နေ့လည်နေ့ခင်း အိပ်ငိုက်နေချိန်မှာ ကော်ဖီမွှေးမွှေးလေးတစ်ခွက်ကို သောက်ချင်စိတ်ပေါ်နေပြီဆိုရင် တုံ့ဆိုင်းမနေဘဲ သွားသာဖျော်သောက်လိုက်ပါ။ ကော်ဖီကောင်းကောင်းတစ်ခွက်ဆိုတာ တစ်နေ့တာလုပ်ငန်း ဆောင်တာတွေ လွယ်ကူလျင်မြန်စွာပြီးဆုံးစေဖို့အတွက် အကောင်းဆုံးအဖော်မွန်ပါပဲ။



 

ဒါတင်မကသေးပါဘူး။ နို့မှုန့်တွေ၊ သကြားတွေ အများကြီးမထည့်ထားတဲ့ ကော်ဖီရိုးရိုးလေးတစ်ခွက်ဟာ များပြားလှတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

၁။ အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျော့ကျစေတယ်

o-INFLAMMATION-TREATMENT-facebook.jpg 

ကာယလေ့ကျင့်ခန်းတွေ စွတ်လုပ်လို့ဖြစ်လာတဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဆိုလိုတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါကြောင့်ဖြစ်တဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်းဝေဒနာတွေကိုတော့ ကော်ဖီသောက်ခြင်းက သက်သာပျောက်ကင်းစေပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ထောက်ကူပေးနိုင်ပြီး သာမန်ရောဂါအသေးအဖွဲလေးတွေကို သက်သာကောင်းမွန်စေပါတယ်။

ကော်ဖီထဲက ကဖင်းဓာတ်ဟာ ဦးနှောက်ဆဲလ်တွေထဲက အာရုံခံအချောင်းလေးတွေကို တားဆီးပေးပါတယ်။ ဒါကြောင့် ကော်ဖီသောက်ရင် အိပ်ချင်ပြေတယ်လို့ ပြောကြတာပါ။ အာရုံခံဆဲလ်တွေကို နှောင့်နှေးစေခြင်းဖြင့် ကဖင်းဓာတ်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ မော်လီကျူးလေးတွေသွားရာ လမ်းကြောင်းကိုလည်း ပိတ်ဆို့ပေးပါတယ်။

ဒါကြောင့် အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေ ပိုသောက်ပေးသင့်ပါတယ်။ လေ့လာမှုတွေအရဆိုရင် အသက်ကြီးရင့်တဲ့ ယောကျ်ား၊ မိန်းမတွေ ကော်ဖီပိုသောက်ပေးမယ်ဆိုရင် အဆစ်အမြစ်ရောင်ရမ်းခြင်းသာမက သွေးတိုးနဲ့ နှလုံးရောဂါတွေပါ လျော့နည်းစေတယ်လို့ သိရှိရပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ ပိုမိုသွက်လက်ဖျတ်လတ်စေတယ်

hands-coffee-smartphone-technology.jpg 

စိတ်ပိုင်းဆိုင်ရာပြဿနာမျိုးဆိုတာ လူတိုင်းကြုံရတတ်ပါတယ်။ အခန့်မသင့်လို့ စိတ်တိုတာ၊ စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ အစရှိသဖြင့်ပေါ့။ ဒါပေမယ့် လေ့လာမှုတစ်ခုအရ ကော်ဖီသောက်ခြင်းဟာ ဦးနှောက်ကို ထောက်ပံ့ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပိုမိုသွက်လက်ဖျတ်လတ်စေတယ်လို့ ဆိုပါတယ်။

သုတေသီတွေရဲ့လေ့လာချက်အရ တစ်နေ့ကို ကော်ဖီ (၃) ခွက်ကနေ (၅) ခွက် သောက်တဲ့လူတွေဟာ အယ်လ်ဇိုင်းမားရောဂါ (အသက်အရွယ်ကြီးရင့်လို့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းရောဂါ) နဲ့ ဦးနှောက်ထိခိုက်မှုကြောင့် စိတ်ဖောက်ပြန်ခြင်းရောဂါတို့ ဖြစ်ပွားနိုင်ခြေ (၆၅) ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်တဲ့။

၃။ နှလုံးကို ကာကွယ်ပေးတယ်

ကျန်းမာရေးလိုက်စားသူတွေဟာ နှလုံးကျန်းမာရေးရဲ့ အရေးပါပုံကို ကောင်းကောင်း နားလည်သဘောပေါက် ထားပါတယ်။ ဒါကြောင့်လည်း နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို နေ့စဉ်လုပ်ဆောင် ပေးရမှာပါ။

တစ်နေ့ကို ကော်ဖီ (၂) ခွက်လောက်သောက်ပေးလိုက်ရုံနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်တယ် ဆိုတာကိုကော သိပါသလား။ ပါဝင်သူ (၇၆၀၀၀) ခန့်ပါဝင်တဲ့ ဂျပန်သုတေသနတစ်ခုမှာ ကော်ဖီတစ်နေ့ကို (၁) ခွက် ကနေ (၂) ခွက်ကြားသောက်သူတွေဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို (၃၈) ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ ဘာမှခက်ခဲတဲ့အလုပ်တစ်ခု မဟုတ်လို့ နေ့စဉ်ကော်ဖီတစ်ခွက်တော့ ပုံမှန်သောက်ပေးသင့်ပါတယ်။

See Also: 

၄။ အသက်ပိုရှည်စေတယ်

coffee-2354885_640.jpg 

အမေရိကန်အမျိုးသားကျန်းမာရေးသိပ္ပံရဲ့ သုတေသနအရ လူပေါင်း (၄) သိန်းကျော်ဟာ ကော်ဖီသောက်ခြင်းဖြင့် အသက်ပိုရှည်စေနိုင်တယ်လို့ ရလဒ်ထွက်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်းမှာ အမျိုးသားတွေဟာ နေ့စဉ်ကော်ဖီ (၁) ခွက်ပဲ ပုံမှန်သောက်ခြင်းဖြင့် သေဆုံးနိုင်ခြေကို (၆) ရာခိုင်နှုန်း လျော့ကျစေခဲ့ပါတယ်။ တစ်နေ့ကို ကော်ဖီ (၃) ခွက်နဲ့ (၆) ခွက်ကြား သောက်မယ်ဆိုရင်တော့ (၁၀) ရာခိုင်နှုန်းထိ ဖြစ်သွားနိုင်တယ်လို့လည်း လေ့လာမှုတွေအရ သိရပါတယ်။

၅။ ဆီးချိုရောဂါကာကွယ်ပေးတယ်

အသက် (၂၀) ကျော် အမေရိကန်အမျိုးသား (၁၁.၈) ရာခိုင်နှုန်းမှာ ဆီးချိုရောဂါရှိနေတယ်လို့ သိရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေမှာဆိုရင် အဲဒီကိန်းဂဏန်းထက် လျော့နည်းမှာမဟုတ်ပါဘူး။ ဒီလို တစ်ကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့်ချိန်းခြောက်နေတဲ့ ရောဂါမျိုးကို တိုက်ထုတ်ဖို့အတွက် အကောင်းဆုံးအရာဟာလည်း ကော်ဖီပဲဖြစ်နေပါတယ်။

၁၉၈၆ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်ကြားမှာ ဟားဗတ်သုတေသီတွေက ကော်ဖီသောက်ခြင်းနဲ့ ဆီးချိုရောဂါကြားက ဆက်နွယ်မှုကို လေ့လာခဲ့ပြီး ကော်ဖီကို ရေရှည်စွဲသောက်သူတွေမှာ type 2 ဆီးချိုရောဂါဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း သိရပါတယ်။ သကြားကိုသာလျှော့ထည့်ဖို့ မမေ့နဲ့ပေါ့။

Source: mensfitness

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က