• Food & Recipe
    စပျစ်သီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
Thiha Htun
[Unicode Version]

အချိုပွဲအဖြစ် စားမလား။ တခြားပါဝင်ပစ္စည်းတွေနဲ့ရောပြီး အရသာပိုမိုကောင်းမွန်အောင် လုပ်မလား။ ဝိုင်ဖောက်မလား စသဖြင့် နေရာတိုင်းမှာ သုံးနိုင်တဲ့ အသီးတစ်မျိုးကတော့ စပျစ်သီးပါပဲ။ ဘယ်ရီသီး မျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ စပျစ်သီးဟာ အစိမ်း၊ အနီ၊ အပြာ၊ ခရမ်းနဲ့ အနက်ရောင်ဆိုပြီး အရောင်အလိုက် မျိုးကွဲအမျိုးမျိုးရှိပါတယ်။

grapes_625x350_81443376495.jpg 

စပျစ်သီးကို ဝိုင်ဖောက်ရာမှာ အဓိကအသုံးပြုကြပေမယ့် သူ့မှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်းကိုတော့ လူသိပ်မသိကြသေးပါဘူး။ အဲဒါတွေကတော့...

၁။ antioxidant ကြွယ်ဝစွာပါဝင်တယ်

grapes_625x350_61443376353.jpg

စပျစ်သီးတွေဟာ antioxidant ကြွယ်ဝတဲ့ သစ်သီးတွေဖြစ်ပါတယ်။ စပျစ်သီးထဲမှာ carotenoid တို့ polyphenol တို့လို အပင်ကထွက်တဲ့ အာဟာရဓာတ်တွေလည်း စုံလင်စွာပါရှိပါတယ်။ လေ့လာမှုတွေအရဆိုရင် စပျစ်သီးမှာပါဝင်တဲ့ အဲဒီအာဟာရ ဓာတ်တွေဟာ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးထိန်းသိမ်းဖို့လည်း အထောက်အကူပြုစေနိုင်ပါတယ်။

အဲဒီ အာဟာရဓာတ်တွေထဲမှာမှ reseratrol ဆိုတဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာဆဲလ်တွေဖြစ်စေတဲ့ free radical တွေကို တားဆီးပေးသလို သွေးတိုးရောဂါမဖြစ်စေဖို့အတွက် သွေးကြောအကျဉ်းအကျယ်ကိုလည်း ထိန်းညှိပေးပါတယ်။ အာနိသင်အပြည့်အဝရချင်ရင်တော့ အစေ့တွေကို ထွေးမထုတ်ဘဲ တစ်လုံး လုံးဝါးစားသင့်ပါတယ်။

၂။ အရေပြားပြဿနာတွေကို တားဆီးပေးတယ်

skin-625_625x350_41462352100.jpg 

စပျစ်သီးထဲမှာပါဝင်တဲ့ resveratrol ဓာတ်ဟာ အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို တားဆီးပေးပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေ ပြုလုပ်တဲ့ သုတေသနတစ်ခုအရဆိုရင် reesveratrol ကို benzoyl peroxide ဆိုတဲ့ ဆေးဝါးတစ်မျိုးနဲ့ ပေါင်းစပ်လိုက်ရင် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ခိုက်ချေမှုန်းပေးနိုင်တယ်လို့ ဆိုပါတယ်။

၃။ ပိုတက်စီယမ်ပမာဏ မြင့်မားစွာပါဝင်တယ်

စပျစ်သီး (၁၀၀) ဂရမ်မှာ ပိုတက်စီယမ် (၁၉၁) မီလီဂရမ်ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲကို ဆိုဒီယမ်ပမာဏ နည်းနည်းပါ ထည့်သွင်းပြီး ပိုတက်စီယမ်ကို များများပိုထည့်သွင်းမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။

နောက်တစ်ခုက ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကိုလည်း တိုက်ဖျက်နိုင်ပါသေးတယ်။ ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ် များပြားနေရင် ကိုလက်စထရောတက်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်းခြင်းတို့ကို ဖြစ်မလာအောင် တားဆီးပေးပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ အမြင်အာရုံအတွက်ကောင်းတယ်

eyes_625x350_51461653564.jpg 

မီယာမီတက္ကသိုလ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုအရဆိုရင် စပျစ်သီးဟာ အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးခြင်းဖြင့် မျက်စိကျန်းမာရေးကို တိုးတက်စေပါတယ်။ ဒါကြောင့် နေ့စဉ်အစားအသောက်ထဲမှာ စပျစ်သီးကို ထည့်သွင်းစားသုံးပေးခြင်းဟာ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ပရိုတိန်းပမာဏလျော့ကျစေသလို မြင်လွှာထဲမှာ အကာအကွယ်ပေးနိုင်တဲ့ ပရိုတိန်းတွေလည်း တိုးတက်လာစေနိုင်ပါတယ်။

၅။ ဦးနှောက်ရဲ့လုပ်ဆောင်မှုကိုလည်း မြှင့်တင်ပေးတယ်

grapes_625x350_41443376718.jpg 

ုသုတေသနအချို့ကဖော်ပြနေတာက စပျစ်သီးမှာပါဝင်တဲ့ resveratrol ဟာ ဦးနှောက်ဆီကို သွေးစီးဆင်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် အယ်လ်ဇိုင်းမားရောဂါလိုမျိုး ဦးနှောက်နဲ့ပတ်သက်တဲ့ ရောဂါ ဝေဒနာ ခံစားနေသူတွေအတွက် အကျိုးရှိစေပါတယ်။ နောက်ပြီး ဆွစ်ဇာလန်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင် စပျစ်သီးက ဦးနှောက်ကိုထိခိုက်စေတဲ့ free radical တွေကိုလည်း ဖယ်ရှားပေးပါတယ်တဲ့။

Source: food.ndtv

 

[Zawgyi Version]

အခ်ိဳပြဲအျဖစ္ စားမလား။ တျခားပါဝင္ပစၥည္းေတြနဲ႔ေရာၿပီး အရသာပိုမိုေကာင္းမြန္ေအာင္ လုပ္မလား။ ဝိုင္ေဖာက္မလား စသျဖင္႔ ေနရာတိုင္းမွာ သံုးႏိုင္တဲ႔ အသီးတစ္မ်ိဳးကေတာ႔ စပ်စ္သီးပါပဲ။ ဘယ္ရီသီး မ်ိဳးႏြယ္ဝင္တစ္မ်ိဳးျဖစ္တဲ႔ စပ်စ္သီးဟာ အစိမ္း၊ အနီ၊ အျပာ၊ ခရမ္းနဲ႔ အနက္ေရာင္ဆိုၿပီး အေရာင္အလိုက္ မ်ိဳးကြဲအမ်ိဳးမ်ိဳးရွိပါတယ္။

စပ်စ္သီးကို ဝိုင္ေဖာက္ရာမွာ အဓိကအသံုးျပဳၾကေပမယ္႔ သူ႔မွာပါဝင္တဲ႔ က်န္းမာေရး အက်ိဳးေက်းဇူးေတြအေၾကာင္းကိုေတာ႔ လူသိပ္မသိၾကေသးပါဘူး။ အဲဒါေတြကေတာ႔...

၁။ antioxidant ၾကြယ္ဝစြာပါဝင္တယ္

grapes_625x350_61443376353.jpg

စပ်စ္သီးေတြဟာ antioxidant ၾကြယ္ဝတဲ႔ သစ္သီးေတြျဖစ္ပါတယ္။ စပ်စ္သီးထဲမွာ carotenoid တို႔ polyphenol တို႔လို အပင္ကထြက္တဲ႔ အာဟာရဓာတ္ေတြလည္း စံုလင္စြာပါရွိပါတယ္။ ေလ႔လာမႈေတြအရဆိုရင္ စပ်စ္သီးမွာပါဝင္တဲ႔ အဲဒီအာဟာရ ဓာတ္ေတြဟာ ကင္ဆာေရာဂါအခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ၿပီး ႏွလံုးက်န္းမာေရးထိန္းသိမ္းဖို႔လည္း အေထာက္အကူျပဳေစႏိုင္ပါတယ္။

အဲဒီ အာဟာရဓာတ္ေတြထဲမွာမွ reseratrol ဆိုတဲ႔ ဓာတ္တစ္မ်ိဳးဟာ ကင္ဆာဆဲလ္္ေတြျဖစ္ေစတဲ႔ free radical ေတြကုိ တားဆီးေပးသလို ေသြးတိုးေရာဂါမျဖစ္ေစဖို႔အတြက္ ေသြးေၾကာအက်ဥ္းအက်ယ္ကိုလည္း ထိန္းညွိေပးပါတယ္။ အာနိသင္အျပည္႔အဝရခ်င္ရင္ေတာ႔ အေစ႕ေတြကို ေထြးမထုတ္ဘဲ တစ္လံုး လံုးဝါးစားသင္႔ပါတယ္။

