မာလကာသီးမှာပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို လူတိုင်းမသိကြသေးပါဘူး။

ရာသီစာသီးနှံတစ်မျိုးဖြစ်တဲ့ မာလကာသီးကို အစိတ်စိတ်လေးတွေဖြစ်အောင် လှီးပြီး ဆား၊ ငရုပ်သီးမှုန့်တွေနဲ့ ရောကာ သရောစာတစ်မျိုးအဖြစ် စားသုံးနိုင်သလို သူ့ချည်းပဲလည်း စားလို့ရပါတယ်။ ဒါပေမယ့် မာလကာသီးမှာပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို လူတိုင်းမသိကြသေးပါဘူး။ အဲဒါတွေကတော့....

၁။ ကိုယ်ခံအားကို တိုးမြှင့်ပေးတယ်

stretching1.jpg 

မာလကာသီးဟာာ သဘာဝအတိုင်း ဗိုက်တာမင်စီ အကြွယ်ဝဆုံးရင်းမြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။ လူတွေက ဗိုက်တာမင်စီဆိုရင် လိမ္မော်သီးကို ပြေးမြင်တတ်ကြပေမယ့် မာလကာသီးမှာ ပါဝင်တဲ့ ဗိုက်တာမင်စီ ပမာဏက လိမ္မော်သီးထက် (၄) ဆ ပိုများပါတယ်။ ဗိုက်တာမင်စီက ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်ပိုးမွှားနဲ့ ကူးစက်ရောဂါပိုး အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

၂။ ဆီးချိုရောဂါသည်တွေနဲ့ တည့်တယ်

diabetes-reversed.jpg

မာလကာသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အချိုဓာတ်လည်း နည်းပါးတာကြောင့် ဆီးချိုရောဂါသည်တွေနဲ့လည်း တည့်ပါတယ်။ မာလကာသီးစားလိုက်ရင် သွေးထဲမှာ အင်ဆူလင် ရုတ်တရက် ဆောင့်တက်တာတို့၊ ဘာတို့လည်း မဖြစ်တော့ဘူးပေါ့။

၃။ နှလုံးကို ကျန်းမာစေတယ်

မာလကာသီးဟာ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် မျှခြေကို ထိန်းသိမ်းပေးတဲ့အတွက် သွေးတိုးရောဂါသည် တွေထဲမှာ သွေးဖိအားတက်ခြင်းကို ထိန်းညှိပေးပါတယ်။ နောက်ပြီး နှလုံးရောဂါဖြစ်စေတဲ့ triglyceride နဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း ထိန်းညှိပေးတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

See Also: 

၄။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

pms-high-blood-pressure.jpg 

တခြားအသီးတွေနဲ့ နှိုင်းစာရင် မာလကာသီးဟာ အမျှင်ဓာတ်အကြွယ်ဝဆုံး သစ်သီးဝလံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အစာအိမ်အူလမ်းကြောင်းတလျှောက်မှာ ချောချောမွေ့မွေ့ရှိစေပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၅။ မျက်စိအားကောင်းစေတယ်

မာလကာသီးမှာ ဗိုက်တာမင်အေပါဝင်မှုကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ မျက်စိတိမ် စွဲခြင်း၊ မျက်စိနာခြင်း အစရှိတဲ့ မျက်စိရောဂါတွေကို သက်သာပျောက်ကင်းစေသလို မာလကာသီး ပုံမှန်စားပေးမယ်ဆိုရင် မျက်မှန်သမားတွေတောင်မှ မျက်မှန်ပါဝါကျလာတာကို အံ့သြဖွယ်တွေ့မြင်ရမှာပါ။

မုန်လာဥနီလောက်တော့ ဗိုက်တာမင်အေ မကြွယ်ဝပေမယ့် မာလကာသီးဟာလည်း ဗိုက်တာမင်အေ အထူးကြွယ်ဝတဲ့ သစ်သီးဝလံတစ်မျိုးပဲဖြစ်ပါတယ်။

၆။ သွားကိုက်ခြင်းကို သက်သာစေတယ်

toothache.jpg 

မာလကာသီးသာမက မာလကာရွက်မှာလည်း အံ့သြဖွယ်အာနိသင်တွေ ပါရှိပါတယ်။ မာလကာရွက်မှာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့ လုပ်ဆောင်မှုတွေရယ်၊ ဘက်တီးရီးယားပိုး ကာကွယ်တိုက်ဖျက်နိုင်တဲ့ စွမ်းရည်တွေရယ် ပါဝင်တဲ့အတွက် ခံတွင်းကျန်းမာရေးကို ထိပါးနိုင်တဲ့ ပိုမွှားတွေကို သေစေနိုင်ပါတယ်။

ဒါကြောင့် သွားကိုက်ပြီဆိုရင် မာလကာရွက်လေးကိုဝါးပြီး ငုံပေးလိုက်မယ်ဆိုရင် ထူးခြားသက်သာမှုကို တွေ့မြင်ရမှာပါ။

Source: food.ndtv

 

Share

Loading Next Article...
က္က