• Food & Recipe
    သက်ရှည်ကျန်းမာနုပျိုစေဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအစာ (၆) မျိုး
Thiha Htun
[Unicode Version]

လူတစ်ယောက် အသက်ရှည်တယ်၊ အသက်တိုတယ်ဆိုတာ သူ့ရဲ့အစားအသောက်၊ အနေအထိုင်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေစား၊ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် အသက်ရှည်ဖို့ဆိုတာ ဘာမှခဲယဉ်းလှတဲ့ ကိစ္စတော့မဟုတ်ပါဘူး။

iStock_000020715102_Medium-676x450.jpg 

အောက်မှာဖော်ပြထားတဲ့ အစားအစာတွေကို အသက်ပိုရှည်ပြီး အရွယ်တင်နုပျိုစေဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

၁။ အော်ဂဲနစ်ကြက်ဥ

iStock_000037781484_Large-480x319.jpg 

ကြက်ဥတစ်လုံးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၉) မျိုး၊ ကိုယ်ခံအားစနစ်နဲ့ စွမ်းအင်တည်ဆောက်ရေး အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်၊ မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ လူတိန်းဓာတ်၊ ဦးနှောက်၊ အာရုံကြောစနစ်နဲ့ နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ခိုလင်းဓာတ် (choline) နဲ့ ဗိုက်တာမင်ဒီတို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ သိထားရမှာက မွေးမြူရေးကြက်ဥနဲ့ အော်ဂဲနစ်ကြက်ဥကြားမှာ အာဟာရတန်ဖိုးကွာခြားမှုတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ တူတူပါပဲ။ ကြက်ဥမှာပါဝင်တဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးအောင် တားဆီးပေးနိုင်ပါတယ်။

၂။ အစိမ်းရောင်ဟင်းရွက်တွေ

iStock_000050663490_Medium-480x320.jpg 

ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ တရုပ်မုန်လာရွက်၊ မုန်ညင်းစိမ်းနဲ့ ဆလတ်ရွက်တို့လို အစိမ်းရောင်ဟင်းရွက်တွေဟာ မျက်စိ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လူတိန်း (lutein) နဲ့ ဇီဇန်သင်း (zeaxanthin) လို အာဟာရဓာတ်မျိုးတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး လေ့လာမှှုတွေအရ အဲဒီအစားအသောက်တွေဟာ antioxidant လည်း ကြွယ်ဝလို့ အသက်အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားနည်းခြင်းနဲ့ သွေးကြောထုံးရောဂါတွေကိုလည်း ဖြစ်မလာအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းရွက်တွေမှာ ပါဝင်တဲ့ ဖိုလိတ်ဓာတ် (folate) ဟာလည်း မှတ်ဉာဏ်ပိုမိုကောင်းမွန်စေသလို နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ ပန်းဂေါ်ဖီ

iStock_000059175794_Large-480x320.jpg 

ပန်းဂေါ်ဖီဟာလည်း cruciferous မျိုးရင်းထဲမှာပါဝင်တဲ့ antioxidant ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ရောဂါကုသရေးနဲ့ ကာကွယ်ရေးပိုင်းမှာ အံ့သြဖွယ်အာနိသင်တွေ ပါရှိပါတယ်။ ပန်းဂေါ်ဖီမှာ ဟင်းသီးဟင်းရွက်တွေထဲမှာမှ ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ isothiocyannate ပမာဏအများဆုံးပါဝင်ပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီကို ပုံမှန်စားပေးမယ်ဆိုရင် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတွေကို အနည်းဆုံးပမာဏထိ လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အိုမင်းရင့်ရော်မှုကိုလည်း အတိုင်းအတာတစ်ခုထိ လျော့ကျစေနိုင်ပါတယ်။

See also 

၄။ ဘလူးဘယ်ရီသီး

iStock_000040224812_Full1-480x480.jpg 

ဘလူးဘယ်ရီသီးဟာ စားရတာ အရသာရှိရုံတစ်ခုတည်း မဟုတ်ပါဘူး။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အာဟာရတန်ဖိုး စုံလင်မြင့်မားတဲ့နေရာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ ဦးနှောက်ဆဲလ်နဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တဲ့ free radical နဲ့ မော်လီကျူးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ antioxidant တွေ အထူးကြွယ်ဝစွာပါဝင်ပါတယ်။

Tufts တက္ကသိုလ်မှာ တင်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် ဘလူးဘယ်ရီသီးမှာပါဝင်တဲ့ anthocyanin ဓာတ်တွေဟာ oxidative stress လို့ခေါ်တဲ့ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်လို့ သိရပါတယ်။ နောက်တစ်ခုက အဲဒီ anthocyanin ဓာတ်တွေဟာ ဦးနှောက်မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့ ဒိုပါမင်း (dopamine) ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်တဲ့။

၅။ ရေညှိစိမ်း (Chlorella)

iStock_000041446750_Medium-580x392.jpg 

ရေညှိစိမ်း (Chlorella) ကတော့ ရေချိုမှာပေါက်တဲ့ ဆဲလ်တစ်လုံးတည်းပါအပင်တစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုး အထူးကြွယ်ဝတဲ့ သဘာဝပေါက်ပင်တစ်မျိုးအဖြစ် တင်စားခေါ်ဝေါ်ခံရပါတယ်။ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့... ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း၊ အာရုံပိုမိုစူးစိုက်နိုင်စေခြင်း၊ ခွန်အားတိုးစေခြင်း၊ ရေဓာတ်ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်းနဲ့ ခံတွင်းနံ့ ပိုမိုကောင်းမွန်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရေညှိစိမ်း (Chlorella) နဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံးအချက်ကတော့ ခန္ဓာကိုယ်ထဲက သတ္ထုအဆိပ်တွေကို ဖယ်ရှားပေးနိုင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ သတ္ထုအဆိပ်တွေဆိုတာ လူကို ဒုက္ခအပေးနိုင်ဆုံး အဆိပ်တစ်မျိုးဖြစ်ပြီး တခြားအဆိပ်တွေလောက် ဖယ်ရှားရမလွယ်ကူပါဘူး။ ဒါကြောင့် ရေညှိစိမ်း (Chlorella) ဆေးတောင့်လေးတွေကို ပုံမှန်မီဝဲပေးမယ်ဆိုရင် သတ္ထုအဆိပ်တွေကို ဖယ်ရှားပေးနိုင်ရုံသာမက လူကိုလည်း နုပျိုကျန်းမာစေမှာ အသေအချာပါပဲ။

၆။ ကြက်သွန်ဖြူ

iStock_000057949170_Medium-580x386.jpg 

ကြက်သွန်ဖြူကို ကဗျာဆန်ဆန်နောက်တစ်မျိုးခေါ်လို့ရပါသေးတယ်။ အဲဒါကတော့ "အနံ့ဆိုးတဲ့နှင်းဆီ" တဲ့။ တကယ်တော့ ကြက်သွန်ဖြူကို အနံ့ပြင်းစေတာ allicin ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အဲဒီဓာတ်ကပဲ အလွန်အားကောင်းတဲ့ antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။ နောက်ပြီး အားလုံးသိထားကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါပိုးမွှားတွေကို တိုက်ဖျက်ရာမှာ အထူးနာမည်ကြီးပါတယ်။

ဒါကြောင့်လည်း အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေဟာ ကြက်သွန်ဖြူကို ပျားရည်နဲ့စိမ်ပြီး နေ့စဉ်စားကြတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကြက်သွန်ဖြူဟာ သွေးကြောတွေကိုကျယ်စေတဲ့အတွက် သွေးလည်ပတ်ခြင်းနဲ့ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါသေးတယ်။ တကယ်တော့ ကြက်သွန်ဖြူဟာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အသက်ရှည်ဆေး တစ်မျိုးပဲ ဖြစ်ပါတယ်။

Source: theepochtimes

 

[Zawgyi Version]

လူတစ္ေယာက္ အသက္ရွည္တယ္၊ အသက္တိုတယ္ဆိုတာ သူ႔ရဲ႕အစားအေသာက္၊ အေနအထိုင္နဲ႔လည္း အမ်ားႀကီး သက္ဆိုင္ေနပါတယ္။ က်န္းမာေရးနဲ႔ညီညႊတ္တဲ႔ အစားအေသာက္ေတြစား၊ က်န္းမာေရးကို အေထာက္အကူျပဳေစမယ္႔ ေလ႔က်င္႔ခန္းေတြ လုပ္ေပးမယ္ဆိုရင္ အသက္ရွည္ဖို႔ဆိုတာ ဘာမွခဲယဥ္းလွတဲ႔ ကိစၥေတာ႔မဟုတ္ပါဘူး။

ေအာက္မွာေဖာ္ျပထားတဲ႔ အစားအစာေတြကို အသက္ပိုရွည္ၿပီး အရြယ္တင္ႏုပ်ိဳေစဖို႔အတြက္ စားသံုးေပးသင္႔တဲ႔ အစားအေသာက္ေတြပဲ ျဖစ္ပါတယ္။

၁။ ေအာ္ဂဲနစ္ၾကက္ဥ

iStock_000037781484_Large-480x319.jpg 

ၾကက္ဥတစ္လံုးမွာ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ႔ အမိုင္ႏိုအက္ဆစ္ (၉) မ်ိဳး၊ ကိုယ္ခံအားစနစ္နဲ႔ စြမ္းအင္တည္ေဆာက္ေရး အတြက္ လုိအပ္တဲ႔ ပရိုတိန္းဓာတ္၊ မ်က္စိက်န္းမာေရးအတြက္ လိုအပ္တဲ႔ လူတိန္းဓာတ္၊ ဦးေႏွာက္၊ အာရံုေၾကာစနစ္နဲ႔ ႏွလံုးက်န္းမာေရးအတြက္ လိုအပ္တဲ႔ ခိုလင္းဓာတ္ (choline) နဲ႔ ဗိုက္တာမင္ဒီတို႕ ၾကြယ္ဝစြာပါဝင္ပါတယ္။

ဒါေပမယ္႔ ဒီေနရာမွာ သိထားရမွာက ေမြးျမဴေရးၾကက္ဥနဲ႔ ေအာ္ဂဲနစ္ၾကက္ဥၾကားမွာ အာဟာရတန္ဖိုးကြာျခားမႈေတြရွိပါတယ္။ ဒါေပမယ္႔ ေယဘုယ်က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔ တူတူပါပဲ။ ၾကက္ဥမွာပါဝင္တဲ႔ ေနာက္ထပ္အက်ိဳးေက်းဇူးတစ္ခုကေတာ႔ အိုမင္းရင္႔ေရာ္ျခင္းကို ေႏွးေကြးေအာင္ တားဆီးေပးႏိုင္ပါတယ္။

၂။ အစိမ္းေရာင္ဟင္းရြက္ေတြ

iStock_000050663490_Medium-480x320.jpg 

ဟင္းႏုႏြယ္ရြက္၊ ကိုက္လန္၊ တရုပ္မုန္လာရြက္၊ မုန္ညင္းစိမ္းနဲ႔ ဆလတ္ရြက္တို႔လို အစိမ္းေရာင္ဟင္းရြက္ေတြဟာ မ်က္စိ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ႔ လူတိန္း (lutein) နဲ႔ ဇီဇန္သင္း (zeaxanthin) လို အာဟာရဓာတ္မ်ိဳးေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ေနာက္ၿပီး ေလ႔လာမွႈေတြအရ အဲဒီအစားအေသာက္ေတြဟာ antioxidant လည္း ၾကြယ္ဝလို႔ အသက္အရြယ္ရလာခ်ိန္မွာ ျဖစ္တတ္တဲ႔ ၾကြက္သားအားနည္းျခင္းနဲ႔ ေသြးေၾကာထံုးေရာဂါေတြကိုလည္း ျဖစ္မလာေအာင္ ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

အစိမ္းေရာင္ဟင္းရြက္ေတြမွာ ပါဝင္တဲ႔ ဖိုလိတ္ဓာတ္ (folate) ဟာလည္း မွတ္ဉာဏ္ပိုမိုေကာင္းမြန္ေစသလို ႏွလံုးေရာဂါနဲ႔ ကင္ဆာျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ႔နည္းေစပါတယ္။