၂။ အေရျပားျပႆနာေတြကို တားဆီးေပးတယ္

skin-625_625x350_41462352100.jpg 

စပ်စ္သီးထဲမွာပါဝင္တဲ႔ resveratrol ဓာတ္ဟာ အိုမင္းရင္႔ေရာ္ျခင္းနဲ႔ အေရျပားဆိုင္ရာ ျပႆနာေတြကို တားဆီးေပးပါတယ္။ ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသီေတြ ျပဳလုပ္တဲ႔ သုေတသနတစ္ခုအရဆိုရင္ reesveratrol ကို benzoyl peroxide ဆိုတဲ႔ ေဆးဝါးတစ္မ်ိဳးနဲ႔ ေပါင္းစပ္လိုက္ရင္ ဝက္ျခံျဖစ္ေစတဲ႔ ဘက္တီးရီးယားပိုးမႊားေတြကို တိုက္ခိုက္ေခ်မႈန္းေပးႏိုင္တယ္လို႔ ဆိုပါတယ္။

၃။ ပိုတက္စီယမ္ပမာဏ ျမင္႔မားစြာပါဝင္တယ္

စပ်စ္သီး (၁၀၀) ဂရမ္မွာ ပိုတက္စီယမ္ (၁၉၁) မီလီဂရမ္ပါဝင္ပါတယ္။ လူတစ္ေယာက္ဟာ ခႏၶာကိုယ္ထဲကို ဆိုဒီယမ္ပမာဏ နည္းနည္းပါ ထည္႔သြင္းၿပီး ပိုတက္စီယမ္ကို မ်ားမ်ားပိုထည္႔သြင္းမယ္ဆုိရင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရရွိႏိုင္ပါတယ္။

ေနာက္တစ္ခုက ပိုတက္စီယမ္ဟာ ခႏၶာကိုယ္ထဲမွာ ပိုလွ်ံေနတဲ႔ ဆိုဒီယမ္ေတြကိုလည္း တိုက္ဖ်က္ႏိုင္ပါေသးတယ္။ ခႏၶာကိုယ္္ထဲမွာ ပိုတက္စီယမ္ မ်ားျပားေနရင္ ကိုလက္စထေရာတက္ျခင္း၊ ေသြးေပါင္ခ်ိန္တက္ျခင္းနဲ႔ ႏွလံုးေသြးေၾကာက်ဥ္းျခင္းတို႔ကို ျဖစ္မလာေအာင္ တားဆီးေပးပါတယ္။

သမီးရည္းစားေတြ လမ္းခြဲျပတ္စဲရတဲ႔ အေၾကာင္းရင္းမ်ား 

၄။ အျမင္အာရံုအတြက္ေကာင္းတယ္

eyes_625x350_51461653564.jpg 

မီယာမီတကၠသိုလ္မွာ ျပဳလုပ္တဲ႔ သုေတသနတစ္ခုအရဆိုရင္ စပ်စ္သီးဟာ ေအာက္ဆီဂ်င္ဓာတ္ျပဳျခင္းေၾကာင္႔ျဖစ္တဲ႔ စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ေပးျခင္းျဖင္႔ မ်က္စိက်န္းမာေရးကို တိုးတက္ေစပါတယ္။ ဒါေၾကာင္႔ ေန႕စဥ္အစားအေသာက္ထဲမွာ စပ်စ္သီးကို ထည္႔သြင္းစားသံုးေပးျခင္းဟာ ေရာင္ရမ္းျခင္းကိုျဖစ္ေစတဲ႔ ပရိုတိန္းပမာဏေလ်ာ႔က်ေစသလို ျမင္လႊာထဲမွာ အကာအကြယ္ေပးႏိုင္တဲ႔ ပရုိတိန္းေတြလည္း တိုးတက္လာေစႏိုင္ပါတယ္။

၅။ ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈကိုလည္း ျမွင္႔တင္ေပးတယ္

grapes_625x350_41443376718.jpg 

ုသုေတသနအခ်ိဳ႕ကေဖာ္ျပေနတာက စပ်စ္သီးမွာပါဝင္တဲ႔ resveratrol ဟာ ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈကို ပိုမိုျမန္ဆန္ေစတဲ႔အတြက္ အယ္လ္ဇိုင္းမားေရာဂါလိုမ်ိဳး ဦးေႏွာက္နဲ႔ပတ္သက္တဲ႔ ေရာဂါ ေဝဒနာ ခံစားေနသူေတြအတြက္ အက်ိဳးရွိေစပါတယ္။ ေနာက္ၿပီး ဆြစ္ဇာလန္တကၠသိုလ္မွာ ျပဳလုပ္ခဲ႔တဲ႔ သုေတသနအရဆိုရင္ စပ်စ္သီးက ဦးေႏွာက္ကိုထိခိုက္ေစတဲ႔ free radical ေတြကိုလည္္း ဖယ္ရွားေပးပါတယ္တဲ႔။

Source: food.ndtv

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs