• Food & Recipe
    ဟင်းချက်ဆီ အမျိုးအစားများအကြောင်း
Thiha Htun
[Unicode Version]

ဆီဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ အလွန်အရေးပါတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ဟင်းချက်ရင်လည်း ဆီပါတယ်။ အသုပ်သုပ်ရင်လည်း ဆီပါတယ်။ စားရတာခြောက်ကပ်ကပ်ဖြစ်နေတဲ့ ဟင်းကိုတောင် ရှေးလူကြီးသူမတွေက "ဆီမပါ ပျားမပါနဲ့" ဆိုပြီး ပြောတတ်ကြပါတယ်။ ဆီအမျိုးအစားကွဲတွေနဲ့ သူတို့ကို အသုံးပြုပုံတွေကတော့...

၁။ နေကြာဆီ

crudesunfloweroil.jpg 

နေကြာဆီဟာ တောင်အာဖရိကနိုင်ငံတွေမှာ ချက်ပြုတ်ရာမှာ အသုံးအများဆုံး ဆီတစ်မျိုးပါပဲ။ နောက်ပြီး နေကြာဆီဟာ တခြားဆီတွေထက် ပိုပြီး ဈေးသက်သာပါတယ်။ နေကြာဆီကို ဘယ်နေရာတွေမှာ သုံးလဲဆိုတော့ အပူချိန်မြင့်မြင့်နဲ့ အသားတစ်မျိုးမျိုးကို ကြော်ရာမှာ၊ ဆီပူထိုးရာမှာ၊ ညိုမဲနေအောင် ကြော်ရာမှာ အသုံးပြုကြပါတယ်။

နေကြာဆီဟာ ဗိုက်တာမင်အီးနဲ့ ပိုလီအန်ဆက်ကျူရိတ် (polyunsaturates) တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နောက်တစ်ခုက တစ်ကြိမ်အသုံးပြုပြီးတဲ့ နေကြာဆီကို တခြားဟင်းလျာတွေမှာလည်း ပြန်လည်အသုံုးပြုနိုင်ပါသေးတယ်။

နေကြာဆီကိုသုံးလို့မရတဲ့ တစ်ခုတည်းသော ဟင်းလျာက အီတလီအစားအစာတွေပါပဲ။ နေကြာဆီအသုံးပြုခြင်းရဲ့ တစ်ခုတည်းသော ဆိုးကျိုးက အကြိမ်ရေအနည်းငယ် အပူပြန်ပေးပြီးချိန်မှာ ဖြစ်ပေါ်လာတဲ့ trans-fat တွေဖြစ်ပါတယ်။

၂။ သံလွင်ဆီ

olive-oil.jpg 

ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုချည်းပဲ ရွေးချယ်စားသောက်နေရတာ ပျင်းလာပြီလား။ ဒါဆိုရင် သံလွင်ဆီနဲ့ အစားအစာချက်ပြုတ်စားကြည့်ပါ။ သံလွင်ဆီမှာ ဟင်းချက်အမွှေးအကြိုင် အရသာတွေ ထူးကဲစွာပါဝင်သလို စားလိုက်တဲ့အချိန်မှာ ပါးစပ်ထဲမှာ လေးပင်တဲ့အရသာကျန်ခဲ့ပြီး အစားအစာရဲ့အရသာကို အပြည့်အဝခံစားနိုင်စေမှာပါ။

သံလွင်ဆီတွေဟာ ပြင်းထန်တဲ့ အပူချိန်တွေအောက်မှာ ပြိုကွဲမသွားအောင် ကောင်းကောင်းထိန်းသိမ်းနိုင်ပေမယ့် မကြော်မချက်ရသေးတဲ့ အစားအစာတွေနဲ့ဆိုရင် အကောင်းဆုံးအရသာကို ရရှိစေနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ သံလွင်ဆီကို အသား၊ ငါး အစိမ်းသုပ်တွေမှာထည့်တဲ့ အရသာရည်အဖြစ်၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်သုပ်တွေမှာ ထည့်သုံးတဲ့ ဆော့စ်အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။

see also 

၃။ မုန်ညင်းဆီ

How-Is-Mustard-Oil-Beneficial-For-Hair-1.jpg 

မုန်ညင်းနက်ကနေ ပြုလုပ်တဲ့မုန်ညင်းဆီ (mustard oil) ကို အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ချ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အသုံးပြုကြပါတယ်။ မုန်ညင်းဆီထဲမှာ မုန်ညင်းစေ့တော်တော်များများကို ပေါင်းစည်းပြီး ကြိတ်ထားရာကထွက်တဲ့ စူးရှရှအနံ့တစ်မျိုး ရောယှက်နေပါတယ်။

သနပ်သီးသနပ်တို့၊ သံပုရာသီးသနပ်တို့လို သနပ်တွေမှာ အဓိကသုံးတဲ့ မုန်ညင်းဆီဟာ အစားအစာတွေကို အဝါရောင် ဖျော့ဖျော့လေး သမ်းစေပါတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါးနဲ့ ကြက်ဥဘဲဥတို့ကို ချက်ပြုတ်ရာမှာ မုန်ညင်းဆီကို အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီဟာ အဆီဓာတ်ပါဝင်မှုနည်းပါးတဲ့အတွက် ဝိတ်တက်မှာလည်း မပူရမှာပါဘူး။

၄။ ဟင်းရွက်အဆီခဲ (margarine)

margarine-hero.jpg 

ချက်ပြုတ်ရာမှာ မာဂျရင်း (margarine) ဟင်းရွက်ဆီအခဲတုံးကတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ချင်မှ ဖြစ်မှာပါ။ မာဂျရင်းကို ပြုလုပ်ရာမှာ ဟင်းသီးဟင်းရွက်ဆီထဲကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့လွှတ်ပြီး ခဲအောင် ပြုလုပ်ထားတဲ့အတွက် သဘာဝထုတ်ကုန် ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး။

သူ့မှာနှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်။ ထောပတ်ထက်ပိုကောင်းတယ်လို့ ဆိုကြပြီး တချို့က ပေါင်မုန့်ပေါ်မှာ သုတ်စားကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ မာဂျရင်းအခဲအစား မာဂျရင်းအပျော့ကို အသုံးပြုဖို့ အကြံပြုထားပါတယ်။

Source: youngisthan

 

[Zawgyi Version]

ဆီဟာ ကြ်န္ေတာ္တို႔ရဲ႕ေန႔စဥ္ဘဝမွာ အလြန္အေရးပါတယ္ဆိုတာကိုေတာ႔ ျငင္းလို႔မရပါဘူး။ ဟင္းခ်က္ရင္လည္း ဆီပါတယ္။ အသုပ္သုပ္ရင္လည္း ဆီပါတယ္။ စားရတာေျခာက္ကပ္ကပ္ျဖစ္ေနတဲ႔ ဟင္းကိုေတာင္ ေရွးလူႀကီးသူမေတြက "ဆီမပါ ပ်ားမပါနဲ႔" ဆိုၿပီး ေျပာတတ္ၾကပါတယ္။ ဆီအမ်ိဳးအစားကြဲေတြနဲ႔ သူတို႔ကို အသံုးျပဳပံုေတြကေတာ႔...

၁။ ေနၾကာဆီ

crudesunfloweroil.jpg 

ေနၾကာဆီဟာ ေတာင္အာဖရိကႏိုင္ငံေတြမွာ ခ်က္ျပဳတ္ရာမွာ အသံုးအမ်ားဆံုး ဆီတစ္မ်ိဳးပါပဲ။ ေနာက္ၿပီး ေနၾကာဆီဟာ တျခားဆီေတြထက္ ပိုၿပီး ေစ်းသက္သာပါတယ္။ ေနၾကာဆီကို ဘယ္ေနရာေတြမွာ သံုးလဲဆိုေတာ႔ အပူခ်ိန္ျမင္႔ျမင္႔နဲ႔ အသားတစ္မ်ိဳးမ်ိဳးကို ေၾကာ္ရာမွာ၊ ဆီပူထိုးရာမွာ၊ ညိဳမဲေနေအာင္ ေၾကာ္ရာမွာ အသံုးျပဳၾကပါတယ္။

ေနၾကာဆီဟာ ဗိုက္တာမင္အီးနဲ႔ ပိုလီအန္ဆက္က်ဴရိတ္ (polyunsaturates) ေတြ ၾကြယ္ဝစြာပါဝင္တဲ႔အတြက္ ကိုလက္စထေရာပမာဏကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္။ ေနာက္တစ္ခုက တစ္ႀကိမ္အသံုးျပဳၿပီးတဲ႔ ေနၾကာဆီကို တျခားဟင္းလ်ာေတြမွာလည္း ျပန္လည္အသံုုးျပဳႏိုင္ပါေသးတယ္။

ေနၾကာဆီကိုသံုးလို႔မရတဲ႔ တစ္ခုတည္းေသာ ဟင္းလ်ာက အီတလီအစားအစာေတြပါပဲ။ ေနၾကာဆီအသံုးျပဳျခင္းရဲ႕ တစ္ခုတည္းေသာ ဆိုးက်ိဳးက အႀကိမ္ေရအနည္းငယ္ အပူျပန္ေပးၿပီးခ်ိန္မွာ ျဖစ္ေပၚလာတဲ႔ trans-fat ေတြျဖစ္ပါတယ္။

၂။ သံလြင္ဆီ

olive-oil.jpg 

က်န္းမာေရးနဲ႔ ကိုက္ညီတဲ႔ အစားအေသာက္ေတြကိုခ်ည္းပဲ ေရြးခ်ယ္စားေသာက္ေနရတာ ပ်င္းလာၿပီလား။ ဒါဆိုရင္ သံလြင္ဆီနဲ႔ အစားအစာခ်က္ျပဳတ္စားၾကည္႔ပါ။ သံလြင္ဆီမွာ ဟင္းခ်က္အေမႊးအႀကိဳင္ အရသာေတြ ထူးကဲစြာပါဝင္သလို စားလိုက္တဲ႔အခ်ိန္မွာ ပါးစပ္ထဲမွာ ေလးပင္တဲ႔အရသာက်န္ခဲ႔ၿပီး အစားအစာရဲ႕အရသာကို အျပည္႔အဝခံစားႏိုင္ေစမွာပါ။

သံလြင္ဆီေတြဟာ ျပင္းထန္တဲ႔ အပူခ်ိန္ေတြေအာက္မွာ ၿပိဳကြဲမသြားေအာင္ ေကာင္းေကာင္းထိန္းသိမ္းႏိုင္ေပမယ္႔ မေၾကာ္မခ်က္ရေသးတဲ႔ အစားအစာေတြနဲ႔ဆိုရင္ အေကာင္းဆံုးအရသာကို ရရွိေစႏိုင္ပါတယ္။ ပါဝင္ပစၥည္းေတြရဲ႕ အတြင္းပိုင္းအထိ ထိုးေဖာက္ဝင္ေရာက္ႏိုင္တဲ႔ သံလြင္ဆီကို အသား၊ ငါး အစိမ္းသုပ္ေတြမွာထည္႔တဲ႔ အရသာရည္အျဖစ္၊ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္သုပ္ေတြမွာ ထည္႔သံုးတဲ႔ ေဆာ႔စ္အျဖစ္လည္း အသံုးျပဳႏိုင္ပါေသးတယ္။

see also 

၃။ မုန္ညင္းဆီ

How-Is-Mustard-Oil-Beneficial-For-Hair-1.jpg 

မုန္ညင္းနက္ကေန ျပဳလုပ္တဲ႔မုန္ညင္းဆီ (mustard oil) ကို အိႏၵိယ၊ နီေပါ၊ ဘဂၤလားေဒ႔ခ်္နဲ႔ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ အသံုးျပဳၾကပါတယ္။ မုန္ညင္းဆီထဲမွာ မုန္ညင္းေစ႔ေတာ္ေတာ္မ်ားမ်ားကို ေပါင္းစည္းၿပီး ႀကိတ္ထားရာကထြက္တဲ႔ စူးရွရွအနံ႕တစ္မ်ိဳး ေရာယွက္ေနပါတယ္။

သနပ္သီးသနပ္တို႔၊ သံပုရာသီးသနပ္တို႔လို သနပ္ေတြမွာ အဓိကသံုးတဲ႔ မုန္ညင္းဆီဟာ အစားအစာေတြကို အဝါေရာင္ ေဖ်ာ႔ေဖ်ာ႔ေလး သမ္းေစပါတယ္။ ဟင္းသီးဟင္းရြက္၊ အသားငါးနဲ႔ ၾကက္ဥဘဲဥတို႔ကို ခ်က္ျပဳတ္ရာမွာ မုန္ညင္းဆီကို အသံုးျပဳႏိုင္ပါတယ္။ မုန္ညင္းဆီဟာ အဆီဓာတ္ပါဝင္မႈနည္းပါးတဲ႔အတြက္ ဝိတ္တက္မွာလည္း မပူရမွာပါဘူး။

၄။ ဟင္းရြက္အဆီခဲ (margarine)

margarine-hero.jpg 

ခ်က္ျပဳတ္ရာမွာ မာဂ်ရင္း (margarine) ဟင္းရြက္ဆီအခဲတံုးကေတာ႔ အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခု ျဖစ္ခ်င္မွ ျဖစ္မွာပါ။ မာဂ်ရင္းကို ျပဳလုပ္ရာမွာ ဟင္းသီးဟင္းရြက္ဆီထဲကို ဟိုက္ဒရိုဂ်င္ဓာတ္ေငြ႕လႊတ္ၿပီး ခဲေအာင္ ျပဳလုပ္ထားတဲ႔အတြက္ သဘာဝထုတ္ကုန္ ပစၥည္းတစ္ခုေတာ႔ မဟုတ္ပါဘူး။

သူ႕မွာႏွလံုးနဲ႔ဆိုင္တဲ႔ ေရာဂါေတြကို ျဖစ္ေစႏိုင္တဲ႔ အႏၱရာယ္ေတြရွိေနပါတယ္။ ေထာပတ္ထက္ပိုေကာင္းတယ္လို႔ ဆိုၾကၿပီး တခ်ိဳ႕က ေပါင္မုန္႔ေပၚမွာ သုတ္စားၾကပါတယ္။ ကြ်မ္းက်င္သူေတြကေတာ႔ မာဂ်ရင္းအခဲအစား မာဂ်ရင္းအေပ်ာ႔ကို အသံုးျပဳဖို႔ အၾကံျပဳထားပါတယ္။

Source: youngisthan

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs