ညစာအတွက် ဘာချက်ရမလဲမသိဖြစ်နေတဲ့ အိမ်ရှင်မတွေအတွက် အကောင်းဆုံးဟင်းတစ်ချက်ကတော့ တရုတ်ရိုးရာ သခွားသီးသုပ်ပါပဲ။

ညစာအတွက် ဘာချက်ရမလဲမသိဖြစ်နေတဲ့ အိမ်ရှင်မတွေအတွက် အကောင်းဆုံးဟင်းတစ်ချက်ကတော့ တရုတ်ရိုးရာ သခွားသီးသုပ်ပါပဲ။ လုပ်ရတာအလွန်လွယ်ကူသလို မြန်လည်းမြန်ဆန်ပါတယ်။



 

ပူအိုက်တဲ့ရာသီဥတုမှာ အေးစက်ချိုမွှေးတဲ့ သခွားသီးတွေထက် စိတ်ကိုကြည်လင်လန်းဆန်းစေတာ ဘာရှိဦးမလဲ။ အောက်မှာတော့ တရုတ်ရိုးရာ သခွားသီးသုပ် လုပ်နည်းလေးကို ဖော်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

2017-08-21-CucumberSalad-5-600x400.jpg 

အသုပ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အရွယ်တော် အခွံပါး သခွားသီး (၂) လုံုး၊ ဆား လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ကြက်သားပြုတ်ကို အမျှင်လေးတွေဖြစ်အောင် ဖွာထားတဲ့ကြက်သားမျှင် (၁) ပေါင်၊ နှမ်းစေ့ လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ နံနံပင်အနည်းငယ်၊ ငရုပ်သီးမှုန့်အနည်းငယ်၊ ရှာလကာရည် (၁/၄) ခွက်၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ ပျားရည် (၂) ဇွန်း၊ ကြက်သွန်မြိတ် (၁) ပင် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

2017-08-21-CucumberSalad-3.jpg 

အရင်ဆုံး သခွားသီးတွေကို ရေစင်အောင်ဆေးလိုက်ပါ။ ပြီးရင် ဓားမတစ်လက်ရဲ့ဓားပြားနဲ့ (သို့) အနှောင့်နဲ့ သခွားသီးတွေကို ထုနှက်ပေးလိုက်ပါ။ အဲဒီအခါမှာ သခွားသီးတွေက အဆစ်လိုက် ကွဲထွက်သွား ပါလိမ့်မယ်။ ပြီးရင်တော့ သခွားသီးတွေကို လက်နဲ့ပဲ တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် စိတ်ပိုင်းလိုက်ပါ။

  See also

ရလာတဲ့ တစ်ကိုက်စာသခွားသီးတုံးလေးတွေကို ဆန်ကာတစ်ခုထဲမှာထည့်ပြီး အဲဒီဆန်ကာတွေကို အိုးကြီးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် စားပွဲတင်ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို အပေါ်ကဖြူးပေးပြီး သခွားသီးတုံးလေးတွေ နှံ့စပ်သွားအောင် ညင်သာစွာလှုပ်ခါပေးလိုက်ပါ။

 

 

ပြီးရင်တော့ အဲဒီအိုးကို ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံထားလိုက်ပါ။ အဲဒီလို အအေးခံထားခြင်းဖြင့် ဆားတွေက သခွားသီးထဲက အစိုဓာတ်တွေကို စုပ်ယူပေးပြီး အဲဒီဆားရေတွေဟာ အိုးအောက်ခြေမှာ သွားစုနေပါလိမ့်မယ်။

ရှာလကာရည်၊ ပဲငံပြာရည်၊ ပျားရည်၊ ဂျင်း၊ ကြက်သွန်ဖြူထောင်း၊ နံနံပင်တို့ကို အားလုံးသမသွားအောင် ရောနှယ်ပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ထည့်ပြီး နှပ်ထားပေးလိုက်ပါဦး။ ရလာတဲ့ သခွားဆားနယ်တွေကိုတော့ ဇလုံအကြီးတစ်လုံးထဲကို ပြောင်းထည့်လိုက်ပါ။

ပြီးရင် ကြက်သားမျှင်တွေနဲ့ စောနက အအေးခံထားတဲ့ အနှစ်ရည်တို့ကို အပေါ်ကလောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ပလတ်စတစ်လက်အိတ်လေးစွပ်ပြီး နယ်ပေးနိုင်ပါပြီ။ အရသာကိုမြည်းကြည့်ပြီး လိုအပ်ရင် ရှာလကာရည် (သို့) ပဲငံပြာရည် ထပ်ထည့်နိုင်ပါတယ်။

ရလာတဲ့ သခွားသီးသုပ်ကို ပန်းကန်ပြားတွေထဲပြောင်းထည့်ပြီး အပေါ်ကနေ နှမ်းစေ့၊ ငရုပ်သီးခြောက်၊ နံနံပင်တို့နဲ့ အုပ်ပေးနိုင်ပါတယ်။ တစ်ခုရှိတာက သခွားသီးသုပ်ကို တာရှည်ထားလို့မရပါဘူး။ သုပ်ပြီးတာနဲ့ ချက်ချင်းစားမှ အရသာကောင်းမှာပါ။ ဒီနေရာမှာ သက်သတ်လွတ်သမားတွေကတော့ ကြက်သားအစား တို့ဟူးကို အစားထိုးအသုံးပြုနိုင်ပါတယ်။

Source: simplrecipes

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က