အသည်းကွဲနေရင် ရေခဲမုန့် တစ်ဘူးကြီးသာဝယ်ပြီး ထိုင်စားနေလိုက်ပါ။ သိသိသာသာကြီး ပျော်ရွှင်လာသလို သိသိသာသာကြီး ဝိတ်တက်လာတာကိုလည်း တွေ့ရှိရပါလိမ့်မယ်။ :P

စီးပွားရေးလောကမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ "အားလုံးကို ပျော်အောင်လုပ်ပေးချင်ရင် ရေခဲမုန့်ရောင်းပါ" တဲ့။ ဒီစကားလေးကို အစားအသောက်ဖက်က လှည့်တွေးရင် ရေခဲမုန့်ဟာ ကျွန်တော်တို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ တကယ်ကော ဟုတ်ပါသလား။

 

တကယ်တမ်းကျတော့လည်း ရေခဲမုန့်စားခြင်းက ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်ပါတယ်။ အသည်းကွဲနေရင် ရေခဲမုန့် တစ်ဘူးကြီးသာဝယ်ပြီး ထိုင်စားနေလိုက်ပါ။ သိသိသာသာကြီး ပျော်ရွှင်လာသလို သိသိသာသာကြီး ဝိတ်တက်လာတာကိုလည်း တွေ့ရှိရပါလိမ့်မယ်။ :P

တကယ်လို့ ကျွန်တော်တို့ကို ပျော်ရွှင်စေတဲ့ ရေခဲမုန့်ကို ကျွန်တော်တို့ချစ်ရတဲ့သူက လုပ်ကျွေးမယ်ဆိုရင်ကော ဘယ်လိုခံစားရမလဲ။ မိမိချစ်ရသူကို အဲဒီလိုပျော်ရွှင်မှုမျိုး ပေးချင်တယ်ဆိုရင်တော့ ချယ်ရီချောကလက် အိမ်လုပ်ရေခဲမုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Cherry-Chocolate-Chip-Ice-Cream-01-700x420.jpg 

အအေးခံထားတဲ့ ငှက်ပျောသီး အနေတော် (၃) လုံး၊ အအေးခံထားတဲ့ ချယ်ရီသီး (၂) ခွက်ခွဲ (၃၄၀ ဂရမ်ခန့့်)၊ ချယ်ရီသီးဖျော်ရည် ခွက်ဝက်ခန့်၊ ဗနီလာ extract အရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်၊ ဆားအနည်းငယ်၊ အမဲရောင်ချောကလက် (နို့ပါဝင်မှု အလွန်နည်းတဲ့ ချောကလက်) နဲ့လုပ်ထားတဲ့ ဘီစကစ်မုန့် ခွက်ဝက်ခန့်၊ အယ်လ်မွန်စေ့လှော် ခွက်ဝက်ခန့်၊ အုန်းနို့ ခွက်ဝက်ခန့်၊ အမဲရောင်ချောကလက် (၄) အောင်စခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ငှက်ပျောသီး၊ ချယ်ရီသီး၊ ချယ်ရီသီးဖျော်ရည်၊ ဗနီလာအရည်နဲ့ ဆားအနည်းငယ်တို့ကို Food processor ထဲ ထည့်မွှေပေးလိုက်ပါ။ ပါဝင်ပစ္စည်းအားလုံး တညီတညာတည်း ဖြစ်သွားပြီဆိုရင်တော့ ခဏရပ်ပေးနိုင်ပါပြီ။ ပြီးရင် ရေခဲမုန့်ပုံစံအတိုင်း အရောင်ညီသွားသည်အထိ နောက်ထပ် (၂) မိနစ်လောက် ထပ်မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ အပေါ်ကနေ ချောကလက် ဘီစကစ်လေးတွေထည့်ပြီး သမသွားအောင် ထပ်မွှေပေးလိုက်ပါ။

See also 

မွှေပြီးလို့ ရလာတဲ့အနှစ်ကို လေလုံတဲ့ဘူးတစ်ဘူးထဲကို လောင်းထည့်လိုက်ပါ။ ပြီးရင် အဖုံးပြန်ပိတ်ပြီး ရေခဲသေတ္တာအအေးခန်းထဲမှာ အနည်းဆုံး (၄) နာရီကနေ (၂၄) နာရီကြား အအေးခံံထားပေးလိုက်ပါ။ ပြီးရင်တော့ ချယ်ရီချောကလက်ရေခဲမုန့်လေးက အသင့်ဖြစ်နေပါပြီ။ ရေခဲမုန့်အပေါ်က ဆမ်းဖို့အတွက် အနှစ်လေးကို စတင်ပြင်ဆင်နိုင်ပါပြီ။

 

ဒယ်အိုးပြားတစ်လုံးကိုယူပြီး မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ ပြီးရင် အုန်းနို့ခွက်ဝက်ခန့်ကို ဒယ်အိုးပြားထဲထည့်ပြီး အပူပေးလိုက်ပါ။ အုန်းနို့ဆူပွက်လာပြီဆိုရင် အမဲရောင်ချောကလက်ကို အတုံးသေးသေးလေးတွေဖြစ်အောင် တုံးထားတာကို ပန်းကန်လုံးတစ်လုံးထဲ ထည့်လိုက်ပါ။

ပြီးရင်စောနက အပူပေးထားတဲ့ အုန်းနို့ကို ဆားနည်းနည်းရောပြီး ပန်းကန်လုံးထဲရောထည့်လိုက်ပါ။ ရောပြီးရင် ဒီတိုင်းပဲ (၂) မိနစ်လောက် ထားထားလိုက်ပါ။ (၂) မိနစ်ကျော်ရင် ပန်းကန်လုံးအောက်ခြေက ချောကလက်တုံးလေးတွေ အုန်းနို့ထဲမှာ ပျော်ဝင်သွားအောင် အသာလေးမွှေပေးလိုက်ပါ။ ဘယ်လောက်ထိ မွှေပေးရမလဲဆိုုတော့ သမသည်အထိ မွှေပေးလိုက်ပါ။

ခုနက ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ ရေခဲမုန့်ကို ပုံစံခွက်လေးတွေထဲထည့်ပြီး အပေါ်ကနေ ချောကလက်အနှစ်ရည်ရယ်၊ အယ်လ်မွန်စေ့လှော်လေးတွေရယ် အုပ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။ ကိုယ့်ဖာသာ ရုပ်ရှင်လေးကြည့်ရင်းပဲ စားစား၊ ဧည့်သည်လာရင်ပဲ ဧည့်ခံဧည့်ခံ၊ သင့်တော်တဲ့ ချယ်ရီချောကလက် အိမ်လုပ်ရေခဲမုန့်လေးပါ။

Source: theepochtimes

 

Share

Loading Next Article...
က္က