Black lemonade (အမဲရောင် လစ်မနစ်ဖျော်ရည်) ဟာ အမဲရောင်အဆင်းရှိတဲ့ သံပုရာဖျော်ရည်တစ်မျိုးပါပဲ။

Black lemonade (အမဲရောင် လစ်မနစ်ဖျော်ရည်) ဟာ အမဲရောင်အဆင်းရှိတဲ့ သံပုရာဖျော်ရည်တစ်မျိုးပါပဲ။ ဖျော်ရည်ကို activated charcoal လို့ခေါ်တဲ့ အပူပေးပေါင်းခံပြီး မီးသွေးမှုန့်နဲ့ ပေါင်းစပ်ပြီး ဖျော်ထားတာဖြစ်ပါတယ်။

 

Activated charcoal မှာ အရက်နာကျခြင်းကို ပျောက်ကင်းစေခြင်း၊ သွားများကိုဖြူဖွေးစေခြင်း၊ အရွယ်တင်စေခြင်း၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း အစရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို activated charcoal က သံလိုက်လို ပူးကပ်စေခြင်းဖြင့် ဖယ်ရှားပေးပြီး အညစ်အကြေးတွေကတဆင့် ခန္ဓာကိုယ် အပြင်ဘက်ကို ထွက်သွားစေပါတယ်။ အစားမှားတာတို့၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ များနေတယ်လို့ ခံစားရတာမျိုးတို့ဆိုရင် activated charcoal ကို အဆိပ်ဖြေဆေးအဖြစ် သုံးစွဲပေးနိုင်ပါတယ်။

See also 

ပြုလုပ်နည်း

F2HM2TFJ3KFGBRB.LARGE.jpg 

ပါဝင်ပစ္စည်းတွေကတော့ သံပုရာသီးတစ်လုံး၊ activated charcoal ဆေးတောင့် (၂) တောင့်၊ မေပယ်သီး သကာရည်နည်းနည်း၊ ရေနဲ့ ရေခဲတို့ပဲဖြစ်ပါတယ်။ အရင်ဆုံး သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်လိုက်ပါ။ အစေ့တွေကို ဖယ်ရှားပေးဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးရင်တော့ သံပုရာရည်ကို ခွက်ကြီးတစ်ခွက်ထဲ ပြောင်းထည့်ပေးလိုက်ပါ။

 

Activated charcoal ဆေးတောင့် (၂) တောင့်ကိုဖွင့်ပြီး အထဲက အမှုန့်လေးတွေကို သံပုရာရည်ခွက်ထဲ ထည့်လိုက်ပါ။ ပြီးရင်တော့ သမ အောင် မွှေပေးလိုက်ပါ။ ပြီးရင် ရေနဲ့ရေခဲကို ခွက်ပြည့်လုနီးပါးထိ ဖြည့်လိုက်ပါ။ ပြီးရင်တော့ မေပယ်သကာရည် နည်းနည်းထည့်လိုက်ပါ။ အပေါ်ကနေ သံပုရာသီးလေးတစ်စိတ်လောက် တင်ပေးလိုက်ရင် ပြီးပြည့်စုံသွားပါပြီ။

သတိထားရမှာတစ်ချက်က ဒီဖျော်ရည်ကို ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေမှ သောက်သုံးသင့်ပါတယ်။ တချို့ကမေးကြမယ်။ Activated charcoal ချည်းပဲ သောက်လည်းရတာကို ဘာလို့ လစ်မနစ် လုပ်သောက်နေလဲဆိုပြီး။ အာနိသင်ကလည်း တူတူပဲလေ။ ဒါပေမယ့် အမဲရောင်လစ်မနစ်ဆိုတဲ့ နာမည်က ပိုမိုက်ပြီး သောက်ရတာလည်း ပိုကောင်းတယ်လေ။ ဟုတ်တယ်ဟုတ်။

Source: Instructables

Share

Loading Next Article...
က္က