• Food & Recipe
    ဦးနှောက်အားကောင်းစေဖို့ စားသုံးသင့်တဲ့ အစားအစာများ
Thiha Htun
[Unicode Version]

လူသားမျိုးနွယ်စု အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့တာဟာ ဦးနှောက်ရဲ့အကူအညီအများကြီးပါပါတယ်။ လူသားဦးနှောက်ရဲ့ သင်ယူနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်၊ တီထွင်ဖန်တီးမှု၊ ပြန်လည်မျှဝေနိုင်မှု အစရှိတာတွေကြောင့်သာ ဒီလောက်တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေသာ မကောင်းမွန်ရင် လူသားမျိုးနွယ်ဆိုတာ သူ့ထက်အင်အားကြီးတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ အစားခံဘဝမှာပဲ နေနေရဦးမှာပါ။ ဒါကြောင့် ဦးနှောက်အားကောင်းစေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့က အလွန်အရေးကြီးတာ အမှန်ပါပဲ။

chrishemsworth.jpg 

ဦးနှောက်အားကောင်းစေဖို့အတွက်၊ ပိုမိုဉာဏ်ကောင်းစေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေကတော့...

၁။ ကြက်ဥ/ဘဲဥ

29e3f31c-1c1d-42f4-af24-5f8da7ee11a9--2014-1014_your-best-recipe-with-egg-whites-011.jpg 

ကြက်ဥဟာ သဘာဝ carotenoid တစ်မျိုးဖြစ်တဲ့ လူတိန်း (lutein) ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသနတွေအရဆိုရင် လူတိန်းဟာ ဦးနှောက်ကို အားကောင်းစေတာကို တွေ့ရှိရပါတယ်။ နောက်ပြီး ကြက်ဥမှာအဓိကပါဝင်တဲ့ အာဟာရတန်ဖိုးတစ်ခုကတော့ အမိုင်နိုအက်ဆစ်ပါပဲ။ ကြက်ဥမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင်ကြားရေးနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ ပိုမိုအားကောင်းလာအောင် အထောက်အကူပြုနိုင်ပါတယ်။

၂။ ဟင်းနုနွယ်ရွက်

lemon+spinach+with+pine+nuts+1.jpg 

ဟင်းနုနွယ်ရွက်ဟာလည်း အာဟာရတန်ဖိုးနဲ့ ပတ်သက်လာရင် အကောင်းဆုံး ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ ဒါကြောင့်လည်း အာဟာရဗေဒပညာရှင်တွေနဲ့ အစားအသောက်သုတေသီတွေက ဟင်းနုနွယ်ရွက်ကို superfood လို့တင်စားခေါ်ဝေါ်ကြတာပါ။ ဟင်းနုနွယ်ရွက်မှာ ဦးနှောက်လုပ်ဆောင်မှုတွေကို လှုံ့ဆော်ပေးတဲ့ ဖိုလိတ် (folate) ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဟင်းနုနွယ်ရွက်မှာ သင်ယူခြင်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်ခြင်း အစရှိတဲ့ ဦးနှောက်လုပ်ဆောင်မှုတွေအတွက် မရှိမဖြစ်အရေးပါတဲ့ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးလည်း ဖြစ်ပါတယ်။

၃။ ငါးကြီးဆီ

gty_fish_oil_ll_130628_33x16_1600.jpg 

အလေးချိန် (၃) ပေါင်ခန့်ရှိတဲ့ ကျွန်တော်တို့ ဦးနှောက်တွေရဲ့တစ်ဝက်လောက်ကို ဖက်တီးအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဦးနှောက်အတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ်အမျိုးအစားတွေ အစုံအလင်ပါဝင်တာကတော့ ငါးကြီးဆီပါပဲ။ နောက်ပြီး ငါးကြီးဆီမှာပါဝင်တဲ့ omega-3 ဟာ ဦးနှောက်ရဲ့ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်မှုတို့အပေါ် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ငါးကြီးဆီဟာ ကျွန်တော်တို့ရဲ့ တွေးခေါ်နိုင်စွမ်း၊ မှတ်ဉာဏ်တို့ကို မြှင်တင်ပေးနိုင်သလို အရွယ်လည်းတင်စေနိုင်ပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ ငှက်ပျောသီး

minion_bananas-wide.jpg

ငှက်ပျောသီးတွေဟာလည်း ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင် ဘီစစ်တို့ ကြွယ်ဝတဲ့ superfood နောက်တစ်မျိုးပါပဲ။ ဗိုက်တာမင်ဘီစစ်ဟာဆိုရင် ဒိုပါမင်း (dopamine)၊ စီရိုတိုနင် (serotonin)၊ norepinephrine နဲ့ GABA တို့လို ဦးနှောက်ထဲမှာရှိတဲ့ ဓာတုပစ္စည်းတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အားလုံးချစ်ကြတဲ့ despicable me ထဲက minion လေးတွေဟာ အလွန်ဉာဏ်ကောင်းနေတာ ဖြစ်နိုင်ပါတယ်။

၅။ ဂျုံနဲ့လုပ်သောအစားအစာများ

Robust-evidence-supports-oat-beta-glucan-s-cholesterol-lowering-potential.jpg 

ဂျုံနဲ့လုပ်တဲ့ အစားအစာတွေကလည်း ခန္ဓာကိုယ်ထဲမှာ glucose အဖြစ်ပြိုကွဲသွားမယ့် ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ ရင်းမြစ်တစ်မျိုးဖြစ်ပါတယ်။ အဲဒီ glucose ဟာ ဦးနှောက်ရဲ့ပင်မစွမ်းအင် အရင်းအမြစ်တစ်မျိုးပါပဲ။ ဒါပေမယ့် ဂျုံနဲ့လုပ်တဲ့ အစားအစာတွေက ပြိုကွဲမှုနှေးကွေးတဲ့အတွက် သူတို့ရဲ့စွမ်းအင်ထုတ်လွှတ်တဲ့ အာနိသင်တွေကလည်း နာရီများစွာကြာအောင် တာရှည်ခံပါတယ်။

၆။ ဘယ်ရီသီးတွေ

Bowl-of-blueberries-1836.jpg 

ဘလူးဘယ်ရီသီးတို့၊ ရက်စ်ဘယ်ရီသီးတို့လို ဘယ်ရီသီးတွေဟာ antioxidant တွေနဲ့ ပြည့်နှက်နေပြီး ဦးနှောက်ကို ဒုက္ခပေးမယ့် free radical တွေကိုလည်း ကူညီတိုက်ထုတ်ပေးပါတယ်။ နောက်ပြီး ဘယ်ရီသီးတွေထဲမှာပါဝင်တဲ့ antioxidant တွေက ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲမှာ အာရုံကြောဆဲလ်တွေ ထုတ်လုပ်ခြင်းကို အားပေးကူညီပါတယ်။ ဦးနှောက်အချက်ပြဆဲလ်တွေဖြစ်တဲ့ neuron အာရုံကြောငယ်လေးတွေကလည်း အကာအကွယ်လိုအပ်ပြီး အနက်ရောင်ဘယ်ရီသီးတွေက ဒီလုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။

Source: powerofpositivity

 

[Zawgyi Version]

လူသားမ်ိဳးႏြယ္စု အခ်ိန္တိုအတြင္း ဖြံ႕ၿဖိဳးတိုးတက္ခဲ႔တာဟာ ဦးေႏွာက္ရဲ႕အကူအညီအမ်ားႀကီးပါပါတယ္။ လူသားဦးေႏွာက္ရဲ႕ သင္ယူႏိုင္စြမ္း၊ ေတြးေခၚႏိုင္စြမ္း၊ မွတ္ဉာဏ္၊ တီထြင္ဖန္တီးမႈ၊ ျပန္လည္မွ်ေဝႏိုင္မႈ အစရွိတာေတြေၾကာင္႔သာ ဒီေလာက္တိုးတက္မႈေတြ ရရွိခဲ႔တာျဖစ္ၿပီး ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြသာ မေကာင္းမြန္ရင္ လူသားမ်ိဳးႏြယ္ဆိုတာ သူ႕ထက္အင္အားႀကီးတဲ႔ ေတာရိုင္းတိရစၦာန္ေတြရဲ႕ အစားခံဘဝမွာပဲ ေနေနရဦးမွာပါ။ ဒါေၾကာင္႔ ဦးေႏွာက္အားေကာင္းေစဖို႔နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔က အလြန္အေရးႀကီးတာ အမွန္ပါပဲ။

ဦးေႏွာက္အားေကာင္းေစဖို႔အတြက္၊ ပိုမိုဉာဏ္ေကာင္းေစဖို႔အတြက္ စားေပးသင္႔တဲ႔ အစားအစာေတြကေတာ႔...

၁။ ၾကက္ဥ/ဘဲဥ

29e3f31c-1c1d-42f4-af24-5f8da7ee11a9--2014-1014_your-best-recipe-with-egg-whites-011.jpg 

ၾကက္ဥဟာ သဘာဝ carotenoid တစ္မ်ိဳးျဖစ္တဲ႔ လူတိန္း (lutein) ဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္။ သုေတသနေတြအရဆိုရင္ လူတိန္းဟာ ဦးေႏွာက္ကို အားေကာင္းေစတာကို ေတြ႕ရွိရပါတယ္။ ေနာက္ၿပီး ၾကက္ဥမွာအဓိကပါဝင္တဲ႔ အာဟာရတန္ဖိုးတစ္ခုကေတာ႔ အမိုင္ႏိုအက္ဆစ္ပါပဲ။ ၾကက္ဥမွာပါဝင္တဲ႔ အာဟာရဓာတ္ေတြဟာ သင္ၾကားေရးနဲ႔ မွတ္ဉာဏ္ပိုင္းဆိုင္ရာမွာ ပိုမိုအားေကာင္းလာေအာင္ အေထာက္အကူျပဳႏိုင္ပါတယ္။

၂။ ဟင္းႏုႏြယ္ရြက္

lemon+spinach+with+pine+nuts+1.jpg 

ဟင္းႏုႏြယ္ရြက္ဟာလည္း အာဟာရတန္ဖိုးနဲ႔ ပတ္သက္လာရင္ အေကာင္းဆံုး ဟင္းသီးဟင္းရြက္တစ္မ်ိဳးပါပဲ။ ဒါေၾကာင္႔လည္း အာဟာရေဗဒပညာရွင္ေတြနဲ႔ အစားအေသာက္သုေတသီေတြက ဟင္းႏုႏြယ္ရြက္ကို superfood လို႔တင္စားေခၚေဝၚၾကတာပါ။ ဟင္းႏုႏြယ္ရြက္မွာ ဦးေႏွာက္လုပ္ေဆာင္မႈေတြကို လႈံ႕ေဆာ္ေပးတဲ႔ ဖိုလိတ္ (folate) ဆိုတဲ႔ဓာတ္တစ္မ်ိဳး ပါဝင္ပါတယ္။ ေနာက္တစ္ခုက ဟင္းႏုႏြယ္ရြက္မွာ သင္ယူျခင္း၊ မွတ္ဉာဏ္နဲ႔ အာရံုစူးစိုက္ျခင္း အစရွိတဲ႔ ဦးေႏွာက္လုပ္ေဆာင္မႈေတြအတြက္ မရွိမျဖစ္အေရးပါတဲ႔ ဗိုက္တာမင္စီ ၾကြယ္ဝတဲ႔ ရင္းျမစ္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

၃။ ငါးႀကီးဆီ

gty_fish_oil_ll_130628_33x16_1600.jpg 

အေလးခ်ိန္ (၃) ေပါင္ခန္႔ရွိတဲ႔ ကြ်န္ေတာ္တို႔ ဦးေႏွာက္ေတြရဲ႕တစ္ဝက္ေလာက္ကို ဖက္တီးအက္ဆစ္ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဦးေႏွာက္အတြက္ လိုအပ္တဲ႔ ဖက္တီးအက္ဆစ္အမ်ိဳးအစားေတြ အစံုအလင္ပါဝင္တာကေတာ႔ ငါးႀကီးဆီပါပဲ။ ေနာက္ၿပီး ငါးႀကီးဆီမွာပါဝင္တဲ႔ omega-3 ဟာ ဦးေႏွာက္ရဲ႕ဖြဲ႕စည္းပံုနဲ႔ လုပ္ေဆာင္မႈတို႔အေပၚ သိသာထင္ရွားတဲ႔ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ ငါးႀကီးဆီဟာ ကြ်န္ေတာ္တို႔ရဲ႕ ေတြးေခၚႏိုင္စြမ္း၊ မွတ္ဉာဏ္တို႔ကို ျမွင္တင္ေပးႏိုင္သလို အရြယ္လည္းတင္ေစႏိုင္ပါတယ္။

သမီးရည္းစားေတြ လမ္းခြဲျပတ္စဲရတဲ႔ အေၾကာင္းရင္းမ်ား 

၄။ ငွက္ေပ်ာသီး

minion_bananas-wide.jpg

ငွက္ေပ်ာသီးေတြဟာလည္း ပိုတက္စီယမ္၊ မဂၢနီစီယမ္၊ ဗိုက္တာမင္စီနဲ႔ ဗိုက္တာမင္ ဘီစစ္တို႔ ၾကြယ္ဝတဲ႔ superfood ေနာက္တစ္မ်ိဳးပါပဲ။ ဗိုက္တာမင္ဘီစစ္ဟာဆိုရင္ ဒိုပါမင္း (dopamine)၊ စီရိုတိုနင္ (serotonin)၊ norepinephrine နဲ႔ GABA တို႔လို ဦးေႏွာက္ထဲမွာရွိတဲ႔ ဓာတုပစၥည္းေတြကိုလည္း ထုတ္လုပ္ေပးပါတယ္။ အားလံုးခ်စ္ၾကတဲ႔ despicable me ထဲက minion ေလးေတြဟာ အလြန္ဉာဏ္ေကာင္းေနတာ ျဖစ္ႏိုင္ပါတယ္။

၅။ ဂ်ံဳနဲ႔လုပ္ေသာအစားအစာမ်ား

Robust-evidence-supports-oat-beta-glucan-s-cholesterol-lowering-potential.jpg 

ဂ်ံဳနဲ႔လုပ္တဲ႔ အစားအစာေတြကလည္း ခႏၶာကိုယ္ထဲမွာ glucose အျဖစ္ၿပိဳကြဲသြားမယ္႔ ကာဘိုဟိုက္ဒရိတ္ၾကြယ္ဝတဲ႔ ရင္းျမစ္တစ္မ်ိဳးျဖစ္ပါတယ္။ အဲဒီ glucose ဟာ ဦးေႏွာက္ရဲ႕ပင္မစြမ္းအင္ အရင္းအျမစ္တစ္မ်ိဳးပါပဲ။ ဒါေပမယ္႔ ဂ်ံဳနဲ႔လုပ္တဲ႔ အစားအစာေတြက ၿပိဳကြဲမႈေႏွးေကြးတဲ႔အတြက္ သူတို႔ရဲ႕စြမ္းအင္ထုတ္လႊတ္တဲ႔ အာနိသင္ေတြကလည္း နာရီမ်ားစြာၾကာေအာင္ တာရွည္ခံပါတယ္။

၆။ ဘယ္ရီသီးေတြ

Bowl-of-blueberries-1836.jpg 

ဘလူးဘယ္ရီသီးတို႔၊ ရက္စ္ဘယ္ရီသီးတို႔လို ဘယ္ရီသီးေတြဟာ antioxidant ေတြနဲ႔ ျပည္႔ႏွက္ေနၿပီး ဦးေႏွာက္ကို ဒုကၡေပးမယ္႔ free radical ေတြကိုလည္း ကူညီတိုက္ထုတ္ေပးပါတယ္။ ေနာက္ၿပီး ဘယ္ရီသီးေတြထဲမွာပါဝင္တဲ႔ antioxidant ေတြက ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ထဲမွာ အာရံုေၾကာဆဲလ္ေတြ ထုတ္လုပ္ျခင္းကို အားေပးကူညီပါတယ္။ ဦးေႏွာက္အခ်က္ျပဆဲလ္ေတြျဖစ္တဲ႔ neuron အာရံုေၾကာငယ္ေလးေတြကလည္း အကာအကြယ္လိုအပ္ၿပီး အနက္ေရာင္ဘယ္ရီသီးေတြက ဒီလုပ္ေဆာင္မႈကို ကူညီလုပ္ေဆာင္ေပးႏိုင္ပါတယ္။

Source: powerofpositivity

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs