဆို eatfinity ဆိုတဲ့ ထိုင်းဆိုင်မှာရတာ တွေ့ဖူးတယ်။ အသားတွေ၊ ပဲပင်ပေါက်တွေနဲ့ ပြန်သုပ်စားရတာ။ ချိုချဉ်စပ်အရသာရှိတယ်။ တစ်ကြိမ်တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။

၁၀။ ဖက်ဆီယု

Fat Si Yu.jpg 

သူကကျ ဆန်ပြားကို ကိုက်လန်၊ မုန်ညင်းရယ် အသားရယ်နဲ့ကြော်ထားတာ။ ဆန်ပြားကြော်သဘောမျိုးပါပဲ။

Source: ChoZinWin's Facebook

 

Share

Loading Next Article...
က္က