၃။ ပန္းေဂၚဖီ

iStock_000059175794_Large-480x320.jpg 

ပန္းေဂၚဖီဟာလည္း cruciferous မ်ိဳးရင္းထဲမွာပါဝင္တဲ႔ antioxidant ၾကြယ္ဝတဲ႔ အစိမ္းရင္႔ေရာင္ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ၿပီး ေရာဂါကုသေရးနဲ႔ ကာကြယ္ေရးပိုင္းမွာ အံ႕ၾသဖြယ္အာနိသင္ေတြ ပါရွိပါတယ္။ ပန္းေဂၚဖီမွာ ဟင္းသီးဟင္းရြက္ေတြထဲမွာမွ ကင္ဆာတိုက္ဖ်က္ႏိုင္တဲ႔ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္တဲ႔ isothiocyannate ပမာဏအမ်ားဆံုးပါဝင္ပါတယ္။

ဒါေၾကာင္႔ ပန္းေဂၚဖီကို ပံုမွန္စားေပးမယ္ဆိုရင္ ရင္သားကင္ဆာ၊ ဆီးအိမ္ကင္ဆာ၊ အဆုတ္ကင္ဆာနဲ႔ ဆီးႀကိတ္ကင္ဆာ ျဖစ္ႏိုင္ေျခေတြကို အနည္းဆံုးပမာဏထိ ေလ်ာ႔က်ေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ႔ အိုမင္းရင္႔ေရာ္မႈကိုလည္း အတိုင္းအတာတစ္ခုထိ ေလ်ာ႔က်ေစႏိုင္ပါတယ္။

See also 

၄။ ဘလူးဘယ္ရီသီး

iStock_000040224812_Full1-480x480.jpg 

ဘလူးဘယ္ရီသီးဟာ စားရတာ အရသာရွိရံုတစ္ခုတည္း မဟုတ္ပါဘူး။ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြထဲမွာ အာဟာရတန္ဖိုး စံုလင္ျမင္႔မားတဲ႔ေနရာမွာ ထိပ္ဆံုးက ရပ္တည္ေနတဲ႔ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဘလူးဘယ္ရီသီးေတြမွာ ဦးေႏွာက္ဆဲလ္နဲ႔ ဦးေႏွာက္လုပ္ေဆာင္မႈေတြကို ထိခိုက္ေစႏိုင္တဲ႔ free radical နဲ႔ ေမာ္လီက်ဴးေတြကို တိုက္ဖ်က္ေပးႏိုင္တဲ႔ antioxidant ေတြ အထူးၾကြယ္ဝစြာပါဝင္ပါတယ္။

Tufts တကၠသိုလ္မွာ တင္ျပခဲ႔တဲ႔ ေလ႔လာမႈတစ္ခုအရဆိုရင္ ဘလူးဘယ္ရီသီးမွာပါဝင္တဲ႔ anthocyanin ဓာတ္ေတြဟာ oxidative stress လို႔ေခၚတဲ႔ အိုမင္းရင္႔ေရာ္ျခင္းကို ျဖစ္ေစတဲ႔ စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ေပးႏိုင္လုိ႔ သိရပါတယ္။ ေနာက္တစ္ခုက အဲဒီ anthocyanin ဓာတ္ေတြဟာ ဦးေႏွာက္မွတ္ဉာဏ္နဲ႔ စိတ္ခံစားမႈကို ျမွင္႔တင္ေပးႏိုင္တဲ႔ ဒိုပါမင္း (dopamine) ထုတ္လုပ္မႈကိုလည္း အားေပးပါတယ္တဲ႔။

၅။ ေရညွိစိမ္း (Chlorella)

iStock_000041446750_Medium-580x392.jpg 

ေရညွိစိမ္း (Chlorella) ကေတာ႔ ေရခ်ိဳမွာေပါက္တဲ႔ ဆဲလ္တစ္လံုးတည္းပါအပင္တစ္မ်ိဳးျဖစ္ၿပီး အာဟာရတန္ဖိုး အထူးၾကြယ္ဝတဲ႔ သဘာဝေပါက္ပင္တစ္မ်ိဳးအျဖစ္ တင္စားေခၚေဝၚခံရပါတယ္။ သူ႔ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ႔... ကိုယ္ခံအားကို ျမွင္႔တင္ေပးျခင္း၊ အစာေျခစနစ္ကို ပိုမိုေကာင္းမြန္ေစျခင္း၊ အာရံုပိုမိုစူးစိုက္ႏိုင္ေစျခင္း၊ ခြန္အားတိုးေစျခင္း၊ ေရဓာတ္ထိန္းညွိေပးျခင္း၊ ေသြးတြင္းသၾကားဓာတ္နဲ႔ ေသြးဖိအားကို ပံုမွန္ျဖစ္ေစျခင္း၊ ကင္ဆာျဖစ္ႏိုင္ေျခကို ေလ်ာ႔က်ေစျခင္းနဲ႔ ခံတြင္းနံ႕ ပိုမိုေကာင္းမြန္ေစျခင္းတို႔ပဲ ျဖစ္ပါတယ္။

ဒါေပမယ္႔ ေရညွိစိမ္း (Chlorella) နဲ႔ ပတ္သက္ၿပီး နာမည္အႀကီးဆံုးအခ်က္ကေတာ႔ ခႏၶာကိုယ္ထဲက သတၳဳအဆိပ္ေတြကို ဖယ္ရွားေပးႏိုင္ျခင္းပဲ ျဖစ္ပါလိမ္႔မယ္။ သတၳဳအဆိပ္ေတြဆိုတာ လူကို ဒုကၡအေပးႏိုင္ဆံုး အဆိပ္တစ္မ်ိဳးျဖစ္ၿပီး တျခားအဆိပ္ေတြေလာက္ ဖယ္ရွားရမလြယ္ကူပါဘူး။ ဒါေၾကာင္႔ ေရညွိစိမ္း (Chlorella) ေဆးေတာင္႔ေလးေတြကို ပံုမွန္မီဝဲေပးမယ္ဆိုရင္ သတၳဳအဆိပ္ေတြကို ဖယ္ရွားေပးႏိုင္ရုံသာမက လူကိုလည္း ႏုပ်ိဳက်န္းမာေစမွာ အေသအခ်ာပါပဲ။

၆။ ၾကက္သြန္ျဖဴ

iStock_000057949170_Medium-580x386.jpg 

ၾကက္သြန္ျဖဴကို ကဗ်ာဆန္ဆန္ေနာက္တစ္မ်ိဳးေခၚလို႔ရပါေသးတယ္။ အဲဒါကေတာ႔ "အနံ႕ဆိုးတဲ႔ႏွင္းဆီ" တဲ႔။ တကယ္ေတာ႔ ၾကက္သြန္ျဖဴကို အနံ႕ျပင္းေစတာ allicin ဆိုတဲ႔ ဓာတ္တစ္မ်ိဳးျဖစ္ၿပီး အဲဒီဓာတ္ကပဲ အလြန္အားေကာင္းတဲ႔ antioxidant တစ္မ်ိဳးလည္းျဖစ္ပါတယ္။ ေနာက္ၿပီး အားလံုးသိထားၾကတဲ႔အတိုင္း ၾကက္သြန္ျဖဴဟာ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္နဲ႔ မႈိေရာဂါပိုးမႊားေတြကို တိုက္ဖ်က္ရာမွာ အထူးနာမည္ႀကီးပါတယ္။

ဒါေၾကာင္႔လည္း အသက္အရြယ္ႀကီးရင္႔တဲ႔ လူႀကီးေတြဟာ ၾကက္သြန္ျဖဴကို ပ်ားရည္နဲ႔စိမ္ၿပီး ေန႔စဥ္စားၾကတာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ႔ ၾကက္သြန္ျဖဴဟာ ေသြးေၾကာေတြကိုက်ယ္ေစတဲ႔အတြက္ ေသြးလည္ပတ္ျခင္းနဲ႔ ႏွလံုးက်န္းမာေရးကိုလည္း ပိုမိုေကာင္းမြန္ေစပါေသးတယ္။ တကယ္ေတာ႔ ၾကက္သြန္ျဖဴဟာ ကြ်န္ေတာ္တို႔ရဲ႕ လက္တစ္ကမ္းမွာရွိေနတဲ႔ အသက္ရွည္ေဆး တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

Source: theepochtimes

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs