လူ့ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့မယ်ဆိုရင် အရိုးနဲ့သွားတွေ ကျိုးလွယ်လာမယ်။ အာရုံကြော အားနည်းလာမယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို နေ့စဉ်ပုံမှန် စားသုံးပေးဖို့လိုပါတယ်။ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။



 

လူ့ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့မယ်ဆိုရင် အရိုးနဲ့သွားတွေ ကျိုးလွယ်လာမယ်။ အာရုံကြော အားနည်းလာမယ်။ ကြွက်သားတွေ လျော့ရဲနာကျင်လာမယ်။ ဟော်မုန်းတွေ မူမမှန်ဖြစ်လာမယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝအောင် စားသုံးသင့်ပါတယ်။ အားလုံးသိပြီးသား ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုးကတော့ နွားနို့ဖြစ်ပါတယ်။ ဒါပေမယ့် နွားနို့လိုပဲ ကယ်လ်ဆီယမ်ဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါသေးတယ်။

၁။ ပင်ပွားစေ့

IMG_2322.jpg 

ပင်ပွားစေ့တစ်ခွက်စာ (၁၄၀ မီလီဂရမ်) မှာ ခန္ဓာကိုယ်အတွက် နေ့စဉ် ကယ်လ်ဆီယမ်လိုအပ်မှု (၃၉) ရာခိုင်နှုန်းပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ဓာတ်တင်မကသေးပါဘူး။ ပင်ပွားစေ့ထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ပရိုတိန်းဓာတ်၊ omega 3 ဖက်တီးအက်ဆစ်၊ မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရတ်စ်၊ ဇင့်၊ ဗိုက်တာမင် ဘီသရီး၊ ပိုတက်စီယမ်၊ ဗိုက်တာမင် ဘီဝမ်းနဲ့ ဘီတူး တို့လည်း ပါဝင်နေပါတယ်။

၂။ နှမ်းစေ့

နှမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်ဘူးဆိုတဲ့ စကားပုံရှိပေမယ့် နှမ်းတစ်လုံးတည်းနဲ့ အာဟာရဓာတ်တော့ အများကြီးရစေနိုင်ပါတယ်နော်။ နှမ်းစေ့ကို လက်ဖက်ရည်တစ်ဇွန်းခန့် စားပေးမယ်ဆိုရင် ကယ်လ်ဆီယမ် (၈၈) မီလီဂရမ်ကို စားသုံးတာနဲ့ တူညီပါတယ်။ နှမ်းကို အစားအစာတွေပေါ်မှာ ဖြူးစားလေ့ရှိကြတော့ နှမ်းစေ့ကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းဖို့က သိပ်ခက်ခဲမယ် မထင်ပါဘူးနော်။ ဒါမှမဟုတ် နှမ်းနက်စေ့နဲ့ ပြုလုပ်ထားတဲ့ အနှစ်ကိုလည်း စားသုံးပေးနိုင်ပါတယ်။

၃။ ကိုက်လန်

AN84-Kale-1296x728-Header.jpg 

လတ်လတ်ဆတ်ဆတ်ကြော်ချက်စားရတဲ့ ကိုက်လန်ရွက်လေးတွေဟာလည်း ကယ်လ်ဆီယမ်ဓာတ် အလွန်ကြွယ်ဝတဲ့ ရင်းမြစ်လေးတွေ ဖြစ်နေပါတယ်။ ဥပမာ... ကိုက်လန်ရွက် (၁၀၀) ဂရမ်မှာ ကယ်လ်ဆီယမ် (၂၀၅) မီလီဂရမ် ပါဝင်ပါတယ်တဲ့။ အမျှင်ဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်အေ၊ ဘီ၊ စီ၊ သံဓာတ်၊ ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရတ်စ်၊ ဇင့်နဲ့ အမိုင်နိုအက်ဆစ်လိုမျိုး အာဟာရဓာတ်တွေလည်း စုံလင်စွာပါရှိပါသေးတယ်။

၄။ ဂေါ်ဖီထုပ်

တခြားဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ဂေါ်ဖီထုပ်ကတော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာ အာဟာရဓာတ် အကြွယ်ဝဆုံးထဲမှာ ပါပါတယ်။ အဲဒီထဲမှာ ကယ်လ်ဆီယမ်ဓာတ်ကလည်း တစ်ခုအပါအဝင်ပေါ့။ ကြော်ချက်ပြီးသား ဂေါ်ဖီထုပ်ကြော် တစ်ခွက်ထဲမှာ ကယ်လ်ဆီယမ် (၂၆၈) မီလီဂရမ်ပါဝင်ပါတယ်။

ဂေါ်ဖီထုပ်မှာပါဝင်တဲ့ တခြားအာဟာရဓာတ်တွေကတော့ ပရိုတိန်း၊ ဗိုက်တာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ၊ ပိုတက်စီယမ်၊ ဖော့စ်ဖရတ်စ်၊ မဂ္ဂနီစီယမ်၊ omega-3, omega-6 နဲ့ အမိုင်နိုအက်ဆစ်တို့ပဲ ဖြစ်ပါတယ်။

see also 

၅။ တင်လဲရည်အမဲ

1200px-Blackstrapmolasses.jpg 

တင်လဲရည် (သကာရည်) အမဲ (၃) အောင်စမှာ ကျွန်တော်တို့နေ့စဉ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ (၂၁) ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲလောက် ချိုရဲနေတဲ့ အရာတစ်ခုမှာ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ပါရှိနေလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ။ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ သံဓာတ်တို့လည်း ပါဝင်ပါသေးတယ်။ အစားအစာထဲမှာ တင်လဲရည်လေးနည်းနည်း ဆမ်းစားပေးခြင်းဖြင့် တင်လဲရည်ကရတဲ့ ကယ်လ်ဆီယမ်နဲ့ တခြားအာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။

၆။ တရုပ်မုန်လာစိမ်း

1432167015375.jpg 

တရုပ်မုန်လာစိမ်းစားပြီးဆိုရင် လူတွေဟာ ရိုးတံကိုပဲစားပြီး ထိပ်ကအရွက်တွေကို လွှင့်ပစ်တတ်ကြပါတယ်။ တကယ်လို့ သူတို့သာ တရုပ်မုန်လာရွက်ရဲ့ အာဟာရတန်ဖိုးတွေကိုသိရင် လွှင့်ပစ်ကြမှာ မဟုတ်ပါဘူး။ တရုပ်မုန်လာရွက်ကို မုန့်နှစ်နဲ့ရောပြီး ကြော်စားရင်လည်း ကောင်းပါတယ်။

ချက်ပြုတ်ပြီးသား တရုပ်မုန်လာစိမ်းဟင်းတစ်ခွက်မျာ ကယ်လ်ဆီယမ် (၁၉၇) မီလီဂရမ်ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပရိုတိန်း ဗိုက်တာမင်အေ၊ ဘီ၊ စီ၊ အီးနဲ့ကေ၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်နဲ့ အမိုင်နိုအက်ဆစ်တို့လည်း ပါဝင်ပါသေးတယ်။

၇။ တို့ဟူး

တို့ဟူးကို ပုံစံမျိုးစုံ ပြုလုပ်စားသုံးနိုင်ပါတယ်။ တို့ဟူးသုပ်၊ တို့ဟူးကြော်၊ တို့ဟူးခြောက် အစရှိသဖြင့်ပေါ့။ ဒီလိုအရသာရှိတဲ့ စားသောက်ကုန်လေးဟာ တကယ်တော့ သက်သတ်လွတ် အစားအစာ ချစ်သူတွေအတွက်တော့ အဖော်မွန်အစစ်ပါပဲ။ တို့ဟူးမှာ ပရိုတိန်းဓာတ်ကြွယ်ဝရုံသာမက တို့ဟူးဟင်းတစ်ခွက်မှာ ကယ်လ်ဆီယမ် (၅၁၆) မီလီဂရမ် ပါဝင်ပါတယ်။

၈။ ဟင်းနုနွယ်ရွက်

lemon+spinach+with+pine+nuts+1.jpg

ဟင်းနုနွယ်ရွက်က Popeye ကာတွန်းကားထဲမှာ ပါဝင်တဲ့ လူကြိုက်များတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်ကြော် တစ်ခွက်ထဲမှာဆိုရင် ကယ်လ်ဆီယမ် (၂၈၈) မီလီဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ အမျှင်ဓာတ်၊ ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေ၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ်နဲ့ အမိုင်နိုအက်ဆစ်တို့ ပါဝင်ပါသေးတယ်။

Source: lifehack

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က