• Food & Recipe

    အိပ်ရာမဝင်ခင် စားသုံးခြင်းကို ရှောင်ကြဉ်သင့်တဲ့ အစားအသောက်များ

Thiha Htun
[Unicode Version]

အလုပ်စိတ်ဖိစီးမှုတွေ များပြားလွန်းတဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲမှာ အိပ်ရေးပျက်တာမဆန်းပါဘူး။ သားသမီးပူ၊ အိမ်စရိတ်ပူ၊ ရည်းစားပူ စသဖြင့် ပူပန်စရာတွေက များပြားလွန်းတဲ့အတွက် ခေါင်းအုန်းနဲ့ခေါင်း ထိလိုက်တာနဲ့ အိပ်ပျော်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ ဒါပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်နဲ့လည်း ဆိုင်ပါသေးတယ်။

sleep-pic.jpg 

တကယ်လို့ ခေါင်းအုန်းနဲ့ ခေါင်းထိလိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျချင်တယ်ဆိုရင်တော့ အောက်ပါ အစားအသောက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါလိမ့်မယ်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea)

green-tea.jpg 

လက်ဖက်ရည်ပူပူလေးတစ်ခွက်က သင့်ကိုု အိပ်ကောင်းခြင်းနဲ့ အိပ်နိုင်အောင် ကူညီပေးနိုင်တယ်လို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ လက်ဖက်ရည်မှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ အာရုံကြောစနစ်၊ နှလုံးနဲ့ ကြွက်သား လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနိုင်ပြီး ဦးနှောက်ထဲက အာရုံကြောလှုံ့ဆော်ပစ္စည်းလေးတွေကို ထုတ်လွှတ်ပေးခြင်းဖြင့် သင့်ကို နိုးကြားနေစေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းအုန်းနဲ့ ခေါင်းမထိခင် (၂) နာရီလောက်အလိုကတည်းက လက်ဖက်စိမ်းရေနွေးကြမ်းသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ကြက်သား

6.-Chicken.jpg

ကြက်သားမှာပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်ထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ရပ်တည်နေပေမယ့် ညစာစားရင် ကြက်ကြော်အများကြီး စားမိရင် သင့်ကို အိပ်ရေးပျက် စေနိုင်ပါလိမ့်မယ်။

ကြက်သားမှာ ပရိုတိန်းဓာတ်အများကြီး ပါဝင်တဲ့အတွက် ခန္ဓာကိုယ်က အဲဒီဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲဖို့ အလုပ်အများကြီးလုပ်ရပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းဇီဝနာရီကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် နောက်နေ့မှာ အရေးကြီးမိတင်တစ်ခုရှိရင် ညစာကို KFC တို့၊ Lotteria တို့မှာ တဝကြီးသွားစားလိုက်တာက အကြံကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

See Also: 

၃။ ရေခဲမုန့်

icecreamgallery.jpg 

ညဘက် တီဗီလေးဘာလေးကြည့်ရင်း ရေခဲသေတ္တာထဲက ရေခဲမုန့်ဘူးကို ထုတ်ပြီး ဘေးနားချထားဖို့ စိတ်ကူးမိရင် အဲဒီစိတ်ကူးကို ဖယ်ထားလိုက်ပါ။ ရေခဲမုန့်ထဲမှာ အဆီဓာတ်နဲ့ သကြားဓာတ်တွေ များစွာပါဝင်တဲ့အတွက် အိပ်ယာဝင်ခါနီး သွားစားမိရင် ခန္ဓာကိုယ်မှာ အဆီကိုခြေဖျက်ဖို့အချိန်မရှိပါဘူး။ အဆီကို ခြေဖျက်နေချိန်မှာလည်း လူက အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။

၄။ ချောကလက်

chocolategallery.jpg 

ချောကလက်လေးတစ်တောင့်က လူကိုနွေးထွေးတဲ့ ခံစားချက်တစ်ခု ပေးစွမ်းနိုင်ပြီး အိပ်ယာဝင်ခါနီးအချိန်မှာ ဒီလိုခံစားချက်လေးကို လိုချင်ကြမှာပါ။ ဒါပေမယ့် ချောကလက်တွေ (အထူးသဖြင့် နို့ပါဝင်မှုများတဲ့ ချောကလက်တွေ) ဟာ tyrosine ဓာတ်ပါဝင်မှုများပြီး အဲဒီကနေ လူကို တက်ကြွနေစေတဲ့ dopamine ဓာတ်ထွက်လာအောင် ဦးနှောက်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒီ dopamine ကြောင့် အိပ်မရတာတွေ၊ မျက်စိကြောင်တာတွေ ဖြစ်စေနိုင်ပါတယ်။

၅။ ဝိုင်

merlot-decant.jpg 

ချစ်သူနဲ့ အတူတူ ဖယောင်းတိုင်ညစာစားပွဲ (candle light dinner) လေးလုပ်ရင်း ဝိုင်လေးတစ်ခွက်၊ နှစ်ခွက် သောက်မိပါသလား။ နေက်ဆက်တွဲပါလာမယ့် အိပ်ရေးပျက်ခြင်းကိုလည်း လက်ခံဖို့ အသင့်ပြင်ထားပေါ့နော်။ တချို့ကတော့ ထင်ကြပါလိမ့်မယ်။ ဝိုင်အရက်လေးတထွေထွေနဲ့ ရီဝေဝေဖြစ်နေရင် ပိုမိုအိပ်ပျော်စေနိုင်လိမ့်မယ်လို့။

တချို့တွေအတွက်တော့ မှန်နိုင်ပေမယ့် ဝိုင်သောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ဇောချွေးပြန်ခြင်း၊ ရေငတ်ခြင်း စတာတွေဖြစ်နိုင်ပြီး အိပ်ပျော်သွားရင်တောင် ညသန်းခေါင်ကြီး ပြန်နိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝိုင်သောက်ချင်တယ်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၄) နာရီလောက်ခြားသင့်ပြီး မအိပ်ခင် ရေများများ ပြန်သောက်ပေးသင့်ပါတယ်။

Source: Food.ndtv

 

[Zawgyi Version]

အလုပ္စိတ္ဖိစီးမႈေတြ မ်ားျပားလြန္းတဲ႔ ကြ်န္ေတာ္တို႔ရဲ႕ ေန႔စဥ္ဘဝထဲမွာ အိပ္ေရးပ်က္တာမဆန္းပါဘူး။ သားသမီးပူ၊ အိမ္စရိတ္ပူ၊ ရည္းစားပူ စသျဖင္႔ ပူပန္စရာေတြက မ်ားျပားလြန္းတဲ႔အတြက္ ေခါင္းအုန္းနဲ႔ေခါင္း ထိလိုက္တာနဲ႔ အိပ္ေပ်ာ္ဖို႔ဆိုတာ တကယ္ခက္ခဲပါတယ္။ ဒါေပမယ္႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔ဆိုတာ အစားအေသာက္၊ အေနအထိုင္နဲ႔လည္း ဆိုင္ပါေသးတယ္။

 

တကယ္လို႔ ေခါင္းအုန္းနဲ႔ ေခါင္းထိလိုက္တာနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ခ်င္တယ္ဆိုရင္ေတာ႔ ေအာက္ပါ အစားအေသာက္ေတြကို ေရွာင္ၾကဥ္ဖို႔ လိုအပ္ပါလိမ္႔မယ္။

၁။ လက္ဖက္စိမ္းေရေႏြးၾကမ္း (Green Tea)

 

လက္ဖက္ရည္ပူပူေလးတစ္ခြက္က သင္႔ကိုု အိပ္ေကာင္းျခင္းနဲ႔ အိပ္ႏိုင္ေအာင္ ကူညီေပးႏိုင္တယ္လို႔ ထင္ေနရင္ေတာ႔ မွားသြားပါလိမ္႔မယ္။ လက္ဖက္ရည္မွာပါဝင္တဲ႔ ကဖင္းဓာတ္ဟာ အာရံုေၾကာစနစ္၊ ႏွလံုးနဲ႔ ၾကြက္သား လုပ္ေဆာင္မႈေတြကို အေႏွာင္႔အယွက္ေပးႏိုင္ၿပီး ဦးေႏွာက္ထဲက အာရံုေၾကာလႈံ႕ေဆာ္ပစၥည္းေလးေတြကို ထုတ္လႊတ္ေပးျခင္းျဖင္႔ သင္႔ကို ႏိုးၾကားေနေစႏိုင္ပါတယ္။

ဒါေၾကာင္႔ ေခါင္းအုန္းနဲ႔ ေခါင္းမထိခင္ (၂) နာရီေလာက္အလိုကတည္းက လက္ဖက္စိမ္းေရေႏြးၾကမ္းေသာက္ျခင္းကို ေရွာင္ၾကဥ္သင္႔ပါတယ္။

၂။ ၾကက္သား

ၾကက္သားမွာပါဝင္တဲ႔ ပရိုတိန္းဓာတ္ဟာ ကြ်န္ေတာ္တို႔ရဲ႕ေန႕စဥ္အစားအေသာက္ထဲမွာ အေရးႀကီးတဲ႔ အစိတ္အပိုင္း တစ္ခုအျဖစ္ ရပ္တည္ေနေပမယ္႔ ညစာစားရင္ ၾကက္ေၾကာ္အမ်ားႀကီး စားမိရင္ သင္႔ကို အိပ္ေရးပ်က္ ေစႏိုင္ပါလိမ္႔မယ္။

ၾကက္သားမွာ ပရုိတိန္းဓာတ္အမ်ားႀကီး ပါဝင္တဲ႔အတြက္ ခႏၶာကိုယ္က အဲဒီဓာတ္ေတြကုိ စြမ္းအင္အျဖစ္ ေျပာင္းလဲဖို႔ အလုပ္အမ်ားႀကီးလုပ္ရၿပီး ခႏၶာကိုယ္ရဲ႕ ကိုယ္တြင္းဇီဝနာရီကိုလည္း ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ေနာက္ေန႔မွာ အေရးႀကီးမိတင္တစ္ခုရွိရင္ ညစာကို KFC တို႔၊ Lotteria တို႔မွာ တဝႀကီးသြားစားလိုက္တာက အၾကံေကာင္းတစ္ခုေတာ႔ မဟုတ္ပါဘူး။

See Also: 

၃။ ေရခဲမုန္႔

 

ညဘက္ တီဗီေလးဘာေလးၾကည္႔ရင္း ေရခဲေသတၱာထဲက ေရခဲမုန္႔ဘူးကို ထုတ္ၿပီး ေဘးနားခ်ထားဖို႔ စိတ္ကူးမိရင္ အဲဒီစိတ္ကူးကို ဖယ္ထားလိုက္ပါ။ ေရခဲမုန္႔ထဲမွာ အဆီဓာတ္နဲ႔ သၾကားဓာတ္ေတြ မ်ားစြာပါဝင္တဲ႔အတြက္ အိပ္ယာဝင္ခါနီး သြားစားမိရင္ ခႏၶာကိုယ္မွာ အဆီကုိေျခဖ်က္ဖို႔အခ်ိန္မရွိပါဘူး။ အဆီကို ေျခဖ်က္ေနခ်ိန္မွာလည္း လူက အိပ္ေပ်ာ္ႏိုင္မွာမဟုတ္ပါဘူး။

၄။ ေခ်ာကလက္

 

ေခ်ာကလက္ေလးတစ္ေတာင္႔က လူကိုေႏြးေထြးတဲ႔ ခံစားခ်က္တစ္ခု ေပးစြမ္းႏိုင္ၿပီး အိပ္ယာဝင္ခါနီးအခ်ိန္မွာ ဒီလိုခံစားခ်က္ေလးကို လိုခ်င္ၾကမွာပါ။ ဒါေပမယ္႔ ေခ်ာကလက္ေတြ (အထူးသျဖင္႔ ႏို႔ပါဝင္မႈမ်ားတဲ႔ ေခ်ာကလက္ေတြ) ဟာ tyrosine ဓာတ္ပါဝင္မႈမ်ားၿပီး အဲဲဒီကေန လူကို တက္ၾကြေနေစတဲ႔ dopamine ဓာတ္ထြက္လာေအာင္ ဦးေႏွာက္ကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အဲဒီ dopamine ေၾကာင္႔ အိပ္မရတာေတြ၊ မ်က္စိေၾကာင္တာေတြ ျဖစ္ေစႏုိင္ပါတယ္။

၅။ ဝိုင္

 

ခ်စ္သူနဲ႔ အတူတူ ဖေယာင္းတိုင္ညစာစားပြဲ (candle light dinner) ေလးလုပ္ရင္း ဝိုင္ေလးတစ္ခြက္၊ ႏွစ္ခြက္ ေသာက္မိပါသလား။ ေနက္ဆက္တြဲပါလာမယ္႔ အိပ္ေရးပ်က္ျခင္းကိုလည္း လက္ခံဖို႔ အသင္႔ျပင္ထားေပါ႔ေနာ္။ တခ်ိဳ႕ကေတာ႔ ထင္ၾကပါလိမ္႔မယ္။ ဝိုင္အရက္ေလးတေထြေထြနဲ႔ ရီေဝေဝျဖစ္ေနရင္ ပိုမိုအိပ္ေပ်ာ္ေစႏိုင္လိမ္႔မယ္လို႔။

တခ်ိဳ႕ေတြအတြက္ေတာ႔ မွန္ႏိုင္ေပမယ္႔ ဝိုင္ေသာက္ျခင္းေၾကာင္႔ ေခါင္းကိုက္ျခင္း၊ ေဇာေခြ်းျပန္ျခင္း၊ ေရငတ္ျခင္း စတာေတြျဖစ္ႏိုင္ၿပီး အိပ္ေပ်ာ္သြားရင္ေတာင္ ညသန္းေခါင္ႀကီး ျပန္ႏိုးလာတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင္႔ ဝိုင္ေသာက္ခ်င္တယ္ဆိုရင္ အိပ္ခ်ိန္နဲ႔ အနည္းဆံုး (၄) နာရီေလာက္ျခားသင္႔ၿပီး မအိပ္ခင္ ေရမ်ားမ်ား ျပန္ေသာက္ေပးသင္႔ပါတယ္။

Source: Food.ndtv

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs