ကော်ဖီကို စွဲစွဲလမ်းလမ်း သောက်တတ်တဲ့ coffee addict တွေဆိုရင် ကော်ဖီမသောက်ရဘဲ အလုပ်လုပ်လို့ကို မရပါဘူး။

ကော်ဖီကောင်းကောင်းတစ်ခွက်ဟာ တချို့လူတွေအတွက်တော့ ဘာနဲ့မှလဲလို့မရတဲ့ အားဆေးတစ်ခွက်ပါပဲ။ ကော်ဖီကို စွဲစွဲလမ်းလမ်း သောက်တတ်တဲ့ coffee addict တွေဆိုရင် ကော်ဖီမသောက်ရဘဲ အလုပ်လုပ်လို့ကို မရပါဘူး။



 

ကော်ဖီချစ်သူတွေအနေနဲ့ ကော်ဖီသောက်ခြင်းမှာ ဘာကောင်းကျိုးတွေရှိလဲ သိချင်ကြမှာပါပဲ။ ကော်ဖီကောင်းကောင်းတစ်ခွက်က ပေးစွမ်းနိုင်တဲ့ အရာတွေကတော့...

၁။ ကင်ဆာရောဂါကိုတိုက်ဖျက်နိုင်တယ်

cinnamon-in-coffee.jpg 

တစ်ချိန်တုံးကတော့ ကော်ဖီကို ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ကာဆီနိုဂျင်တွေပါဝင်နေနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီယုံတမ်းစကားတွေက တကယ်မဟုတ်ခဲ့ပါဘူး။ အမှန်တကယ်ကျတော့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး) က တစ်နေ့ကို ကော်ဖီတစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင် အသည်းကင်ဆာဖြစ်နိုင်ခြေ (၁၅) ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ထုတ်ပြန် ပြောကြားထားတာပါ။ အရက်သောက်သုံးတတ်ပြီး အသည်းရောဂါဖြစ်မှာ ပူနေတဲ့သူတွေ ကော်ဖီပုံမှန်သောက်ပေးသင့်ပါပြီ။

၂။ အသည်းမှာဖြစ်ပေါ်နေတဲ့ ဒဏ်ချက်တွေကို ကုသပေးတယ်

လှပစွာတန်ဆာဆင်ထားတဲ့ ကော့တေးလ်တစ်ခွက်ကို နှစ်သက်သလို လှပစွာတန်ဆာဆင်ထားတဲ့ ကော်ဖီတစ်ခွက်ကိုလည်း ချစ်မြတ်နိုးကြည့်ပါလား။ ကံအားလျော်စွာပဲ... ကော်ဖီသောက်ခြင်းဟာ အရက်ကြောင့်အသည်းကို ထိခိုက်ဒဏ်ရာရမှုတွေကို လျော့နည်းစေပါတယ်။ နောက်ပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို ကော်ဖီ (၂) ခွက် ပိုမိုသောက်သုံးပေးခြင်းက အသည်းရောဂါဖြစ်တန်စွမ်းကို (၄၄) ရာခိုင်နှုန်းထိ လျှော့ချပေးပါတယ်လို့ သိရပါတယ်။

၃။ အဆီတွေကိုလောင်ကျွမ်းစေတယ်

04-overcoming-depression-coffee.jpg

ကော်ဖီသောက်ခြင်းက အဆီတွေကို လောင်ကျွမ်းစေတယ်ဆိုပြီး နို့အရမ်းများတဲ့ ကက်ဖချီနိုတွေ၊ လက်တေးလ်တွေ၊ မိုခတွေ သွားသောက်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲနော်။ သကြားနည်းနည်းနဲ့ ကော်ဖီခါးခါးတစ်ခွက်ကို ပုံုမှန်သောက်ပေးမယ် ဆိုရင်တော့ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

၂၀၁၃ ခုနှစ်တုံးက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရလည်း ကာယလေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်ခြင်းက လေ့ကျင့်ခန်းလုပ်နေရင်း အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေတယ်လို့ ဆိုထားပါတယ်။

၄။ Gym ဆော့ပြီးရင် ကြွက်သားနာကျင်မှုတွေကို မြန်ဆန်စွာ သက်သာစေတယ်

Gym မှာ အပေါ်ပိုင်းလေ့ကျင့်ခန်းတွေ အသေအကြေလုပ်ပြီး ကြွက်သားတွေနာကျင်နေတယ်ဆိုရင် ကော်ဖီခါးခါးလေးတစ်ခွက်သာ ဝင်သောက်လိုက်ပါ။ ကော်ဖီသောက်ခြင်းဟာ ကြွက်သားနာကျင်ခြင်း ဝေဒနာတွေကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်း စေပါတယ်။

ကမ္ဘာတလွှား ထူးထူးခြားခြားကော်ဖီများ 

၅။ ခံနိုင်ရည်ကိုလည်း မြင့်တက်စေတယ်

hands-coffee-smartphone-technology.jpg 

လေ့လာမှုတော်တော်များများက ဖော်ပြနေတာကတော့ ကော်ဖီသောက်ခြင်းဟာ အချိန်ပိုကြာကြာ ကိုုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်နိုင်စေဖို့နဲ့ ပိုမိုထိရောက်ကောင်းမွန်တဲ့ ရလဒ်တွေရလာစေဖို့ ကူညီပေးနိုင်ပါတယ်တဲ့။

၆။ မှတ်ဉာဏ်ပိုကောင်းစေတယ်

၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရတော့ ကော်ဖီသောက်ခြင်းဖြင့် အသေးစိတ်အချက်လက်တွေကို ပိုမိုလွယ်ကူစွာ ပြန်လည်မှတ်မိစေနိုင်ပြီး ကိစ္စတော်တော်များများကို ခေါင်းထဲမှာ အချိန်အကြာကြီး မှတ်မိစေနိုင်ဖို့ ဦးနှောက်ရဲ့စွမ်းရည်တွေကို လှုံ့ဆော်အားပေးပါတယ်တဲ့။ တစ်နေ့ကို ကော်ဖီ ပြင်းပြင်းတစ်ခွက်သောက်ပေးမယ်ဆိုရင် မှတ်ဉာဏ်တိုးတက်စေရေးအတွက် လုံလောက်နေပါပြီ။

၇။ စိတ်ခံစားချက်တွေကို ကောင်းမွန်စေတယ်

morning-portrait-of-handsome-guy-reading-newspaper-and-holding-coffee-cup.jpg 

တွေးကြည့်ပါ။ ကော်ဖီနံ့လေးမွှေးနေတဲ့ ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုမှာ အနှစ်သက်ဆုံးကော်ဖီတစ်ခွက် သောက်လိုက်ရလို့ ရရှိလာတဲ့ နွေးထွေးမှုနဲ့ တက်ကြွမှုကို။ ကော်ဖီကောင်းကောင်းတစ်ခွက်ဟာ စိတ်ကျရောဂါပျောက်ဆေးတစ်လုံးလိုပဲ အာနိသင်ထိရောက်ပါတယ်။ ၂၀၁၃ ခုနှစ်ကလေ့လာမှုတစ်ခုအရဆိုရင် ကော်ဖီပုံမှန်သောက်သူတွေဟာ မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် မိမိကိုယ်ကိုယ်သတ်သေနိုင်ခြေ ပိုနည်းပါတယ်တဲ့။

Source: Lifehack

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က