ပင်ပွားစေ့လေးတွေမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်တဲ့ အာဟာရဓာတ်လေးတွေနဲ့ ပြည့်နှက်နေတာပါ။

ပင်ပွားစေ့မဲမဲလေးတွေဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သဘာဝဓာတ်စာတစ်မျိုးဖြစ်ပေမယ့် လူတော်တော်များများက သူ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မသိကြသေးပါဘူး။ တကယ်တမ်းမှာ ပင်ပွားစေ့လေးတွေမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်တဲ့ အာဟာရဓာတ်လေးတွေနဲ့ ပြည့်နှက်နေတာပါ။ ပင်ပွားစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကတော့...



 

၁။ ကယ်လိုရီအလွန်နည်းတယ်

no-sugar-diet-plan.jpg 

ပင်ပွားစေ့လေးတွေဟာ ရှေးဟောင်းမေယန်ဘာသာစကားအရဆိုရင် "ခွန်အား" လို့ အဓိပ္ပာယ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ကယ်လိုရီအလွန်နည်းပါးပေမယ့် အာဟာရဓာတ်ကတော့ အထူးကြွယ်ဝလို့ပါပဲ။

ပင်ပွားစေ့ဖျော်ရည်ကို ပုံမှန် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်စွမ်းပေးနိုင်ရုံသာမက ဝိတ်ချရာမှာလည်း အကူအညီပေးနိုင်မှာပါ။ ပင်ပွားစေ့လေးတွေမှာ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ အဆီဓာတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စ်ဖရက်စ်ဓာတ်တွေ ပါဝင်ပါတယ်။

၂။ Antioxidant ကြွယ်ဝစွာပါဝင်တယ်

Antioxidant တွေဟာ ကင်ဆာဆဲလ်လိုမျိုး  ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဆဲလ်တွေနဲ့ free radical တွေကို တိုက်ဖျက်ပေးနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ ပင်ပွားစေ့တွေမှာ အဲဒီ antioxidant တွေလည်း အထူးကြွယ်ဝပါသတဲ့။ ပင်ပွားစေ့မှာ ပါဝင်တဲ့ antioxidant ပမာဏဟာ ဘလူးဘယ်ရီသီးထက်တောင် ပိုများပါသေးသတဲ့။

See also 

၃။ အမျှင်ဓာတ်လည်း အထူးကြွယ်ဝတယ်

chia-seed-water.jpg 

ပင်ပွားစေ့ တစ်အောင်စမှာ ကာဘိုဟိုက်ဒရိတ် (၁၂) ဂရမ်ပါရှိပြီး အဲဒီ (၁၂) ဂရမ်ထဲက (၁၁) ဂရမ်ဟာ အမျှင်ဓာတ်တွေဖြစ်ပါသတဲ့။ အမျှင်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေခြင်း မရှိလို့ ဆီးချိုရောဂါသည်တွေနဲ့ အထူးသင့်လျော်ပါတယ်။ နောက်ပြီး ဒီအချက်ဟာ ပင်ပွားစေ့ကို ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအစာတစ်မျိုးဖြစ်စေတဲ့အတွက် ဝိတ်လျှော့နေတဲ့သူတွေ အတွက်လည်း အကောင်းဆုံးပါပဲ။

၄။ အရိုးတွေကို သန်မာစေတယ်

ပင်ပွားစေ့မှာ အရိုးကြီးထွားဖွံ့ဖြိုးမှုကို အားပေးတဲ့ အာဟာရဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ အဲဒါတွေကတော့ ကယ်လ်ဆီယမ်၊ ဖော့စ်ဖရတ်စ်နဲ့ ပရိုတိန်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပင်ပွားစေ့ တစ်အောင်စမှာ ကယ်လ်ဆီယမ် (၁၈) ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

၅။ အားဖြည့်အချိုရည်တစ်ခုုလို လုပ်ဆောင်ပေးတယ်

Hot-Yoga-pros-and-cons.jpg 

ပင်ပွားစေ့ဖျော်ရည်ကို ရှေးဟောင်းမေယန်လူမျိုးတွေက အားဖြည့်အချိုရည်တစ်မျိုးအဖြစ် သောက်သုံးခဲ့ကြပါတယ်တဲ့။ ဒါဟာ ဒီနေ့ခေတ်မှာလည်း တူတူပါပဲ။ သကြားတွေ၊ ဆိုးဆေးတွေပါတဲ့ အားဖြည့်အချိုရည်တွေအစား ပင်ပွားစေ့ဖျော်ရည်လေး သောက်တာက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒါကြောင့် gym ဆော့ပြီးချိန်မှာ ရေငတ်နေရင် ပင်ပွားစေ့ဖျော်ရည်လေး တစ်ခွက်ကိုသာ လက်လှမ်းလိုက်ပါ။

Source: Healthline

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က