• Food & Recipe
    ကိုရီးယားပဲခေါက်ဆွဲနဲ့ ပဲထမင်းကို အိမ်မှာလုပ်စားကြမယ်
Thiha Htun
[Unicode Version]

ရုံးပိတ်ရက်ကျရင် အပြင်လည်း လျှောက်မသွားချင်၊ အိမ်မှာပဲ ထူးထူးဆန်းဆန်းအစားအစာလေးတွေကို ချက်စားချင်တယ်ဆိုတဲ့ သူတွေအတွက် ဒီနေ့မှာတော့ ကိုရီးယား ပဲခေါက်ဆွဲနဲ့ ကိုရီးယားပဲထမင်း လုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါနော်။ ကိုရီးယားကား ပုံမှန်ကြည့််တဲ့သူတွေကတော့ ဒီအစားအစာ (၂) မျိုးဟာ ကိုရီးယားလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြတဲ့ အစားအစာတွေ ဆိုတာကို သိပြီးသားဖြစ်မှာပါ။

jajangmyeon-yellow-pickle-590x350.jpg 

စားရတာလည်း အရသာရှိ၊ အာဟာရတန်ဖိုးလည်း ကြွယ်ဝတဲ့ ကိုရီးယားအစားအစာလေးတွေကိုမှ နှစ်သက်တယ်ဆိုရင်တော့ ပြုလုပ်နည်းလေးကို ဆက်ဖတ်ကြည့်ကြပါနော်။

ပါဝင်ပစ္စည်းများ

jjajangmyeon-ingredients-590x404.jpg 

ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယားခေါက်ဆွဲခြောက်တစ်ထုပ်ခန့်၊ ဝက်ဝမ်းပျဉ်းသား (သို့) ကြက်သား (၁/၂) ပေါင်ခန့် (အသားကို လက်မဝက်အရွယ် အတုံးလေးတွေ ဖြစ်အောင် တုံးထားပေးပါ)၊ သခွားဖရုံသီး (၂) လုံးခန့်၊ အာလူး (၃) လုံးခန့်၊ ကြက်သွန်နီ (၂) လုံးခန့်၊ မုန်လာဥနီတစ်လုံးခန့်၊ ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်းနဲ့ (၃) ဇွန်းခန့်၊ ကိုရီးယားပဲငပိအမဲအနှစ် (၁/၄) ခွက်ခန့်၊ ပြောင်းဖူးမှုန့် /ကော်မှုန့် (၂) ဇွန်း၊ သကြား (၁) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ ဆားအနည်းငယ်၊ သခွားသီး (၁/၂) ခွက် တို့ပဲဖြစ်ပါတယ်။

အနှစ်ပြုလုပ်နည်း

 

အရင်ဆုံး လက်မဝက်အရွယ် အတုံးလေးတွေဖြစ်အောင် လှီးထားတဲ့ ဝက်သား (သို့) ကြက်သားကို ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းသီးဟင်းရွက် တစ်ဇွန်းထည့်ပြီး (၅) မိနစ်ခန့်လုံးပေးလိုက်ပါ။ ရွှေအိုရောင်သမ်းလာပြီဆိုရင် မီးပိတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ အဆီတွေကို စစ်ထုတ်ပြီး အသားတုံးလေးတွေကိုတော့ ဒယ်အိုးပြားထဲ ပြန်ထည့်ထားလိုက်ပါ။ မုန်လာဥနီကို အတုံးသေးသေးလေးတွေဖြစ်အောင် စိတ်ထားတာကိုလည်း အသားနဲ့ရောပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

jjajangmyeon-stir-frying-590x442.jpg 

ပြီးရင်တော့ လက်မဝက်အရွယ် အတုံးသေးသေးလေးတွေဖြစ်အောင် စိတ်ထားတဲ့ အာလူး၊ ကြက်သွန်နီနဲ့ သခွားဖရုံသီး (zucchini) တို့ကိုပါ ရောထည့်ပေးပြီး (၃) မိနစ်ခန့် ကြော်ပေးလိုက်ပါ။ (၃) မိနစ်ပြည့်ရင်တော့ ဒယ်အိုးထဲက ပါဝင်ပစ္စည်းတွေကို ဘေးကပ်လိုက်ပြီး အလည်ခေါင်မှာ နေရာလေးလွတ်သွားအောင် ဖယ်ပေးလိုက်ပါ။

jjajangmyeon-sauce-590x442.jpg 

အဲဒီအလည်ခေါင်မှာ ဟင်းသီးဟင်းရွက်ဆီ (၂) ဇွန်းကို အရင်ထည့်လိုက်ပါ။။ ပြီးမှ ကိုရီးယားပဲငပိအမဲ အနှစ် (၁/၄) ခွက်ကိုပါထည့်ပြီး သစ်သားယောက်မလေးနဲ့ အသာလေးမွှေပေးလိုက်ပါ။ (၁) မိနစ်လောက်ရှိပြီဆိုရင်တော့ ဒယ်အိုးထဲက ပါဝင်ပစ္စည်းအားလုံးကို သမအောင် မွှေပေးနိုင်ပါပြီ။ ဒယ်အိုးထဲကို ရေ (၂) ခွက်လောက် ထပ်ထည့်ပြီး အဖုံးပိတ်ပြီး (၁၀) မိနစ်လောက် နှပ်ထားပေးလိုက်ပါ။

ကိုရီးယားပဲခေါက်ဆွဲ

jjajangmyeon-plate-590x393.jpg 

အဲဒီလို နှပ်ထားချိန်မှာ ကိုရီးယားခေါက်ဆွဲလေးကို ပြုတ်လိုက်ကြရအောင်။ (ဒီနေရာမှာ ကိုရီးယားခေါက်ဆွဲရှာမရရင် ဂျုံခေါက်ဆွဲကို သုံးနိုင်ပါတယ်။ အရသာကတော့ နည်းနည်းကွာသွား ပါလိမ့်မယ်။ ကိုရီးယားခေါက်ဆွဲသားက နည်းနည်းပိုတုတ်ပြီး စီးကပ်ပါတယ်။) ခေါက်ဆွဲခြောက်တွေကို အိုးတစ်လုံးထဲမှာ ရေနွေးထည့်ပြီး ပြုတ်ပေးလိုက်ရုံပါပဲ။ ပြီးရင်တော့ ခေါက်ဆွဲဖတ်တွေကို ဆယ်ထုတ်လိုက်ပြီး ရေအေးလေးထဲမှာ ပြန်စိမ်ထားပေးရုံပါပဲ။ ချက်ထားတဲ့ အနှစ်ကျက်တော့မှ ခေါက်ဆွဲဖတ်လေးတွေကို ပြန်ဆယ်မယ်လေ။

See also 

(၁၀) မိနစ်ပြည့်ရင်တော့ အဖုံးကိုဖွင့်ပြီး နည်းနည်းမြည်းကြည့်လိုက်ပါ။ မိမိနှစ်သက်တဲ့အရသာရှိပြီဆိုရင်တော့ ဒယ်အိုးကို မီးဖိုပေါ်က ချပေးနိုင်ပါပြီ။ မကျေနပ်သေးဘူးဆိုရင်တော့ ဟင်းခတ်မှုန့်နဲ့ ဆားနည်းနည်းထပ်ရောတာတို့၊ ရေနည်းနည်းထပ်ရောတာတို့လုပ်ပြီး နောက်ထပ် (၂) မိနစ်လောက် ထပ်နှပ်ထားလိုက်ပါဦး။ အရသာကိုကျေနပ်မှုရှိပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဆီနည်းနည်း ဆမ်းပြီး မီးဖိုပေါ်ကချပေးနိုင်ပါပြီ။ ခုနက ပြုတ်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ပန်းကန်လုံးထဲမှာထည့်ပြီး တွဲဖက်လိုက်ရင်တော့ အရသာရှိတဲ့ ကိုရီးယားပဲခေါက်ဆွဲ (jjajangyeon) ကို ရရှိပါပြီနော်။

ကိုရီးယားပဲထမင်း

jjajangpap-plate-590x393.jpg 

ပဲခေါက်ဆွဲမစားချင်ဘူး။ ထမင်းစားရမှ တင်းတိမ်တယ်ဆိုရင်တော့ ကိုရီးယားပဲထမင်းလုပ်စားလို့ရပါသေးတယ်။ လုပ်နည်းကလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ခုနက လုပ်ထားတဲ့ ပဲအနှစ်ရည်ကို ခေါက်ဆွဲဖတ်ပေါ်မှာ မဆမ်းဘဲ ထမင်းပေါ်မှာ ဆမ်းပြီး စားပေးလိုက်ရုံပါပဲ။ အပေါ်ကနေ သခွားသီးအမျှောင်းလေးတွေ၊ ပဲငပိအမဲအနှစ်တို့အုပ်ပြီးလည်း တွဲဖက်စားသုံးနိုင်ပါတယ်။ ကင်ချီနဲ့ စားရင် အလိုက်ဖက်ဆုံးဆိုတာကုတော့ ပြောဖို့တောင် လိုမှာမဟုတ်ပါဘူးနော်။

Source: maangchi

 

[Zawgyi Version]

ရံုးပိတ္ရက္က်ရင္ အျပင္လည္း ေလွ်ာက္မသြားခ်င္၊ အိမ္မွာပဲ ထူးထူးဆန္းဆန္းအစားအစာေလးေတြကို ခ်က္စားခ်င္တယ္ဆိုတဲ႔ သူေတြအတြက္ ဒီေန႕မွာေတာ႔ ကိုရီိးယား ပဲေခါက္ဆြဲနဲ႔ ကိုရီးယားပဲထမင္း လုပ္နည္းေလးေတြကို တင္ျပေပးလုိက္ပါေနာ္။ ကုိရီးယားကား ပံုမွန္ၾကည္္႔တဲ႔သူေတြကေတာ႔ ဒီအစားအစာ (၂) မ်ိဳးဟာ ကုိရီးယားလူမ်ိဳးေတြ ႏွစ္ၿခိဳက္စြာ စားသံုးၾကတဲ႔ အစားအစာေတြ ဆိုတာကို သိၿပီးသားျဖစ္မွာပါ။

 

စားရတာလည္း အရသာရွိ၊ အာဟာရတန္ဖိုးလည္း ၾကြယ္ဝတဲ႔ ကုိရီးယားအစားအစာေလးေတြကိုမွ ႏွစ္သက္တယ္ဆိုရင္ေတာ႔ ျပဳလုပ္နည္းေလးကို ဆက္ဖတ္ၾကည္႔ၾကပါေနာ္။

ပါဝင္ပစၥည္းမ်ား

 

ပါဝင္ပစၥည္းေတြကေတာ႔ ကိုရီးယားေခါက္ဆြဲေျခာက္တစ္ထုပ္ခန္႔၊ ဝက္ဝမ္းပ်ဥ္းသား (သို႔) ၾကက္သား (၁/၂) ေပါင္ခန္႔ (အသားကို လက္မဝက္အရြယ္ အတံုးေလးေတြ ျဖစ္ေအာင္ တံုးထားေပးပါ)၊ သခြားဖရံုသီး (၂) လံုးခန္႔၊ အာလူး (၃) လံုးခန္႔၊ ၾကက္သြန္နီ (၂) လံုးခန္႔၊ မုန္လာဥနီတစ္လံုးခန္႔၊ ဟင္းသီးဟင္းရြက္ဆီ လက္ဖက္ရည္ဇြန္းနဲ႔ (၃) ဇြန္းခန္႔၊ ကိုရီးယားပဲငပိအမဲအႏွစ္ (၁/၄) ခြက္ခန္႔၊ ေျပာင္းဖူးမႈန္႔ /ေကာ္မႈန္႔ (၂) ဇြန္း၊ သၾကား (၁) ဇြန္း၊ ႏွမ္းဆီ (၁) ဇြန္း၊ ဆားအနည္းငယ္၊ သခြားသီး (၁/၂) ခြက္ တို႔ပဲျဖစ္ပါတယ္။

အႏွစ္ျပဳလုပ္နည္း

 

အရင္ဆံုး လက္မဝက္အရြယ္ အတံုးေလးေတြျဖစ္ေအာင္ လွီးထားတဲ႔ ဝက္သား (သို႔) ၾကက္သားကို ဒယ္အိုးျပားတစ္လံုးထဲမွာ ဟင္းသီးဟင္းရြက္ တစ္ဇြန္းထည္႔ၿပီး (၅) မိနစ္ခန္႔လံုးေပးလိုက္ပါ။ ေရႊအိုေရာင္သမ္းလာၿပီဆိုရင္ မီးပိတ္ေပးႏိုင္ပါၿပီ။ ၿပီးရင္ေတာ႔ အဆီေတြကို စစ္ထုတ္ၿပီး အသားတံုးေလးေတြကိုေတာ႔ ဒယ္အိုးျပားထဲ ျပန္ထည္႔ထားလိုက္ပါ။ မုန္လာဥနီကုိ အတံုးေသးေသးေလးေတြျဖစ္ေအာင္ စိတ္ထားတာကိုလည္း အသားနဲ႔ေရာၿပီး တစ္မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။

 

ၿပီးရင္ေတာ႔ လက္မဝက္အရြယ္ အတံုးေသးေသးေလးေတြျဖစ္ေအာင္ စိတ္ထားတဲ႔ အာလူး၊ ၾကက္သြန္နီနဲ႔ သခြားဖရံုသီး (zucchini) တို႔ကိုပါ ေရာထည္႔ေပးၿပီး (၃) မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။ (၃) မိနစ္ျပည္႔ရင္ေတာ႔ ဒယ္အိုးထဲက ပါဝင္ပစၥည္းေတြကုိ ေဘးကပ္လိုက္ၿပီး အလည္ေခါင္မွာ ေနရာေလးလြတ္သြားေအာင္ ဖယ္ေပးလိုက္ပါ။

 

အဲဒီအလည္ေခါင္မွာ ဟင္းသီးဟင္းရြက္ဆီ (၂) ဇြန္းကို အရင္ထည္႔လိုက္ပါ။။ ၿပီးမွ ကိုရီးယားပဲဲငပိအမဲ အႏွစ္ (၁/၄) ခြက္ကိုပါထည္႔ၿပီး သစ္သားေယာက္မေလးနဲ႔ အသာေလးေမႊေပးလိုက္ပါ။ (၁) မိနစ္ေလာက္ရွိၿပီဆိုရင္ေတာ႔ ဒယ္အိုးထဲက ပါဝင္ပစၥည္းအားလံုးကို သမေအာင္ ေမႊေပးႏိုင္္ပါၿပီ။ ဒယ္အိုးထဲကို ေရ (၂) ခြက္ေလာက္ ထပ္ထည္႔ၿပီး အဖံုးပိတ္ၿပီး (၁၀) မိနစ္ေလာက္ ႏွပ္ထားေပးလိုက္ပါ။

ကိုရီးယားပဲေခါက္ဆြဲ

 

အဲဒီလို ႏွပ္ထားခ်ိန္မွာ ကိုရီးယားေခါက္ဆြဲေလးကို ျပဳတ္လိုက္ၾကရေအာင္။ (ဒီေနရာမွာ ကိုရီးယားေခါက္ဆြဲရွာမရရင္ ဂ်ံဳေခါက္ဆြဲကို သံုးႏိုင္ပါတယ္။ အရသာကေတာ႔ နည္းနည္းကြာသြား ပါလိမ္႔မယ္။ ကိုရီးယားေခါက္ဆြဲသားက နည္းနည္းပိုတုတ္ၿပီး စီးကပ္ပါတယ္။) ေခါက္ဆြဲေျခာက္ေတြကို အိုးတစ္လံုးထဲမွာ ေရေႏြးထည္႔ၿပီး ျပဳတ္ေပးလိုက္ရံုပါပဲ။ ၿပီးရင္ေတာ႔ ေခါက္ဆြဲဖတ္ေတြကို ဆယ္ထုတ္လိုက္ၿပီး ေရေအးေလးထဲမွာ ျပန္စိမ္ထားေပးရံုပါပဲ။ ခ်က္ထားတဲ႔ အႏွစ္က်က္ေတာ႔မွ ေခါက္ဆြဲဖတ္ေလးေတြကို ျပန္ဆယ္မယ္ေလ။

See also 

(၁၀) မိနစ္ျပည္႔ရင္ေတာ႔ အဖံုးကိုဖြင္႔ၿပီး နည္းနည္းျမည္းၾကည္႔လိုက္ပါ။ မိမိႏွစ္သက္တဲ႔အရသာရွိၿပီဆိုရင္ေတာ႔ ဒယ္အိုးကို မီးဖိုေပၚက ခ်ေပးႏိုင္ပါၿပီ။ မေက်နပ္ေသးဘူးဆိုရင္ေတာ႔ ဟင္းခတ္မႈန္႔နဲ႔ ဆားနည္းနည္းထပ္ေရာတာတို႔၊ ေရနည္းနည္းထပ္ေရာတာတို႔လုပ္ၿပီး ေနာက္ထပ္ (၂) မိနစ္ေလာက္ ထပ္ႏွပ္ထားလိုက္ပါဦး။ အရသာကုိေက်နပ္မႈရွိၿပီဆိုရင္ေတာ႔ အေပၚကေန ႏွမ္းဆီနည္းနည္း ဆမ္းၿပီး မီးဖိုေပၚကခ်ေပးႏိုင္ပါၿပီ။ ခုနက ျပဳတ္ထားတဲ႔ ေခါက္ဆြဲဖတ္ေတြကို ပန္းကန္လံုးထဲမွာထည္႔ၿပီး တြဲဖက္လိုက္ရင္ေတာ႔ အရသာရွိတဲ႔ ကိုရီးယားပဲေခါက္ဆြဲ (jjajangyeon) ကို ရရွိပါၿပီေနာ္။

ကိုရီးယားပဲထမင္း

 

ပဲေခါက္ဆြဲမစားခ်င္ဘူး။ ထမင္းစားရမွ တင္းတိမ္တယ္ဆိုရင္ေတာ႔ ကိုရီးယားပဲထမင္းလုပ္စားလို႔ရပါေသးတယ္။ လုပ္နည္းကလည္း ခက္ခက္ခဲခဲ မဟုတ္ပါဘူး။ ခုနက လုပ္ထားတဲ႔ ပဲအႏွစ္ရည္ကို ေခါက္ဆြဲဖတ္ေပၚမွာ မဆမ္းဘဲ ထမင္းေပၚမွာ ဆမ္းၿပီး စားေပးလိုက္ရံုပါပဲ။ အေပၚကေန သခြားသီးအေမွ်ာင္းေလးေတြ၊ ပဲငပိအမဲအႏွစ္တို႔အုပ္ၿပီးလည္း တြဲဖက္စားသံုးႏိုင္ပါတယ္။ ကင္ခ်ီနဲ႔ စားရင္ အလိုက္ဖက္ဆံုးဆိုတာကုေတာ႔ ေျပာဖို႔ေတာင္ လိုမွာမဟုတ္ပါဘူးေနာ္။

Source: maangchi

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs